SBအား သမ္မတရုံးလက်အောက်သို့  ပြောင်းမည်ဆိုသည့်သတင်း မမှန်

ရဲသတင်းတပ်ဖွဲ့  SBအား သမ္မတရုံးလက်အောက်သို့  ပြောင်းမည်ဟူသော သတင်းများမှာ မမှန်ကန်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ ရဲအရာရှိကြီးတစ်ဦး၏ အဆိုအရ သိရသည်။
"အခု မီဒီယာ တစ်ခုမှာ SBကို သမ္မတရုံး လက်အောက်ကို ရွှေ့ မယ်လို့  SBအသိုင်းအ၀ိုင်းမှာ သတင်းထွက်ပေါ်နေတယ်လို့ တွေ့ လိုက်တယ်။ အဲ့ဒါတွေနဲ့  ပတ်သတ်ပြီး ကိုယ်တို့ တွေတောင် မသိရသေးဘူး၊ သူတို့ က သတင်းတွေထွက်နေတာက ဘယ်ကနေကြားလို့ ရေးမှန်းတော့ မသိဘူး။ ဒါပေမယ့် အဲ့ဒီသတင်းတွေက အခုထိ ကိုယ်တို့ က ဘာမှမကြားသေးဘူး၊ ကောလဟလတွေပါ။ အခုချိန်ခါမှာ အစိုးရက ပွင့်လင်းနေပါပြီ၊ သတင်းထုတ်ပြန်ရေးကလည်း အချိန်နဲ့  တပြေးညီ သတင်း ထုတ်ပြန်ပေးနေတာလဲ အားလုံး တွေ့ မှာပါ။ ဒါပေမယ့် မီဒီယာတွေအနေနဲ့  သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့  ဘာမှမပြောသေးဘဲ သူတို့ ဟာ သူတို့  ကြားချင်တိုင်းကြားပြီး အတည်ပြုချက်မယူဘဲ၊ မဟုတ်ပါဘူးပြောလဲ ရေးချင်သလိုရေးနေတာက မလုပ်သင့်ဘူး၊ ပြည်သူကို သတင်းမှန်မမှန် သေချာ စိစစ်ပြီးမှ တိကျသေချာသော သတင်းကိုသာ ပေးသင့်ပါတယ်။ ဘာကတော့ ကြားတယ်၊ ဘာကတော့ ဘယ်မှာ သတင်းတွေ ထွက်နေတယ်ဆိုတာ ဘာမှမသေချာဘဲ ပြည်သူကို ဘာအသိပေးချင်နေတာလဲ၊ သူတို့  ဂျာနယ်တွေ ရောင်းကောင်းအောင် သတင်းဖန်တီးနေသလို ဖြစ်မနေဘူးလား၊ SBထဲမှာ သတင်းထွက်နေတယ်ဆိုတာ ဘယ်သူတွေက ပြောနေတာလဲ၊ ရဲတပ်သားတွေ ပြောနေတာလား၊ ရဲအရာရှိတွေပြောနေတာလား၊ ဥပမာကွာ ရဲတပ်သား နှစ်ယောက်၊ ဒါမှမဟုတ် ရဲတပ်သား လေးငါးဆယ်ယောက်က သူတို့ ဟာ သူတို့  ထင်ကြေးပြောနေတာကို ကြားပြီး သတင်းဖြစ်သွားတာလား၊ အဲ့လို ကြားတာကိုကော သတင်းရေးသင့်လား မသင့်လား စဉ်းစားပေါ့၊ ကိုယ်ကတော့ ဖြစ်မယ်မဖြစ်ဘူးဆိုတာ အတိအကျ မပြောနိုင်ဘူး၊ အခုလတ်တလောတော့ အဲ့ဒါ မမှန်ဘူး၊ သတင်းမီဒီယာတွေ ဆင်ခြင်သင့်အောင်ပဲ ကိုယ့်အမြင်ကို ကိုယ်ပြောပြတာ" ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ဒုတိယရဲမှူးကြီးတစ်ဦးနှင့် တွေ့ ဆုံစဉ်က ၄င်းက ရင်းနှီးပွင့်လင်းစွာ ပြောပြခဲ့သည်။
ယင်းသတင်းနှင့် ပတ်သတ်၍ သမ္မတရုံးမှ ဦးဇော်ဌေးကလည်း ၄င်းအနေဖြင့် ဘာမှမကြားသေးကြောင်း ပြန်လည် ဖြေကြားခဲ့သည်။
Special Branch (SB)သည် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့  အကြီးအကဲ ရဲချုပ်၏ လက်အောက်ခံ ရဲတပ်ဖွဲ့ ဌာနတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးသတင်းများကို စုံစမ်းထောက်လှမ်းပြီး ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်ထံ သတင်း အစီရင်ခံရခြင်း ဖြစ်သည်။ ၄င်းတို့ တပ်ဖွဲ့ ၏ သတင်းပေးပို့ ချက်များကို ပြည်ထဲရေးဝန်ကြီးမှတစ်ဆင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ(ကာ/လုံ)သို့  ထပ်မံ သတင်းပို့  တင်ပြသည်။
ကေ

0 မှတ်ချက်များ: