ဒေးဗစ်ဘက်ခမ်း အနှစ် ၂၀ ကြာ ဘောလုံးသမားဘ၀ကို နှုတ်ဆက်

ဇင်မောင် - DVB - ၁၇ မေလ ၂၀၁၃

ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်း ကွင်းလယ်သမား ဒေးဗစ် ဘက်ခမ်းက ဒီနှစ် ဘောလုံး ရာသီအကုန်မှာ အနားယူမှာ ဖြစ်ကြောင်း မေလ ၁၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ ဘက်ခမ်းရဲ့ ပီအက်စ်ဂျီကလပ်ဟာ မေလ ၂၆ ရက်နေ့မှာ ပြင်သစ်လီဂူး အမှတ်ပေးလိဂ် နောက်ဆုံးပွဲ ကစားရမှာဖြစ်ပြီး အဲဒီပွဲဟာ ဘက်ခမ်းရဲ့ နူတ်ဆက်ပွဲလည်း ဖြစ်ပါတယ်။

ပီအက်စ်ဂျီက ကစားခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ အမြင့်ဆုံး ခြေစွမ်းနဲ့ ဘော လုံးကစားတာကနေ အနားယူဖို့ အချိန်ရောက်ပြီလို့ ခံစားရတယ်လို့ ဒေးဗစ်က ပြောဆို သွားပါတယ်။ ပီအက်စ်ဂျီက ဘက်ဟမ်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီလကမှ ၅ လစာချုပ်နဲ့ ခေါ်ယူ ထားတာပါ။ အသက် ၃၈ နှစ်အရွယ် ဒေးဗစ်ဟာ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံဆု ဖလားကို ပူပူနွေးနွေး ရယူ အပြီးမှာ အနှစ် ၂၀ ကြာ ဘောလုံးသမားဘ၀ကို နှုတ်ဆက် လိုက်တာပါ။ သူဟာ ပီအက်စ် ဂျီနဲ့အတူ ချန်ပီယံဆုဖလား ကိုလည်း ပူပူနွေးနွေး ရယူ ထားပါတယ်။

ကွင်းလယ် ဖန်တီးရှင်ဟာ ထိပ်တန်း ကလပ်တွေဖြစ်တဲ့ မန်ယူ၊ ရီရဲလ် မက်ဒရစ်၊ လော့စ် အိန်ဂျလိ ဂလက်စီ၊ အေစီမီလန်နဲ့ ပီအက်စ်ဂျီတို့ ကျင်လည်ခဲ့ပြီး အမှတ် ပေးလိဂ် ၁၀ ခု အပါအ၀င် ဆုဖ လားပေါင်း ၁၉ ခု ရယူနိုင်ခဲ့ပါတယ်။ သူဟာ ဥရောပရဲ့ နာမည်ကြီး လိဂ်ပြိုင်ပွဲ ၄ ခုမှာ ချန်ပီယုံဆုတွေကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလိဂ် ဘောလုံးသမား လည်း ဖြစ်ပါတယ်။

ဒေးဗစ်ဟာ ဘောလုံးသမားဘ၀ကို မန်ယူနဲ့အတူ ၁၉၉၂ မှာ အစပြု ခဲ့ပြီး ပရီးမီးယားလိဂ် ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ်ဖလား တကြိမ်ရအောင် ကူညီ နိုင်ခဲ့ ပါတယ်။ သူ့အတွက် အကျော်ကြားဆုံးနဲ့ အတောက်ပံဆုံး အချိန်တွေကတော့ အိုးထ ရက်ဖို့ဒ်မှာ ၁၉၉၂ ကနေ ၂၀၀၃ ကာလအထိ ဖြတ်သန်းခဲ့တဲ့အချိန်တွေလည်း ဖြစ်ပါတယ်။ ဖရီးကစ်နဲ့ ဖြတ် တင်ဘောတွေ ကန်ရာမှာ ထူးချွန်တဲ့ အတွက်ကြောင့်လည်း ကမ္ဘာကျော် ဘောလုံးသမား ဘ၀ကို ရောက်ရှိပြီး ပရိတ်သတ်တွေရဲ့ အချစ်တော်တဦး လည်း ဖြစ်ခဲ့ပါတယ်။

ဒေးဗစ်ဟာ သူ့ရဲ့ ပြုမှု နေထိုင်ပုံတွေကြောင့် ဘောလုံးကွင်းထဲမှာရော ကွင်းပြင်ပမှာ ထင်ရှား ကျော်ကြားတဲ့သလည်း ဖြစ်ပါတယ်။ အင်္ဂလန် ဘောလုံးသမား ဘ၀ကို ၁၉၉၆ မှာ စတင်ခဲ့ပြီး အသင်း ခေါင်းဆောင်အဖြစ် ၂၀၀၀ ကနေ ၂၀၀၆ အထိ တာဝန်ယူခဲ့ပါတယ်။ လက်ရွေးစင်အသင်း အတွက် ပွဲပေါင်း ၁၁၅ ပွဲ ကစားပေးပီး ၂၀၀၉ ခုနှစ် ဘယ်လာရုပ်အသင်းနဲ့ပွဲမှာ နောက် ဆုံး ပါဝင်ခဲ့ပါတယ်။ ဘက်ခမ်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၃ ကြိမ် ကစားခွင့်ရပြီး ၃ ကြိမ်စလုံးမှာ ဂိုးသွင်းယူပေးတဲ့ တဦးတည်းသော ပထမဆုံး အင်္ဂလိပ် ကစားသမား လည်း ဖြစ်ပါတယ်။

ဗြိတိသျှ ၀န်ကြီးချုပ် ဒေးဗစ် ကင်းမရွန်းကလည်း ဒေးဗစ်ဟာ ဘောလုံးသမားဝဘတလျှောက်မှာ ထူးချွန် တဲ့ သူဖြစ်ပြီး ၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲကို အောင်မြင်ဖို့ ကူညီတဲ့အတွက်လည်း အမြဲ တမ်း သတိရနေမှာ ဖြစ်ကြောင်း ပြောပါတယ်။ အင်္ဂလိပ်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေကလည်း ဘက်ခမ်းကို ရာထူးတနေရာအတွက် ကမ်းလှမ်းဖို့ ကြိုးစားနေတယ်ဆိုပြီး ဗြိတိသျှ မီဒီယာတွေမှာ ခန့်မှန်းနေကြပါတယ်။ ဒေးဗစ်ဟာလောလောဆယ်မှာ ဇနီးသည် ဗစ်တိုရီးယားနဲ့ သား ၃ ယောက်ရဲ့ သမီးတယောက်အတွက် မိသားစု အရေးကို အချိန်ပေး မှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

0 မှတ်ချက်များ: