မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ရတနာ ဘုမ္မိအနောက် ရပ်ကွက် ၃၆လမ်း၊ ၈၄လမ်းနှင့် ၈၅လမ်းကြား ဇူလိုင် ၂၁ရက် ည ၉နာရီ ၁၅မိနစ်ခန့်က ဆရာတော် ဥိးဝီရသူ တရားပွဲ ကျင်းပနေတုန်း တရားပွဲစင် အနောက်ဘက်မှာ (ရားဟောရာ ဓမ္မသနပလ္လင် အနောက်ဖက် ပေ၄၀ ၀န်းကျင်အကွာ လမ်းပေါ်မှာ) ရပ်ထားတဲ့ မတ်တူးအမျိုးအစား ၇က/၃ဝ၂ဝ ယာဉ်ရဲ့ ဘယ်ဘက်အနောက်ဘီးအောက် ပေါက်ကွဲမှုဖြစ်ပွား။
အရှိန်နဲ့ အေးမေတ္တာဆေးခန်းရှေ့၌ ရပ်ထားသော ၅င/ ၈၆၆၅ယာဉ်နောက်ဖုံးနှင့် ယာဘက် တံခါးတို့ကို ထိမှန်ခဲ့။ အမျိုးသမီးနှစ်ဦး အမျိုးသားတစ်ဦး ကိုရင်တပါး အသေးစား ထိခိုက်ဒဏ်ရာရ စိုးရိမ်စရာမရှိ။
သတင်းဓါတ်ပုံ - ချစ်ကို၊ အိမ်ခိုင်မြဲ
DVB News

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်