သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက စိတ်ဆန္ဒစောစွာဖြင့် အမရဘဏ်ကို ဥပမာပေးခဲ့ခြင်းဖြစ်၍ ဘဏ်တာဝန်ရှိသူများကို တောင်းပန်ခဲ့ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာနက မေလ ၂၅ ရက်တွင် ကြေညာချက်ထုတ် ပြန်သည်။
နေပြည်တော်တွင် မေလ ၂၀ ရက်က သာသနာရေးဝန်ကြီး ကို ဆန္ဒပြပွဲဖြစ်မြောက်အောင် စီ စဉ်သူများထံ ငွေကြေးထောက် ပံ့မှုအကြောင်းအရာကို သတင်း ထောက်များက ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးဖွင့်ပွဲနေ့ တွင် မေးမြန်းရာ သာသနာရေး ဝန်ကြီးက အမရဘဏ်ကို ဥပမာ ပေးခဲ့ခြင်းဖြစ်သည်ဟု ကြေညာ ချက်တွင် ဖော်ပြထားသည်။
‘‘သောကြာ၊ စနေ၊ တနင်္ဂ နွေသုံးရက်လုံး အရပ်သတင်းတွေ ထွက်လာပါတယ်။ အမရဘဏ် မှာ အပ်ထားတဲ့ ငွေတွေကို နေ့ ရော၊ ညရော၊ စနေရော၊ တနင်္ဂ နွေရောထုတ်ပြီး ဖြန့်ခွဲလိုက်ကြ တယ်တဲ့။ အမရဘဏ်မှာ အပ် ထားတဲ့ငွေတွေကို ပြောပါတယ်။ အမရဘဏ်ကို ဘယ်သူတည် ထောင်လဲဆိုတာ အားလုံးသိပြီး သားဖြစ်မှာပါ။ ကျွန်တော်အထူး မပြောလိုပါဘူး။ အဲဒီလိုသတင်း တွေ ထွက်ခဲ့ပါတယ်’’ဟု ဝန်ကြီး က ထည့်သွင်းပြောကြားခြင်းဖြစ် သည်။အမရဘဏ်နှင့် ပတ်သက်၍ ပြောကြားမှုလုံးဝမဟုတ်မှန် ကြောင်း ဝန်ကြီးပြောကြားသည့် မေလ ၂၄ ရက်တွင်ပင် ဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။
7 Day Daily
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်