ရန်ကုန်မြို့တွင်း ပြေး ဆွဲသည့် (၅၆) ယာဉ်လိုင်းနှင့် လှိုင် သာယာမြို့နယ်မှ သိမ်ဖြူအထိ ပြေးဆွဲသည့် (၂၀) ယာဉ်လိုင်းတို့ တွင် မကြာမီက တင်သွင်းထား သည့် Foton အမျိုးအစား စီးတီး ဘတ်စ်ယာဉ်များဖြင့် မေလ ၂၅ ရက်ကစ၍ အစားထိုး ပြေးဆွဲနေ သည်။
![]() |
| တရုတ်နိုင်ငံမှ ဘတ်စ်ကားအသစ်များဖြင့် စတင်ပြေးဆွဲနေစဉ် (ဓာတ်ပုံ − နစ်ကီ) |
Omni Focus ကုမ္ပဏီသည် တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်း ထားသည့် ဘတ်စ်ကားစီးရေ ၁၀၀ အနက် အမှတ် (၅၆) ယာဉ် လိုင်းအတွက် အစီး ၃၀၊ အမှတ် (၂၀) ယာဉ်လိုင်းအတွက် အစီး၇၀ ပြေးဆွဲနေခြင်းဖြစ်သည်။
‘‘နှစ်လိုင်းစလုံးမှာ နောက် ထပ်အစီးရေ ထပ်တိုးပြေးဆွဲဖို့ လည်း ကျွန်တော်တို့ လုပ်နေပါ တယ်’’ဟု Omni Focus ကုမ္ပဏီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါဘတ်စ်ကားများ တွင် ယာဉ်နောက်လိုက်မထားရှိ ဘဲ ယာဉ်စီးခကို ခရီးသည်က ယာဉ်အရှေ့ပေါက်ရှိ ပိုက်ဆံ ထည့်ရန်ထားရှိသည့် ပုံးအတွင်း သို့ ကိုယ်တိုင်ထည့်၍ စီးနင်းရ သည့်စနစ်ကို ကျင့်သုံးထားသည်။
ယာဉ်စီးခသည် မြို့တွင်းပတ်ကားခနှုန်း ၁၀၀ ကျပ်ဖြစ်၍(၂၀)ယာဉ်လိုင်းကို မြို့တွင်းအထိ ခရီးစဉ် အစ၊အဆုံး စီးမည်ဆိုပါက ကျပ်၃၀၀ သတ်မှတ်ထားသည်။
(၂၀) ယာဉ်လိုင်းတွင် ယခင် က တစ်ဦးချင်းပိုင် ယာဉ်ပိုင်ရှင် များ၏ ကားများဖြင့် ခရီးစဉ်ပြေး ဆွဲခဲ့သော်လည်း ယခုအခါ Omni Focus ကုမ္ပဏီတစ်ခုတည်း ကသာ တာဝန်ယူပြေးဆွဲနေသည် ဟု ယင်းကုမ္ပဏီ တာဝန်ရှိသူက ဆိုသည်။
အဆိုပါယာဉ်လိုင်း၌ ပြေးဆွဲ သည့် ယာဉ်ပိုင်ရှင်များသည် လိုင် စင်သက်တမ်း ကုန်ဆုံးသော မော် တော်ယာဉ်များ၊ စီအင်န်ဂျီအိုး သက်တမ်းကုန်သောယာဉ်များ၊ လုပ်ငန်းသက်တမ်း ကုန်ဆုံးသော မော်တော်ယာဉ်များ၊ ကုမ္ပဏီက ပြေးဆွဲသည့် ဝန်ဆောင်မှုမျိုး မလုပ်နိုင်သော ယာဉ်များကို အခြားယာဉ်လိုင်းများသို့ ယာဉ်လိုင်းပြောင်းရွှေ့ လျှောက်ထားရန် မေလ ၂၃ ရက် က Omni Focus ကုမ္ပဏီက ကြေညာချက်ထုတ် ပြန်ခဲ့သည်။
‘‘အရင် ယာဉ်ပိုင်ရှင်တစ်ဦး ချင်းအလိုက် ဆွဲခဲ့တဲ့ကားက စီးရေက စာရင်းရှိဆိုရင် ၉၀ လောက်ရှိတယ်။ အဲဒီယာဉ်တွေ လည်း အခုရပ်ထားပါပြီ။ သူတို့ ကို အဆင်ပြေအောင် တခြား လမ်းကြောင်းတစ်ခုခု ရှာပေးနိုင် ဖို့အတွက် YRTA နဲ့ပါ ကျွန်တော် တို့ ညှိနေပါတယ်’’ဟု Omni Focus ကုမ္ပဏီတာဝန်ရှိသူက ဆိုသည်။
7 Day Daily

Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်