မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး အထူးကြပ်မတ် ဆောင်တွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက် ရှိသော အဆိုတော် ဆိုတေး ကို စက်တင်ဘာ ၂ ရက်နေ့တွင် ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် ကုသဆောင်သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း မန္တလေး အထွေထွေရောဂါကုဆေးရုကြီးမှ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် အထူးကု ပါမောက္ခ ဒေါက်တာ ဦးခင်မောင်လွင်က Venus News သို့ ပြောသည်။
" အခု ဆိုတေးကို ဒီနေ့ပဲ အထူးကြပ်မတ်ဆောင် IC ကနေ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် ကုသဆောင်ကို ပြောင်းလိုက်ပြီ၊ အသက် အန္တရာယ်လည်း မစိုးရိမ်ရ တော့ပါဘူး၊ နောက်တစ်လ လောက်ဆိုရင်တော့ နေပြန်ကောင်းနိုင် တယ်လို့ ခန့်မှန်း ရပါတယ်"ဟု ၎င်းက ပြောသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၉၁/၃ တွင်တေးသံရှင်ဆိုတေးအပါအဝင် လူ (၄) ဦး စီးနင်းလာသော မော်တော် ယာဉ်သည် ဇူလိုင်လ ၁၄ ရက်နေ့တွင် တိမ်းမှောက်ခဲ့ရာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး အဆိုတော် ဆိုတေးသည် ယာဉ်တိမ်းမှောက် သည့် ဇူလိုင်လ ၁၄ ရက်နေ့မှ စတင်၍ မန္တလေးဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် ဆေးကုသမှုခံယူနေရာမှ ယခုအခါ အသက်အန္တရာယ် မစိုးရိမ်ရတော့ဘဲ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဆောင်သို့ပြောင်းရွှေ့ရပြီ ဖြစ်သည်။
Venus News Journal

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်