ဆိုတေးရဲ့ ဇနီးဖြစ်တယ်ဆိုတဲ့ ချိုချိုဟာ သူနဲ့ ဆိုတေးတို့ တရားဝင် ယူထားတာ ဇူလိုင်လ 9 ရက်နေ့ကလို့ သတင်းထောက်တွေကို ဇူလိုင် 20မှာ ရှင်းလင်းပြောကြားပါတယ်။ သူမကို အသိအမှတ်မပြုရင်တော့ တရားဥပဒေအရ ရင်ဆိုင်သွားမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆိုတေးရဲ့ ဖခင်ဖြစ်သူကို မေးမြန်းကြည့်တဲ့အခါ..
ဦးတို့သိတာက ဆိုတေးနဲ့ တရားဝင်လက်မှတ်ထိုးတာက ဆုံးသွားတဲ့ ကောင်မလေး ၀င့်ကုဋေသူပါ။ 2012 ကတည်းက လက်မှတ်ထိုး လက်ထပ်ထားပါတယ်။ အခု မယားလို့ပြောတဲ့ အမျိုးသမီးကိုတော့ ဦးတို့လည်း လုံးဝမသိသလို၊ အသိအမှတ်မပြုဘူး။ သူသာ ဆိုတေးမိန်းမ အစစ်ဆိုရင် အခုအချိန်မှာ ဒီလိုရှင်းနေစရာတောင်မလိုဘဲ ပူဆွေးသောက ရောက်နေရမှာပေါ့။

သူဒီလိုဆက်ပြီးနှောင့်ယှက်မယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာလုပ်ရမယ်။ အဲဒီမိန်းမက ကင်ဆာဖြစ်နေတယ်လို့ပြောတယ်။ သူ့ကို ဆိုတေးအက်စီးဒင့် မဖြစ်ခင် တစ်ပတ်လောက်အလိုမှာမှ ပွဲစားကတဆင့် သီချင်းဆိုဖို့နယ်စပ်ဘက်သွားရင်းသိလာတယ်လို့ ထင်တယ်။
သီချင်းဆိုတာကနေ ပြန်လာတော့ ချောချောမွေးနေ့လုပ်ပေးတယ်။ နောက်နေ့ ဖိုးချစ် ဆီ သွားသီချင်းဆိုမယ်ဆိုပြီးထွက်သွားရင်းကားအက်စီးဒင့်ဖြစ်တာပါပဲ။
ချောချောနဲ့ဆိုတေးက စမ်းချောင်းမှာနေတယ်။ ဒါပေမယ့် ပရိသတ်ကို အသိမပေးသေးဘူးလို့ ချောချောတို့ဘက်က မိဘ၊ ဆိုတေး ယောက္ခတွေနဲ့ နားလည်မှုယူထားတယ်။ စီးရီးတစ်ခွေလောက် ထပ်ထွက်ပြီးတော့မှ သူတို့ ပရိသတ်ကို အသိပေးမယ်လို့ ပြောတယ်။ သထုံမှာ ချောချော မိဘအိမ်မှာ သူတို့လက်ထပ်တုန်းက ဦးတို့လည်း သထုံကို လိုက်သွားပြီး နှစ်ညတောင် အိပ်ခဲ့တယ်။ မိဘတွေ အချင်းချင်းလည်း ခင်မင်ရင်းနှီးပါတယ်။ သားအတွက် ဗျာများနေတဲ့အပြင် အဲဒီလိုကိစ္စတွေကြောင့် ဦးလည်း စိတ်အနှောက်အယှက်ဖြစ်ရပါတယ်လို့ ဆိုတေးရဲ့ ဖခင်ဖြစ်သူ ဦးတင်မြင့် က ဇူလိုင်လ 20ရက် ညနေက ပြောပြခဲ့ပါတယ်။
ဆိုတေးသတိရ၊ နေကောင်းလာတဲ့အချိန်ကျမှ ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာစောင့်ကြည့်ရမှာဖြစ်တယ်လို့ သိရပါတယ်။
Sunday Journal

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်