ဗိုလ်ချုပ်၏လက်ရေးမူစာအုပ် နိုင်ငံပိုင်ဖြစ်သင့်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အမျိုးသားလွှတ်တော်ဥက္ကဌ ဦး ခင်အောင်မြင့်ထံရှိနေသော ဗိုလ်ချုပ် အောင်ဆန်းကျောင်းသားဘဝလက်ရေးမူ စာအုပ်ကို နိုင်ငံတော် ပိုင်ဖြစ် သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

”နိုင်ငံတော်ပိုင် ဖြစ်သင့်တယ် ဆိုတဲ့နေရာမှာ ဘယ်လိုပုံစံနဲ့ ဘယ်မှာ ထားရင်အကောင်းဆုံးဖြစ်မလဲဆိုတာ ဆုံးဖြတ်ရမှာပေါ့”ဟု၎င်း က ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက် ရောက်လာစဉ် မီဒီယာများ ၏ မေး မြန်းမှု ကိုအထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

ထိုလက်ရေးမူ စာအုပ်ကို အထက (၁) တွင် ပြသထားသည် မှာ နှစ်ပေါင်းမြောက်မြားစွာ ကြာမြင့်ပြီ ဖြစ်သည်။ ရေနံချောင်းသို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် လာစဉ်တွင် နိုင်ငံတော်အဆင့်ထိန်းသိမ်း ရန်ဟူသော အကြောင်းပြချက်ဖြင့် ယူဆောင်သွားခဲ့ခြင်းကို မြို့သူ/မြို့သား များက ပြန်လည်ရယူလိုခြင်းဖြစ်သည်။

”ဟိုဘက်ဒီဘက်နားလည်မှုလွဲ တယ်ထင်တယ်၊ ဒီအတိုင်းထားရင် ပျက်စီးသွားမှာတော့ စိုးရိမ်တယ်။ မှန် ပုံးလေးနဲ့ထားတယ်။ နည်းနည်းတောင် ပဲ့နေပြီ။ စပြီးတော့ ပဲ့နေပြီ။ အန်တီ အနေနဲ့တော့ စပြီးမေးတာ ဘယ်လို ယူလာတာလဲ ဘယ်လိုပေးတာလဲပေါ့။ ဦးဘဖေက ပေးတယ်လို့ အန်တီနား လည်တယ်။ ဦးဘဖေ လက်ထဲကို ဘယ်လို ရောက်လာတာလဲပေါ့။ အထောက်အထားတွေ မေးတဲ့အခါ ကျတော့ တောင်းတဲ့အခါကျတော့ ဘယ်သူမှ သိပုံမရဘူး။ ဒါကို ဦးခင် အောင်မြင့်ကလည်း တန်ဖိုးထား ပါတယ်။ ရေနံချောင်းက အားလုံး တန်ဖိုးထားတာလည်း အန်တီလက်ခံ တယ်။ ဟိုဘက် ဒီဘက် နားလည်မှု မလွဲဖို့ဘဲ။ နှစ်ဖက်စလုံးက ဒါကို တန်ဖိုးထားပြီးတော့ အကောင်း ဆုံး ဖြစ်အောင်လုပ်ချင်တာကို ဒီဟာက တော့ နည်းနည်းပြန်စိ စစ်ရမယ်”ဟု ၄င်းက ပြောသည်။

စာအုပ် ယူဆောင်လာသည့် အ ပေါ်သဘောထားမှတ်ချက်ပြု ပြောကြား ခဲ့သည်။ ရေနံချောင်းမြို့သူမြို့သားများ အ ကြားလှုပ် ခတ်သွားခဲ့သည့် အတွက် အ ဆိုပါ စာအုပ်ကို ပြန်ရရှိရန် ကြိုးပမ်းခဲ့ သည့် လူငယ်အချို့ အပေါ် အာဏာပိုင် များ၏ လုပ်ဆောင်ချက်များ နှင့်ပတ် သက်ပြီး ဒေါ်အောင် ဆန်းစုကြည်က ”နောက်ပြီးတော့ ဘာပဲပြောပြော က လေးတွေကို စာရွက်ဝေလို့ ကျောင်း တက်ခွင့် ပိတ်ထားတယ်။ ရပ်ထားတယ် ဆိုတာတော့၊ ဒါတော့ မလုပ်သင့်ပါဘူး။စာရွက်ဝေတာ ဘာများ ဒီလောက် တောင် ပြဿနာ ဖြစ်မှာ မို့လို့လည်း”ဟု မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ၏ ရာသီဥတု အခြေ အနေသည် ပစ္စည်းသိမ်းဆည်း ထားမှု တွင် ပျက်စီးလွယ်သောကြောင့် ရေရှည် ခံနိုင်ရန် နားလည် ကျွမ်းကျင်ေ သာ သူများနှင့် ပူးပေါင်း လုပ်ဆောင်ရန်လို အပ်ကြောင်း၊ ထို့ကြောင့် လက်ရှိအခြေ အနေတွင် သိမ်းဆည်းသူနှင့် ပြည်သူ ကြားတွင် နားလည်မှု မလွဲကြရန်လို ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောသည်။

”ရေရှည်ခံဖို့ ဆိုရင်ကျွမ်း ကျင်တဲ့ သူတွေနဲ့ လုပ်ရမှာပေါ့။အမေက ပြော ချင်တာကလေ ရေနံချောင်းက မြို့သူမြို့ သားတွေက တန်ဖိုးထား ကို ကျေးဇူးတင် ပါတယ်။ ဒါပေမယ့် ဦးခင်အောင်မြင့် ကလည်း တန်ဖိုးထားမြတ်နိုးပါတယ်။နားလည်မှု မလွဲကြပါနဲ့လို့အားလုံး ပူး ပေါင်းပြီးတော့ အကောင်းဆုံးဖြစ် အောင် လုပ်ကြပေါ့”ဟု ၄င်းက ပြော သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတစ် ယောက် အနေဖြင့် စာအုပ်၏ လက်ရေး မူကို မှန်မမှန် စိစစ်ရန် ၄င်းထံတွင် ရှိေ သာ လက်ရေးမူများဖြင့် တိုက်ဆိုင်စစ် ဆေး သွားရမည် ဖြစ်ကြောင်း သတင်း ထောက်များကို ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယ က ဦးခင်အောင်မြင့် ယူဆောင်သွား သည်နှင့် ပတ်သက်၍ ဇူလိုင်လ ၂၆ ရက်က ရေနံချောင်းမြို့မှ ဖွဲ့စည်းလိုက် သည့် လက်ရေးမူစာအုပ် ပြန်လည် ရရှိ ရေးကော်မတီက ငြိမ်းချမ်းစွာ ဆန္ဒပြ မည်ဟုယနေ့ တွင် ကြေညာလိုက်သည်။

ထို့ပြင် ဗိုလ်ချုပ်၏လက်ရေးမူ စာ အုပ်နှင့်ပတ်သက်၍ ပြည်သူများ ၏သ ဘောဆန္ဒကို သြဂုတ်လ ၁ဝ ရက်နေ့ တွင် ရရှိသလောက်ကောက်ယူ ၍ နိုင်ငံ တော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစု ကြည်ထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းနောင်၊ ဦးမင်း
Popular Myanmar News Journal

0 မှတ်ချက်များ: