ဒီဇင်ဘာလ ၂၃ရက်နေ့ ၊ နေ့ လည် ၃နာရီခန့် တွင် ကြည့်မြင်တိုင်မြို့ နယ်တွင် တရားဥပဒေနှင့်အညီ ပြုလုပ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲအား ပျက်ပြားအောင် ပြုလုပ်သည့် ကြည့်မြင်တိုင်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အား ကန့် ကွက် ရှုတ်ချ ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဆန္ဒပြရခြင်းအကြောင်းရင်းနှင့် ပတ်သတ်၍ ယင်းဒေသခံတစ်ဦးက "ကျွန်တော်တို့ ကြည့်မြင်တိုင်မြို့ နယ် ဘောဂရပ်ကွက်ရဲ့  အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲမှာ ၀င်အရွေးခံတဲ့ ရပ်မိရပ်ဖငါးဦးကို အသက်ကြီးတယ်၊ ပါတီဝင်ဖြစ်တယ်ပြောပြီး သက်ဆိုင်ရာကို ကန့် ကွက်ခဲ့တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးပွဲ ပျက်ခဲ့ရတာကြောင့် ဆန္ဒပြကြတာ"ဟု ပြောပြသည်။
အဆိုပါ ဆန္ဒပြပွဲကို သက်ဆိုင်ရာ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ အင်အား ၁၀၀ခန့် ပါဝင်ခဲ့သည်။ ဆန္ဒပြပွဲတွင် ရပ်ရွာကို မလေးစားသော လွှတ်တော်ကိုယ်စားလှယ်အလိုမရှိနှင့် ဥပဒေကို နားမလည်သော လွှတ်တော်ကိုယ်စားလှယ်အလိုမရှိစသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စလင်းကွင်းရှေ့ မှ စတင်၍ ကမ်းနားလမ်းနှင့် သီတာလမ်းအတိုင်း ချီတက် ဆန္ဒပြခဲ့ကြသည်။
ကေ
ကြည့်မြင်တိုင်မြို့ နယ် ပြည်ခိုင်ဖြိုးအမတ်အား လူအင်အား ၁၀၀ခန့် က ဆန္ဒပြ
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်