ဧပြီလ ၁၉ရက်နေ့ ထုတ်ပြန်သော အောင်စာရင်းများတွင် အ.ထ.က (၁) ကော့ကရိတ်မှ
အောင်စာရင်း မှားယွင်းထုတ်ပြန်ခဲ့ပြီး ယင်းအပေါ် သက်ဆိုင်ရာများ တာဝန်သိမှု
တာဝန်ယူမှုအား ပြည်သူအများမှ စောင့်ကြည့်နေကြသည်။
| Dawna Aungtoe (facebook) |
ဧပြီ၉ရက်နေ့က ထုတ်ပြန်သော အောင်စာရင်းများတွင် အစိုးရစစ် ၈တန်းအောင်စာရင်း၌ အ.ထ.က(၁) ကော့ကရိတ်မှ ထူးချွန် လူရည်ချွန် ကျောင်းသား မောင်ထက်အောင်ပိုင်သည် မှားယွင်းစွာ ကျရှုံးခဲ့ခြင်းဖြစ်သည်။
မောင်ထက်အောင်ပိုင်မှ သူဖြေလို့ရကြောင်း၊ ဂုဏ်ထူးများပင်ထွက်နိုင်ကြောင်း၊ ခုလိုကျရှုံးသဖြင့် စိတ်ထိခိုက်ရကြောင်း၊ သူ၏အဖြေလွှာကို ပြန်လည်စီစစ်ပေးစေလိုကြောင်း၊ ၀မ်းနည်းစွာပြောပြခဲ့သည်။
၎င်း၏ ၈တန်းဆရာမများမှ ကျောင်းသား၏ အရည်ချင်းအရ မည်သို့မျှကျရှုံး မဖြစ်နိုင်ကြောင်း အောင်စာရင်းထုတ်ပြန်ရာ ကရင်ပြည်နယ် ပညာရေးမှူးရုံးသို့ အဆင့်ဆင့် အကြောင်းကြားခဲ့ကြရာ နံနက် ၉း၃၀နာရီတွင် ပြည်နယ်ပညာရေးမှူးရုံး(ဘားအံ)မှ Faxဖြင့် အောင်စာရင်း အသစ်တစ်စုံ ပြန်ပို့လာပြီး မောင်ထက်အောင်ပိုင် Aအဆင့်(၈၀နှင့်၁၀၀မှတ်)နှင့်အောင်မြင်ကြောင်း ပါဝင်လာကြောင်းသိရသည်။
အောင်စာရင်းဆိုတာက ကျောင်းသူ ကျောင်းသားတွေရဲ့ မှတ်ကျောက်ပဲလေ၊ ဒါကိုပေါ့ပေါ့ဆဆ လုပ်တာကတော့ ကလေးတွေရဲ့ တလူလူတက်နေတဲ့ အညွန့်ကို ချိုးလိုက်သလိုပါဘဲ၊ အနည်းဆုံးတော့ ကလေးမှာ စိတ်ဒါဏ်ရာတော့ ရသွားတာပေါ့၊ ဒီလိုပေါ့ဆမှုအတွက် တာဝန်ရှိတဲ့သူတွေကို ပြင်းထန်စွာအရေးယူသင့်တာပေါ့ဟု ကျောင်းသား၏ အဖိုးဖြစ်သူမှ ပြောဆိုခဲ့သည်။
ယခုကဲ့သို့အောင်စာရင်းမှာယွင်းမှုအတွက် ကျောင်းသားမိဘများမှ ပြည်နယ်ပညာရေးအပေါ် ဝေဖန်မှုများ အသီးသီး ထွက်ပေါ်လာခဲ့ပြီး ကျရှုံးကျောင်းသား မိဘများကလည်း ၄င်းတို့၏ သားသမီးများ အမှန်တကယ် ကျရှုံးပါရဲ့လား ခုကဲ့သို့အာင်စာရင်းမှားယွင်းမှု ဖြစ်နေပြီလားဟုစသည်ဖြင့် သံသယပွားပြီး အမျိုးမျိုးပြောဆိုနေကြသည်။
လူငယ်တစ်ဦးကလည်း "ရန်ကုန်မှာလည်း န၀မတန်း ကျောင်းသူလေးဟာ ၉ တန်းကျလို.ဆိုပြီး အရှက် ကို အသက်နဲ.ပေးဆပ်သွားတယ် စောတုန်းက ပြောသလို ကလေးဟာ ထူးချွန်ရက်သားနဲ. ဆရာမ က သူ.ရှိလာမတက်လို. ညိုးတာမျိုးတို. ဘာတို. ပညာရေးလောကမှာ မကြာခဏ ကြားနေရတယ် ဒါဟာ ဆရာ လို. မခေါ်ထိုက်တော.ပါဘူး ဆရာဆိုတာ ပါဋိ ဘာသာစကား ဆင်းသက်လာပြီး ဆာယာ လို. ခေါ်ပါတယ် အဓိပယ်က အရိပ်အာဝါသ ပေးခြင်းလို. အဓိပယ်ရတယ် ကျတော် ကိုယ်တိုင်ကလည်း ၇ တန်းနုစ်မှာ ဆရာမ နုစ်ယောက် မတည်.ထဲ.ကြားမှာ ပဲခူးဆားဖြစ်ခဲ.ဘူးတယ် ဒါတွေဟာ parrot learning နဲ. authority ကို သူတို.လက်ထဲ ထည်.ပေးထားတော. ငါ.တို.ကို မေးခွန်းမထုတ်နဲ. ငါတို.လုပ်တာ အမှန်လို. egocentric ဖြစ်နေသမျတော. မြန်မာပြည် ပညာရေးဟာ နိုမ်.ကျနေပါလိမ်.အုံးမယ် ဆိုတာ......" ဟူ၍ သတင်းစာမျက်နှာတစ်ခုတွင် Comments ရေးထားသည်။
ယင်းကိစ္စကြောင်း နိုင်ငံတစ်ဝန်းရှိ ကျောင်းသားမိဘများက အောင်စာရင်းများကို ပြန်လည် စိစစ်စေလိုကြပြီး ပညာရေးဝန်ကြီးဌာနအပေါ် အယုံအကြည်ကင်းမဲ့နေကြပြီး သက်ဆိုင်ရာများအား ၀န်ကြီးမှအစ အဆင့်ဆင့်တာဝန်ယူစေချင်ကြကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။
နိုင်ငံတော်စစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတစ်ခုတွင်လည်း မြန်မာနိုင်ငံစာစစ်အဖွဲ့နှင့် မြန်မာနိုင်ငံစစ်အဖွဲ့ဟု မှားယွင်းမှုဖြစ်ခဲ့ဖူးပြီး ယင်းမှားယွင်းမှုအတွက် ပြင်းထန်စွာ အရေးယူခဲ့ဖူးကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရလက်ထက်သစ်တွင် မှားယွင်းမှုကြောင့် တာဝန်သိစိတ်ဖြင့် တာဝန်ယူပြီး မိမိဆန္ဒအလျောက် နှုတ်ထွက်သော အစိုးရအကြီးအကဲ ယနေ့တိုင်မရှိသေးပေ။
သတင်းထောက်ကေ
(ကမ္ဘာ့ရွာကလေးသတင်းမီဒီယာ)
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်