နေပြည်တော်- စင်ကာပူနိုင်ငံသို့ အိမ်အကူ အမျိုးသမီးလုပ်သားစေလွှတ်ရေး စင်ကာပူနိုင်ငံမှ ချိတ်ဆက်ထားသောကုမ္ပဏီနှင့် လာမည့်ဇူလိုင်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း အလုပ်သမားအလုပ် အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
“ကုမ္ပဏီတစ်ခုက လာချိတ်ထားတယ်။ ဇူလိုင်လဆန်းမှာ လာဆွေးနွေးမယ်ပြောပါတယ်” ဟု ဦးမောင်မြင့်က ဇွန် ၁၇ ရက်တွင် ပြုလုပ်သောမလေးရှားရောက်အလုပ်သမားများအရေးနှင့်ပတ်သက်သော ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
လုပ်ငန်းခွင်အဆင်ပြေစေရန်အတွက် ဘာသာစကားနှင့် မီးဖိုချောင်သုံးပစ္စည်းများ ကိုင်တွယ်ထိန်းသိမ်းသည့် နှစ်လသင်တန်းကို အဆိုပါကုမ္ပဏီက သင်တန်းပေးမည်ဖြစ်ပြီး မေလအတွင်းကလည်း လုပ်သား ၅၀ ပို့ပေးပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အကူလုပ်သား ၂၇၀၀၀ ခန့်ရှိသည်ဆိုသော်လည်း တရားမ၀င်များဖြစ်၍ အတိအကျမသိနိုင်ကြောင်း ဦးမောင်မြင့်က ပြောကြားသည်။

စင်ကာပူနိုင်ငံတွင် ရောက်ရှိလုပ်ကိုင်နေသော အဆိုပါအိမ်အကူလုပ်သားများမှာ ဘာသာစကားအခက်အခဲနှင့် ပစ္စည်းများကိုင်တွယ် အသုံးပြုရန်ခက်ခဲခြင်းများကြောင့် အနှိမ်ခံရကြောင်း၊ လစာအနေဖြင့် ဒေါ်လာ ၄၅၀ ရမည့်အစား ၃၀၀ ခန့်သာရရှိကြကြောင်း၊ တရားမ၀င် ရောက်ရှိနေခြင်းဖြစ်သည့်အတွက် ဖြေရှင်းဆောင်ရွက်ပေးရန် ခက်ခဲ နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် ပြီးခဲ့သည့်လပိုင်းကလည်း စင်ကာပူသို့ သင်တန်းပေးထားသော မြန်မာအမျိုးသားအိမ်အ ကူအမျိုးသားတစ်ဦးစတင်ရောက်ရှိလာကြောင်းသည်စထရိတ်တိုမ်းသတင်းစာတွင် ဖော်ပြခဲ့သည်။
7Day News Journal

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်