၈၈၈၈ အရေးတော်ပုံကြီးအား အောက်မေ့သတိရခြင်းအခမ်းအနားတစ်ခုကို သြဂုတ် ၈ ရက်နေံ နံနက် ၈ နာရီက မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)မှ မဟာဗန္ဓုလပန်းခြံတွင်းသို့ဝင်ရသည့် ၀င်ပေါက်ရှေ့ဝယ်ကျင်းပပြုလုပ်ခဲ့ကြသည်။
ယင်းအခမ်းအနားကို မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလပန်းခြံမျက်နှာစာဖက်မှ အလံများနှင့် လွမ်းသူ့ပန်းခွေများကိုင်ဆောင်၍ "ကမ္ဘာမကြေဘူး" သီဆိုလျှက် မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)မှ မဟာဗန္ဓုလပန်းခြံတွင်းသို့ဝင်ရသည့် ၀င်ပေါက်ရှေ့သို့လမ်းလျှောက်ချီတက်ခဲ့ကြပြီးနောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင်ကျဆုံးသွားခဲ့ကြသော သူရဲကောင်းအာဇာနည်တို့အတွက် ဂုဏ်ပြုသ၀ဏ်လွှာကိုဖတ်ကြားကာ၊ လွမ်းသူ့ပန်းခွေချဂုဏ်ပြုခဲ့ကြပြီးနောက်၊ ကိုးကွယ်ယုံကြည်ရာ ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များက မေတ္တာပို့အမျှပေးဝေခဲ့ကြသည်။

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်