ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဒီဇင်ဘာလအတွင်း ရွေးချယ် တင်မြှောက်လျက်ရှိသော်လည်း အချို့ သော ရပ်ကွက်အများစုမှာ ယခင် လူဟောင်းများသာ ပြန်လည် ရွေးချယ်ခံနေကြောင်း ရပ်ကွက် ကျေးရွာနေ ပြည်သူများထံမှ သိရှိရသည်။
"အုပ်ချုပ်ရေးမှူးတွေက ရွေးတယ်ဆိုပေမယ့်လည်း အရင် လူဟောင်းတွေပဲ ပြန်အရွေးခံနေကြတာပါပဲ၊ ဘာမှတော့ ထူးခြားမသွားလောက်ဘူး။ ကျွန်တော်တို့ ရပ်ကွက်ကလည်း ထောက်ခံစာလုပ်ရင် ၁၀၀၀ တောင်းတဲ့ အုပ်ချုပ်ရေးမှူးပဲ ပြန်ပြီး အရွေးချယ်ခံရတာဆိုတော့ ဒါ ရပ်ကွက်က ရွေးတာတော့ မဖြစ်နိုင်ဘူး။ သူတို့ ဘာသာပဲ ရွေးတာဖြစ်မှာပေါ့၊ ကျွန်တော်တို့ တိုက်ကတော့ ဘယ်သူမှ သွားပြီး မဲထည့်တာမျိုး မလုပ်ကြဘူးလေ၊ မဲလာမထည့်ရင် ပယ်မဲဆိုတော့ ပယ်မဲတွေက သူတို့ ကြိုက်တဲ့မဲဖြစ်သွားတာ နေမှာ။ ဘယ်လိုပဲ ရွေးချယ်တင်မြှောက်ပွဲလုပ်လုပ်၊ ဘယ်သူပဲတက်တက်၊ ထောက်ခံစာလုပ်တိုင်း တစ်စောင် ၁၀၀၀ပေးနေရမယ်ဆိုရင်တော့ ဒါဟာ ရပ်ကွက်နေ ပြည်သူတွေရဲ့  ချွေးနည်းစာကို မတရား တောင်းစားတာပဲ"ဟု ကျောက်တံတား မြို့ နယ်အတွင်း နေထိုင်သူ တစ်ဦးက ဆိုသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ကြရာတွင် ရပ်ကွက်နေ ပြည်သူတို့ ၏ ပါဝင်မှု နည်းပါးခြင်းတို့ ကြောင့် ယင်းကဲ့သို့  ရပ်ကွက်အများစုတွင် လူဟောင်းများသာ အုပ်ချုပ်ရေးမှူး ပြန်ရွေးခံနေရကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၉အရ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ရက်နေ့ တွင် ၂၀၁၂ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်၁ဖြင့် ရပ်ကွက် သို့ မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေကို ပြဌာန်းခဲ့သည်။
ကေ
ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရွေးချယ်သော်လည်း လူဟောင်းများ မပြောင်းသေး
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်