သရုပ်ဆောင်ဘုန်းသျှံအား ဗဟန်းမြို့နယ်တွင် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ

၂၈.၆.၂၀၁၃ ရက်နေ့ (၁၉၀၀) အချိန် ရန်ကုန်အရှေ့မူးယစ်(အထူး)အ ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဗဟန်းမြို့နယ်ရှိ ELephant Inn အခန်းအမှတ်(၈)တွင် မူးယစ်ဆေးဝါးသတင်းအရ ၀င်ရောက်ရှာဖွေရာ အခန်းအတွင်း၌ ဟိန်းထူးလင်း(ခ)ဘုန်းလျှံ၊ (ဘ)ဦးလှမောင်သိန်း၊ သာကေတမြို့နယ်နှင့် ဦးမောင်ထွန်းလှ၊ (ဘ)ဦးထွန်းအောင်၊
ကျောက်တံတားမြို့နယ်နေသူတို့နှစ်ဦး အားတွေ့ရပြီး ခုတင်ခေါင်းရင်း ယာဘက်ဘေးကြမ်းပြင်ပေါ်မှ ခရီးဆောင်လက်ဆွဲအိတ်အတွင်း၌ Red Ruby စီးကရက်ဘူးအတွင်း
ပလပ်စတစ်အိတ်ဖြင့်ထုတ်လျက် WY စာတမ်းပါ စိတ်ကြွဆေးပြား (၄၉)ပြား အလေးချိန် ၄.၉ ဂရမ် (၁) ထုပ်နှင့် ခုတင်ခေါင်းရင်းမှ တိပ်အကြည်ဖြင့်ကပ်လျက်တစ်ရှုးဘူးအတွင်း ပလပ်စတစ်အိတ်ဖြင့်ထည့်ထားသော WY စာတမ်းပါစိတ်ကြွဆေးပြား (၉၉) ပြား၊ အလေးချိန် ၉.၉ ဂရမ် (၁) ထုပ်၊ စားပွဲခုံအောက်မှ စိတ်ကြွဆေးသုံးစွဲရာတွင် အသုံးပြုသည့် ရေသန့်ဗူး၌် ပိုက်ကောက်တပ်လျက်ဗူး (၁)ဗူး၊ အရှည် (၆)လက်မခန့်ရှိ ခဲပြား(၂)ပြား၊ ဂက်စ်မီးခြစ် (၁)လုံး၊ စုစုပေါင်း WY စိတ်ကြွဆေးပြား(၁၄၈)ပြား တန်ဘိုး ၇၄၀၀၀၀ိကျပ် အားတွေ့ရှိဖမ်းဆီးရမိသဖြင့်
ဗဟန်းမြို့မရဲစခန်း မယ(ပ)၅/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 မှတ်ချက်များ: