ဘာသာခြားများ မိမိတို့  ဗုဒ္ဓဘာသာကို အထင်သေးမည်ကို စိုးရိမ်မိတဲ့အတွက် သတင်းမရေးတော့ဘူးလို့  ဆုံးဖြတ်ခဲ့ပြီး ဓာတ်ပုံမရိုက်ခဲ့ပေမယ့် နောင်အခါ ပိုမို ဆိုးရွာလာမှာကို စိုးသဖြင့် မလွဲမရှောင်သာ ရေးသား၍ အကြံပြု တောင်းဆိုလိုက်ပါတယ်။
ယနေ့  ဒီဇင်ဘာလ ၂၁ရက်နေ့ တွင် စာရေးသူ စမ်းချောင်းမြို့ နယ်သို့  သွားရောက်စဉ် ကြုံတွေ့ ခဲ့ရသည့် ဗုဒ္ဓဘာသာ အလှူခံလှည့်လည်ပွဲ တစ်ခုအကြောင်းပါ။ ယင်းအလှူပွဲတွင် ဆိုက်ကားပေါ်တွင် အသံချဲ့ စက်များ တပ်ဆင်၍ ဘေးမှ တူညီ ၀တ်စုံ အဖြူရောင်များ ၀တ်ဆင်ပြီး ရင်ဘတ်တွင် ဘုရားစေတီပုံ ရင်ထိုးများ တပ်ဆင်ထားသူများက အလှူခံ ငွေဖလားခွက်များ ကိုင်ပြီး ရိုးရာ ယဉ်ကျေးမှုနှင့်အညီ လှည့်လည် အလှူခံနေသည်မှာ ပုံမှန် ရိုးရာ အစဉ်တစ်ခုကဲ့သို့ ပင်။
သို့ သော်လည်း ယင်းအလှူခံပွဲမှာ တစ်မူထူးခြားနေသည်မှာ စာရေးသူက ဆိုက်ကားနှင့် အလှူခံများကို ကျော်သွားပြီးမှ ဆိုက်ကားရှေ့ တွင် ယောက်ျားလေး ဆယ်ယောက်ခန့်  မိန်းမလို ပြင်ဆင်ကာ ညာဘက်ရင်ဘက် တစ်ခြမ်းကလည်း ဖော်ထားပြီး ကမ္ဘာကျော် ကိုးရီးယားသီချင်း ဂန်းနမ်စတိုင် သီးချင်းဖြင့် အနောက်တိုင်းအကဖြင့် ကလပ်ကဲ့သို့ အလား ကခုန်နေကြသည်။ ယင်းအဖွဲ့ ရှေ့ တွင် နောက်တစ်ဖွဲ့ မှာ ဗိုက်သား လက်တစ်ဝါးခန့် ဖော်ထားပြီး ပေါင်လောက်ရှိသော ဘောင်းဘီ အတိုများဝတ်ဆင်ပြီး နှာခမ်းမွေးများဆွဲပြီး မျက်နှာကို အရုပ်ဆိုး အကျည်းတန်အောင် ပြင်ထားကာ ကနေကြသည်။ ယင်းမြင်ကွင်းမှာ မြန်မာရိုးရာယဉ်ကျေးမှုနှင့် လုံးဝ (လုံးဝ) မသက်ဆိုင်ပါ။ ဘာသာရေးပွဲတစ်ခုတွင် ယင်းသို့  သရုပ်ပျက် လုပ်ဆောင်ခြင်းမှာ အခြားသော ဘာသာခြားများမှ ဗုဒ္ဓဘာသာဆိုတာ ယဉ်ကျေးမှုမရှိ အလှူငွေရရှိရေးအတွက် အရှက်မရှိ လူပုံအလယ်တွင် ကပြ တောင်းရမ်း ကြတာလားဟု အထင်မြင်သေးသွားနိုင်ပါသည်။ ဘေးမှ ပွဲစီစဉ်သူများမှာလည်း လူကြီးများဖြစ်နေသည်ကို တွေ့ ရှိရသည်။
ယင်းအလှူပွဲမျိုး မပြုလုပ်ကြပါရန် စာရေးသူအနေဖြင့် အနူးညွှတ် တောင်းဆိုအပ်ပါသည်။ အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်ကြပြီး ဘာသာရေးပွဲများတွင် သရုပ်ပျက်ဖျော်ဖြေမှုများ မပြုလုပ်ကြဖို့  မေတ္တာရပ်ခံပါသည်။ ယင်းစမ်းချောင်းမှ အလှူခံပွဲကိုလည်း ပြင်းပြင်းထန်ထန် ကန့် ကွက် ရှုတ်ချပါကြောင်း အများသိစေရန် ရေးသား တင်ပြအပ်ပါသည်။
ကေ
ဗုဒ္ဓဘာသာကို ဘာသာခြားများ အထင်မြင်မသေးစေလို
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်