ရန်ကုန်မြို့ တွင်း ပြေးဆွဲနေသော ယဉ်လိုင်းများ အားလုံးသည် တားမြစ်ထားသော်လည်း ညနေ ၆နာရီမှ စတင်ကာ ညပိုင်း ယဉ်စီးခများကို နှစ်ဆခန့်  ပိုမိုကောက်ခံလျက်ရှိနေဆဲ ဖြစ်ကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရသည်။
"ကျွန်တော် ညနေ၆နာရီပဲရှိသေးတယ်၊ ၁၀၆ကားစီးလိုက်တာ လသာကနေ မော်တင်တောင် ၁၀၀ပေးလိုက်ရတယ်၊ သိမ်ဖြူဈေးကနေ ပန်းဆိုးတန်းကိုလည်း ၁၀၀ တောင်းတာပဲ၊ ပုံမှန်ဆိုရင် ၅၀တန် ခရီးတွေပါ။ ၇နာရီလောက်ကျော်သွားရင်တော့ ၁၀၀ကနေ ၂၀၀ဖြစ်သွားတော့တာပဲ" ဟု ရန်ကုန်မြို့ တွင်း နေထိုင်သူ အသက်၂၃နှစ်အရွယ် အမျိုးသား တစ်ဦးက ဆိုသည်။
သက်ဆိုင်ရာမှ ယဉ်လိုင်းအားလုံးကို ညပိုင်းတွင် ယဉ်စီးခများ ပိုမို ကောက်ခံခြင်းများ မပြုလုပ်ရန် တားမြစ် ထားသော်လည်း၊ ယဉ်လိုင်းများသည် ယနေ့ တိုင် ပိုမိုကောက်ခံဆဲဖြစ်သည်။ သက်ဆိုင်ရာမှ စစ်ဆေး အရေးယူနေသည်ဟုဆိုသော် ယင်းသို့  ကောက်ခံမှုများမှာ ယနေ့ တိုင် ရှိနေသည့်အတွက် သက်ဆိုင်ရာ၏ အရေးယူ ဆောင်ရွက်နေမှုအပေါ် ခရီးသွားပြည်သူများက ဝေဖန်လျက်ရှိနေကြသည်။
"အရေးယူတယ်သာပြောတယ်၊ ညဘက် ဘာရဲမှမတွေ့ ရဘူး၊ ဘယ်စစ်ဆေးရေးတွေမှလည်း မတွေ့ ရဘူး။ သူတို့ အမှန်တကယ် ထိထိရောက်ရောက် အရေးယူတယ်ဆိုရင် ဒါတွေ ဖြစ်စရာအကြောင်းမရှိဘူးလေ၊ ၁၀တန်း ရူပဗေဒမှာ သင်ရသလိုပေါ့ တွန်းသော်လည်း မရွေ့ ရင် အလုပ်မဖြစ်ဘူး၊ သူတို့ က ဘယ်လိုပဲ လူကြားကောင်းအောင် ပြောပြော လုပ်ပြလုပ်ပြ သူတို့  အမှန်တကယ် အလုပ်လုပ်မလုပ်ဆိုတာ ပြည်သူက သိနေတာပဲ နေ့ ခင်း သက်ဆိုင်ရာက စစ်ရင်တောင် လူပိုတင်တာတွေ တွေ့ ရင် ပိုက်ဆံယူပြီး လွှတ်ပေးနေတာပဲလေ၊ ဒါတွေက ပြည်သူတွေရဲ့  မျက်မြင်ပဲဟာ၊ ဘယ်သူက ဘယ်လိုလုပ် ယုံကြည်မှာလဲ" ဟု ကျောက်တံတားမြို့ နယ်အတွက် နေထိုင်သူ တစ်ဦး၏ အဆိုအရ သိရသည်။
ကေ
ရန်ကုန်မြို့ တွင်း ဘတ်စ်ကားများ ညပိုင်း ယဉ်းစီးခ ပိုတောင်းဆဲ
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်