အင်ဂျင်နီယာဘွဲ့ရသော်လည်း အင်ဂျင်နီယာကောင်စီကထောက်ခံမှသာ အဆောက်အအုံဆောက်ခွင့်ရှိရန် ဥပဒေကြမ်းတင်

တက္ကသိုလ်/ကောလိပ်များမှ အင်ဂျင်နီ ယာဘွဲ့ရရှိပြီးဖြစ်လျှင်လည်း အင်ဂျင်နီယာ ကောင်စီ၏ ထောက်ခံချက် ရသူမှသာ အ ဆောက်အအုံဆောက်ခွင့်ရမည့် ဥပဒေကြမ်း တစ်ခု လွှတ်တော်သို့တင်ပြထားကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဋ္ဌ ဦးဝင်းခိုင်က ပြောသည်။

ပြည်သူလူထု၏ လုံခြုံမှုနှင့်ဆိုင်သော အဆောက်အအုံများ၊ လမ်းတံတားများကို ဆောက်လုပ်မည့် အင်ဂျင်နီယာများသည် ထိုကဲ့သို့ ကောင်စီ၏ထောက်ခံချက်ရှိမှသာ လုပ်ဆောင်ရမည်ဖြစ်သည်ဟု ဇွန် ၂ဝ ရက် က အင်ဂျင်နီယာကောင်စီ ဥပဒေကြမ်း အကြောင်းရှင်းလင်းပွဲတွင် သူကပြောကြား လိုက်ခြင်းဖြစ်သည်။

ဥပဒေတွင် ယခုကဲ့သို့ထည့်သွင်းပြဋ္ဌာန်း ရခြင်းသည် ''ဆောက်လုပ်ရေးလုပ်ငန်းတွေ မှာ အင်ဂျင်နီယာ မဟုတ်သူတွေ အများကြီး နေရာယူလာကြတယ်။ တကယ့်အင်ဂျင်နီ ယာတွေက အင်ဂျင်နီယာမဟုတ်သူရဲ့ လက် အောက်မှာ အလုပ်လုပ်ရတာတွေ အများ ကြီးရှိတယ်။ နောက်ပြီး အများပြည်သူရဲ့ လုံ ခြုံမှုအတွက် ဒီအချက်ကို ထည့်သွင်းတာပါ'' ဟု အင်ဂျင်နီယာအသင်း တာဝန်ရှိသူတစ်ဦး ကပြောသည်။

ယခုလအတွင်းစတင်ကျင်းပမည့် သတ္တမ ပုံမှန်လွှတ်တော်အစည်းအဝေးသို့ တင်သွင်း မည့် ထိုအင်ဂျင်နီယာေ ကာင်စီဥပဒေကြမ်း ၏ အခန်း ၁၅ အပိုဒ်ရှစ်တွင် ပြည်တွင်း/ ပြည်ပရှိ နည်းပညာနှင့် အင်ဂျင်နီယာ တက္ကသိုလ်၊ ကောလိပ်နှင့် သိပံ္ပတစ်ခုခုက အပ်နှင်းသည့် ဘွဲ့ဒီပလိုမာရရှိထားသူများသည် မှတ်ပုံတင် လက်မှတ်ရရှိရန် သတ်မှတ် ချက်များနှင့်အညီ ကောင်စီသို့လျှောက်ထား နိုင်သည်ဟု ပါဝင်သည်။

ဦးဝင်းခိုင်က ''ဒီထောက်ခံချက်တွေရှိတဲ့ နိုင်ငံခြားသား အင်ဂျင်နီယာတွေဝင်လာရင် လည်း ဒီလက်မှတ်ရှိရင် လစာအတူတူ၊ ရာ ထူးအတူတူရမယ်။ မဟုတ်ရင် သူတို့ရဲ့ လက် အောက်မှာ လုပ်ရမယ်'' ဟု ကောင်းကျိုး များကို ရှင်းပြသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီကျွန ဟုခေါ်တွင်ကြသော တရားဝင်အမည် ပေါက် အင်ဂျင်နီယာ လက်မှတ် ထုတ်ပေး မည်ဖြစ်ပြီး အဆောက်အအုံဆောက်လုပ် မည့်သူတိုင်း ယင်းလက်မှတ်ရယူရမည်ဟု အင်ဂျင်နီယာအသင်းဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် အာဆီယံ ၁ဝ နိုင်ငံ အင်ဂျင် နီယာအဖွဲ့ကထုတ်ပေးသော ဏန ဟုခေါ်တွင် သည့် ပညာရှင်အဆင့် အင်ဂျင်နီယာလက်မှတ်ကိုလည်းထပ်မံရယူနိုင်ပြီး၎င်းးလက်မှတ်သည် အင်ဂျင်နီယာလောကတွင် အမြင့် ဆုံးဖြစ်သည်ဟု သူကဆက်ရှင်းပြသည်။

ယခုဥပဒေကြမ်း အတည်ပြုပြဋ္ဌာန်း ပြီးပါက နည်းပညာတက္ကသိုလ်/ကောလိပ် များမှအပ်နှင်းသော ဘွဲ့ဒီဂရီများ ပိုင်ဆိုင် ထားသူများသည်လည်း အင်ဂျင်နီယာ ကောင်စီ၏ထောက်ခံချက်မရှိပါက တရား စွဲခံရမည်ဟုလည်း ဦးဝင်းခိုင်ကပြောသည်။

လက်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းတွင် အဖွဲ့ဝင် ၃ဝ,ဝဝဝ ကျော်ရှိပြီး အသစ်ဖွဲ့မည့် မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီကို အဖွဲ့ဝင် ၆ဝ ဦးဖြင့် ဖွဲ့စည်း သွားမည်ဖြစ်ကာ မည်သူမဆို အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်လျှောက်ထားနိုင်ကြောင်း နိုင်ငံ ပိုင် သတင်းစာများမှတစ်ဆင့် ကြေညာသွား မည်ဟု ထုတ်ပြန်သည်။

http://www.mizzimaburmese.com/n

0 မှတ်ချက်များ: