၁၁ နှစ်ကျော်ကြာ ကျောင်းမလာတဲ့ ရခိုင်က ဆရာမ ရာထူး တိုးခံရ

ရခိုပြည်နယ် တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာ မူလွန်ကျောင်းတွင် တာဝန်ကျနေသော မူလပြ ဆရာမ တစ်ဦးသည် တာဝန်ကျနေသည့် ၁၁ နှစ်ကျော် အချိန်ကာလအတွင်း တစ်ကြိမ် တစ်ခါမျှ ကျောင်းသို့ ရောက်မ လာသော်လည်း ယခုအခါ သူမအား သက်ဆိုင်ရာမှ မူလတန်းဆရာမ အဖြစ်မှ အလယ်တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင့်လိုက်ကြောင်း သတင်း ရရှိသည်။

ဇွန်လ ၂၂ ရက်နေ့က ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ မူလွန်ကျောင်း၊ ဘူးရွှေမော်ကျေးရွာ တောင်ကုတ်မြို့နယ်မှ ပညာရေးမှူးထံသို့ တိုင်ကြားစာ ရေးသားပေးပို့ရာတွင် မူလတန်းပြ ဆရာမ ဒေါ်ကြည်ကြည်ရွှေသည် မူလတန်း ဆရာမအဖြစ်မှ အလယ်တန်းပြ ဆရာမ အဖြစ်သို့ ရာထူး တိုးမြှင်ခံခဲ့ရသည့် (၁၁) နှစ် အချိန် ကာလအတွင်း တစ်ကြိမ် တစ်ခါမျှ ကျောင်းကို မရောက်လာခဲ့ကြောင်း ဖေါ်ပြသည်။

ယခု ကျောင်းမှာလည်း မူလတန်း အဆင့်မှ မူလွန်ကျောင်း အဖြစ်သို့ တိုးမြှင့်ခဲ့ပြီ ဖြစ်သည်ဟု ဆိုသည်။

တိုင်ကြားသည့် စာထဲတွင် တောင်ကုတ် မြို့နယ် ဘူးရွှေမော် ကျေးရွာ မူလွန်ကျောင်းကို ယခုအခါ ဖွင့်လှစ် သင်ကြားနေပါကြောင်း၊ ဆရာကြီိး အဆက်ဆက် ပြောင်းခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုလက်ရှိ ဆရာကြီးမှာ ဦးမြင့်ဆွေ ဖြစ်ပါကြောင်း၊ မူလတန်း ဆရာမများမှာ ဒေါ်အေးအေးနိုင်၊ ဒေါ်ခင်မာလွင်၊ ဒေါ်စန္ဒာစိုး တို့ ဖြစ်ကြပြီး

အ.လ.ပြ ဆရာမများမှာ ဒေါ်ညိုကြည်၊ ဒေါ်သန်းသန်းဆွေ၊ ဒေါ်ကြည်ကြည်ရွှေ တို့ ဖြစ်ပါကြောင်း၊ ယခုအခါ မောင်တောမြို့နယ်မှ အလပြ ဆရာ တစ်ဦးဖြစ်သူ ဦးတင်မြင့်မှာ ဘူးရွှေမော် မူလွန်ကျောင်းတွင် တာဝန်ကျသည်ဟု သိရပါကြောင်း၊

ယင်းသို့ တာဝန်ထမ်းဆောင်ရမည့် ဆရာ/မများအနက် မောင်တောမြို့နယ်မှ ဆရာဦးတင်မြင့်မှာ ယခုတိုင် ရောက်လာခဲ့ခြင်း မရှိသေးပါကြောင်း၊ ထို့အတူ မူလတန်းကျောင်း ဘ၀ကပင် မူလတန်းပြ ဆရာမအဖြစ် တာဝန်ကျနေသူ ဆရာ မဒေါ်ကြည်ကြည်ရွှေမှာလည်း ယခု အလပြ ဆရာမ အဖြစ် ရာထူးတိုးပြီး ယခု ကျောင်းမှာလည်း မူလွန်ကျောင်း ရသည် အထိ တစ်ကြိမ်မှ ကျောင်းသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း၊ ကျောင်းမရောက် သည် မှာ(၁၁)နှစ်ကျော်မျှပင် ရှိနေပြီ ဖြစ်ကြောင်း ဖေါ်ပြသည်။

ဘူးရွှေမော်ကျေးရွာမှ ကိုသန်းဋ္ဌေး (အမျိုးသား မှတ်ပုံတင် အမှတ် ၁၁/တကန(နိုင်)၀၇၂၀၉၄) ကလည်း ဒေါ်ကြည်ကြည်ရွှေ အနေဖြင့် ကျောင်းမတက်ဘဲ လစဉ်လတိုင်း ပြည်သူ့အခွန်ဘဏ္ဍာကို လစာထုတ်စားနေဆဲ ဖြစ်ကြောင်း ပြောဆိုသည်။

“ ဘူးရွှေမော်ရွာ မူလွန်ကျောင်းမှာ ဒေါ်ကြည်ကြည်ရွှေ တာဝန်ကျပါတယ်။ ဒါပေမယ့် ယနေ့ အချိန် ၂၀၁၃ အထိ အဲဒီဆရာမဟာ ဘူးရွှေမော်ရွာကို တစ်ကြိမ် တစ်ခါမှ ခြေတစ်ဖ၀ါး မချဘူး သေးပါဘူး။

အင်မတန့်- အင်မတန် အံ့သြဖွယ်ရာ ဖြစ်ရပ်ကြီး ပါပဲ။ ဆရာမကိစ္စနဲ့ ပတ်သက်ပြီး ကျေးရွာ ကျောင်း ကော်မတီမှ ရပ်မိရပ်ဖများဟာမြို့နယ်ပညာရေးမှုးနဲ့ သွားရောက်ာ တွေ့ဆုံ တိုင်း မေးမြန်းပေမယ့် အော်ဟောက် ကြိမ်းမောင်းခြင်းကို ခံကြရပါတယ်။

ကျေးရွာသူ ကျေးရွာသားတွေ အနေနဲ့ မြို့နယ် ပညာရေးမှုးကို ပြန်မပြောရဲရှာဘဲ ရွာပြန်ခဲ့ကြရတာဟာ လည်း နှစ်စဉ်လိုလိုပါပဲ။ ဆရာမကတော့ လစဉ် လတိုင်း ပြည်သူ့ အခွန်ဘဏ္ဍာကို လစာထုတ်စားနေဆဲပါ။ ယခုလို ပြည်သူ့အခွန်ဘဏ္ဍာကို မတော် မတရား လိမ်လည် စားသောက်နေသူကို အမြန်ဆုံးအရေးယူပေးပါရန် တောင်းဆို လိုက်ပါတယ် ခင်ဗျား” ဟု သူက ပြောသည်။

မြန်မာနိုင်ငံ၏ ပညာရည် မြင့်မားရေး ကြိုးပမ်းနေသည့် ကာလတွင် ကလေးငယ်များ၏ ပညာရေးကို ထိခိုက်မခံနိုင်သဖြင့် အဆိုပါ ဆရာ ဆရာမများနေရာတွင် အခြားဆရာ ဆရာမများနှင့် အစားထိုးခန့်အပ်ရန် ကျေးရွာသားများက တောင်းဆိုထားကြောင်း သတင်း ရရှိသည်။

Posted From narinjara.com

၁၁နှစ်ကြာ ကျောင်းမတက်ဘဲ ရာထူးတိုးခံရသည့် ဆရာမသည် တောင်ကုတ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်း တွင် အလုပ်လုပ်နေပြီး တခြားကျောင်းဆရာ တစ်ဦးအား လစာထက်ဝက်ပေး ဖြင့် အဆိုပါကျေးရွာတွင် အစား ထိုးပြသစေခဲ့သည့် အဖြစ်မှန် ပေါ်ပေါက်

၁၁ နှစ်ကြာကျောင်းမတက်ဘဲ ရာထူးတိုးခံရသည့် ဆရာမ ရာထူးနှင့် လစာရပ်ဆိုင်းခံရ

ရန်ကုန် - ဇွန် - ၃၀ ။ ။ ၁၁ နှစ်ကြာ ကျောင်းမတက်ဘဲ ရာထူးတိုးခံရသည့် ရခိုင်ပြည်နယ် တောင်ကုတ် မြို့မှဆရာမကို လက်ရှိတွင် ယင်း ၏ ရာထူးနှင့်လစာအား ရပ်ဆိုင်း ထားကြောင်း တောင်ကုတ်မြို့ နယ် ပညာရေး မှူး ဦးကျန်သိန်း က အတည်ပြုပြောသည်။

တောင်ကုတ်မြို့ပေါ်တွင် နေထိုင်ပြီး အဆိုပါမြို့နယ် ဘူးရွှေ မော်ကျေးရွာရှိ မူလတန်း (လွန်) ကျောင်းတွင် တာဝန်ကျနေသည့် မူလတန်းပြဆရာမတစ်ဦးသည် တာဝန်ကျနေ သည့် ကျောင်း သို့ ၁၁ နှစ်ကြာအထိ ကျောင်းတက် ရောက်မှုမရှိဘဲ ယင်းအား သက် ဆိုင်ရာမှ မူလတန်းပြမှ အလယ် တန်းပြအဖြစ်သို့ ယခုနှစ်ဇွန်လ အတွင်းက ရာထူးတိုးပေးလိုက် ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက် ၍ တောင်ကုတ်မြို့နယ် ပညာရေး မှူးဦးကျန်သိန်းက ''ခုလောလော ဆယ်တော့ ဒီဆရာမရဲ့ ရာထူးနဲ့လ စာကို ခေတ္တရပ်ဆိုင်းထားပါတယ်။

ဒီကိစ္စကို ကျွန်တော်တို့ပြည်နယ် ပညာရေးမှူးရုံးကိုလဲ တင်ပြထား ပါတယ်။ ပြည်နယ်ကအမိန့်ကိုပဲ နာခံပြီးတော့ ကျွန်တော်တို့ဆက် လက်ဆောင်ရွက်သွားမှာပါ''ဟု ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ပြောသည်။

စစ်ဆေးရေးအဖွဲ့နှင့် ရုံးအ ဖွဲ့တို့မှ ဂရုတစိုက်စစ်ဆေးဆောင် ရွက်ခြင်းမရှိခဲ့ သည့် အတွက် အ ဆိုပါဆရာမအနေဖြင့် ယခုကဲ့သို့ ၁၁ နှစ်ကြာကျောင်းမတက်ဘဲ လစာပုံမှန်ထုတ်၍ရနေခဲ့ခြင်းဖြစ် ကြောင်း ဦးကျန်သိန်းက ဆက် လက်ပြောသည်။

အဆိုပါ ဆရာမအား ၁၁ နှစ်ကျော်ကြာ ကျောင်းမတက် ဘဲ ရာထူးတိုးပေးလိုက်ခြင်းမှာ မဖြစ်သင့်ဟု ယူဆသည့်အတွက် ယင်းဆရာမ တာဝန်ကျရာ ဘူး ရွှေမော် မူလတန်း(လွန်)ကျောင်း မှ ကျောင်းအကျိုးတော်ဆောင် အဖွဲ့သည် ဇွန် ၂၂ရက်က တောင် ကုတ်မြို့နယ် ပညာရေးမှူးရုံးသို့ တိုင်ကြားခဲ့သော်လည်း သက်ဆိုင် ရာမှ မည်သည့်တုံ့ပြန်ဖြေကြားမှု ကိုမျှ မရရှိသေးကြောင်း ကျောင်း အကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးမိုးနိုင်၏ ပြောပြချက်အရ သိ ရသည်။

အဆိုပါ ဆရာမမှာ ၂၀၀၄ ခုနှစ်ခန့်က မူလတန်းပြဆရာမ အဖြစ် ဘူးရွှေမော်ကျေးရွာသို့ တာဝန်ကျခဲ့သော်လည်း မိဘနှစ် ပါး၏ ကျန်းမာရေးအခြေအနေ ကြောင့် တာဝန်ကျရာဒေသသို့ သွားရောက် စာသင်ကြားမပေး နိုင်ဘဲ ဒေသခံများ နှင့် ညှိနှိုင်း ကာ နားလည်မှုဖြင့် တောင်ကုတ် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးအသင်းတွင် အလုပ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ယင်းဆရာမ အနေဖြင့် သူ့ ကိုယ်စား တခြားကျောင်းဆရာ တစ်ဦးအား လစာထက်ဝက်ပေး ဖြင့် အဆိုပါကျေးရွာတွင် အစား ထိုးပြသစေခဲ့ပြီး ဆရာမအနေ ဖြင့် ယခုနှစ် ဇွန်လမှ စတင်ကာ တာဝန်ကျသည့် ဘူးရွှေမော်ကျေး ရွာသို့ သွားရောက်တာဝန်ထမ်း ဆောင်မည်ဖြစ်ကြောင်း ရာထူး တိုးခြင်းခံရသည့် ဆရာမဒေါ် ------ က ပြောသည်။

ဆရာမဒေါ်--------က ''အဲဒီရွာကို ဒီနှစ်ထဲမှာ ကျွန်မတစ် ခေါက်သွားခဲ့ပြီးပါပြီ။ ကျွန်မသွား တုန်းက ကလေးတွေမှာ စာအုပ် စာတမ်း တွေမစုံသေးဘူး။ ဒါကြောင့် ကျွန်မ မြို့တစ်ခေါက်ပြန်မယ်။

မကြာမီတော့ ကျွန်မအဲဒီရွာကို သွားရောက်မှာပါ''ဟု ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြော သည်။ ကျောင်းမတက်ဘဲ ရာထူး တိုးပေးလိုက်သည့် အတွက် ယင်း အား သက်ဆိုင်ရာမှ ရာထူးနှင့် လစာကို ရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ ယင်းအနေဖြင့် မသိ ရှိရသေးကြောင်းလည်း ဆရာမ ဒေါ်-----က ဆိုသည်။

မာန်ယုကျော် (ရွှေဝမြေ)
Yangon Media

0 မှတ်ချက်များ: