သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနလက်အောက်ရှိ သန်လျင် GTC ကျောင်း၌ ကျောင်းသားနှင့် ကျောင်းသူနှစ်ဦးစာသင်ခန်းအတွင်း ချစ်ရည်လူးနေကြသော ဗီဒီယိုဖိုင်ကို မသမာသူများကအင်တာနက်မှ လွှင့်တင်လိုက်ရာ ဂျာနယ်စာမျက်နှာထက် ရောက်ရှိလာပြီး နောက် ယခုအခါ Vedio အခွေ များအဖြစ်ရောင်းချလာသည်ကို တွေ့ရသည်။
ယခုကဲ့သို့ အခွေရောင်းချ လာမှုအပေါ် ခရီးသွားပြည်သူတစ်ဦးက ပြောကြားရာတွင် ““အင်းယားလမ်းမီးပွိုင့်နဲ့ ဦးဝိစာရ မီးပွိုင့်ကြားမှာ GTC အခွေတွေ
ပြပြီး လူငယ်တွေလိုက်ရောင်းနေတယ်။ ဒါဟာမလုပ်သင့်တဲ့ကိစ္စပါ။လုပ်စားတဲ့အနေနဲ့ရိုက်ထားတဲ့ နိုင်ငံခြားအပြာခွေတွေလိုက်ရောင်း တာ ဘာမှမပြောလိုပေမဲ့ အခုလို လုပ်တာတော့ နှမချင်း
စာနာသင့်ပါတယ်။ မီးပွိုင့်မှာလည်း ယာဉ်ထိန်းရဲတွေရှိတာပဲ။ မဖမ်းချင်ရင်တောင်တားမြစ်သင့်သလို၊ရဲစခန်းကိုအကြောင်းကြားသင့်ပါတယ်။
ဒီကိစ္စမှာ လူငယ်နှစ်ဦးမှားယွင်းတာဖြစ်ပေမဲ့ မသမာသူတွေရဲ့ လုပ်ရပ်ကြောင့် လူအများကြီးမှာ ထိခိုက်ခဲ့ရပါတယ်။ ထဘီနက်ပြာဝတ်တဲ့ကျောင်းသူတွေကို တချို့က ပြုံးစိစိနဲ့ကြည့်တာမြင်ရတော့ သူတို့လည်း ဂုဏ်သိက္ခာ ကျရပါတယ်။
အဲဒါကြောင့်အခွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေကို ဖမ်းဆီးအရေးယူသင့်ပါတယ်”” ဟု ပြောကြားသွားခဲ့သည်။
အဆိုပါ GTC ကျောင်းသား ကျောင်းသူကိစ္စနှင့် ပတ်သက်ပြီး သတင်းဂျာနယ်တစ်စောင်၌ ဖော်ပြခဲ့ရာ GTC ကျောင်းသားများ နှင့် ကျောင်းသူများက ရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါဂျာနယ်အနေဖြင့် တောင်းပန်ခြင်း ပြန် လည်ထည့်သွင်းပေးရန်တောင်းဆိုထားကြောင်းလည်း သိရသည်။
Hot News Journal

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်