မြန်မာနိုင်ငံမှ ထွက်ပြေးလာသူဟု ယူဆရသည့် ဒုက္ခသည် ၄၀ ကို မလေးရှားလက်ခံ

မလေးရှားအစိုးရသည် မြန်မာနိုင်ငံမှထွက်ပြေးလာသူဟု ယူဆရသည့် သင်္ဘောပျက်ဒုက္ခသည် ၄၀ ကို စင်ကာပူအစိုးရက ၀င်ခွင့်မပေးဘဲ ငြင်းဆန်ခဲ့ပြီးနောက် လက်ခံလိုက်ကြောင်း သိရသည်။

အဆိုပါ လူ ၄၀ သည် စင်ကာပူကမ်းလွန်တွင် ဗီယက်နမ်သဘောင်္တစ်စီးပေါ်၌ ရှိနေခဲ့ပြီး ထိုသင်္ဘောကလည်း ၎င်းတို့ကို မြန်မာ့ကမ်းလွန်ပြင်တွင် ကယ်တင်ဆယ်ယူထားခဲ့ခြင်းဖြစ်သည်။ သို့သော် စင်ကာပူအာဏာပိုင်များက ဗီယက်နမ်သင်္ဘောကို ၎င်းတို့ထံ ကမ်းကပ်ခွင့် ငြင်းပယ်ခဲ့ပြီးနောက် သင်္ဘောပျက်ရာမှ ကျန်ရစ်သော အခြားကိုးဦးကိုလည်း ဆိုက်ဘေးရီးယားအလံလွှင့်တင်ထားသော သင်္ဘောတစ်စီးက ကယ်တင်ခဲ့သည်ဟုသိရသည်။

Nosco Victory ဟု အမည်ပေးထားသော အထက်ပါ ဗီယက်နမ်သင်္ဘောသို့ မလေးရှားရေတပ် သင်္ဘောတစ်စင်းက ဒီဇင်ဘာ ၁၈ ရက်တွင် ရောက်ရှိသွားခဲ့ပြီး သင်္ဘောမှ ဒုက္ခသည် ၄၀ ကို ခေါ်ယူခဲ့သည်ဟု Nosco ကုမ္ပဏီနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီတို့က ဦးဆောင်စေ့စပ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် မလေးရှားအစိုးရသည် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့အခြေစိုက် Hammonia Reedervei ကုမ္ပဏီပိုင် X-Press Hoogly သင်္ဘောမှ ကယ်ဆယ်ထားသော ကျန်ဒုက္ခသည် ကိုးဦးကို လက်ခံရန် ရှိ၊ မရှိ မသေချာသေးပေ။

အဆိုပါ လူ ၄၉ ဦးသည် ဒီဇင်ဘာ ၅ ရက်က နစ်မြုပ်ခဲ့သော Nogu အမည်ရ သင်္ဘောပေါ်တွင် လိုက်ပါခဲ့ကြပြီး မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှ မလေးရှားနိုင်ငံသို့ ထွက်ခွာလာခဲ့ကြခြင်းဖြစ်သည်။

Ref : WSJ
7Day News Journal Facebook

0 မှတ်ချက်များ: