အန်ကယ်က ပြောရေးဆိုခွင့်ရှိသူဆိုပြီး ဒါလေးတောင်မပြောနိုင်ဘူးလား ဆိုကာ
ဖုန်းချသွားတဲ့ ညီငယ် စာနယ်ဇင်းသမားတစ်ဦးကြောင့် ဒုဝန်ကြီးက ၄င်း၏ facebookစာမျက်နှာတွင် အောက်ပါအတိုင်း ပြန်လည် ရေးသားဖော်ပြထားသည်။
ကျွန်တော့်ကို သမ္မတကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီးတဲ့နောက
ကျွန်တော့်ကို သမ္မတကြီးက ပေးအပ်တဲ့ တာဝန်က နှစ်ခုရှိတယ်လို့ ရိုးရိုးလေးပဲ နားလည် မိပါတယ်။
ပထမတစ်ခုကတော့ နိုင်ငံတော်အစိုးရရဲ့ မူဝါဒများ၊ လုပ်ငန်းဆောင်ရွက်မှုများနဲ့ပတ်သ
နောက်တစ်ခုကတော့ မီဒီယာအတွက်အလုပ်လုပ်ပေးရတာဖြစ်
ဒီတော့ ကျွန်တော့်အနေနဲ့ အစိုးရဘက်က အမြင်တွေ၊ အယူအဆတွေ၊ ဖြစ်စဉ်တွေကို
ပြောပြ ပေးခြင်းအားဖြင့် မီဒီယာများအနေနဲ့ ဘက်ပေါင်းစုံက အမြင်တွေ၊
သတင်းတွေကို တင်ပြနိုင်အောင် အကူအညီပေးရပါတယ်။
နောက်အခြေအနေကတော့
ကျွန်တော်ဟာ မီဒီယာတွေရဲ့ မေးခွန်းတွေ၊ အခြားရေးသားပြောဆိုချက်တွေကို
လေ့လာပြီး မီဒီယာတွေက ဘာတွေကို သိချင်နေကြတယ်၊ ဘာတွေကို
စိတ်ဝင်စားနေတယ်ဆိုတာကို သက်ဆိုင်ရာဝန်ကြီးဌာနများကို အသိပေးတာကိုလည်း
လုပ်ရမှာဖြစ်ပါတယ်။ ဒါမှလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက သူတို့ကိုယ်တိုင်
မီဒီယာများကို ဖြေကြား ခြင်း၊ ဒါမှမဟုတ် ကျွန်တော့်ထံက
တဆင့်ဖြေကြားခြင်းတို့ကို ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။
ဒါ့ကြောင့် ကျွန်တော့်ကို သမ္မတကြီးက တာဝန်ပေးပေမယ့် ကျွန်တော်ဟာ
သမ္မတကြီးရဲ့ အမှုတော် ကိုသာမက မီဒီယာများရဲ့ အမှုတော်ကိုပါ
ထမ်းဆောင်နေရတယ်လို့ ခံယူပါတယ်။ ဒါ့ကြောင့်လည်း မေးလာသမျှ မေးခွန်းများကို
အတတ်နိုင်ဆုံးကြိုးစားဖြေကြားပေ
ဒါပေမယ့် ကျွန်တော်ဟာ အရာရာကို ချက်ခြင်းဖြေကြားပေးနိုင်မယ်လို
( အန်ကယ်က ပြောရေးဆိုခွင့်ရှိသူဆိုပြီး ဒါလေးတောင်မပြောနိုင်ဘူးလား ဆိုကာ
ဖုန်းချသွားတဲ့ ညီငယ် စာနယ်ဇင်းသမားတစ်ဦးကြောင့် ရေးမိတာပါ။ )
အန်ကယ်က ပြောရေးဆိုခွင့်ရှိသူဆိုပြီး ဒါလေးတောင်မပြောနိုင်ဘူးလား ဆိုကာ ဖုန်းချသွားတဲ့ ညီငယ် စာနယ်ဇင်းသမားတစ်ဦးကြောင့် ဒုဝန်ကြီး ဘာပြန်ပြောလဲ
Subscribe to:
Post Comments (Atom)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်