ဇန်န၀ါရီ ၁၁ ရက် ညနေပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တာလောကြီးကျေးရွာအနီး၌ စက်ချို့ယွင်းသဖြင့် အရေးပေါ်
ဆင်းသက်ခဲ့ရသည့် တပ်မတော်
ရဟတ်ယာဉ်တစ်စီးအား ယင်းနေ့  ည၉နာရီတွင် ပြန်လည်ရှာတွေ့ ခဲ့ပြီး အရာရှိနှစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့  သေဆုံးခဲ့ကြောင်း မြ၀တီ သတင်းဌာနမှ သိရသည်။
အဆိုပါ ရဟတ်ယာဉ်ကို ဒီဇင်ဘာလ ၁၁ရက်နေ့ ည၉နာရီအချိန်က
ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ကြောင်း၊
ရဟတ်ယာဉ်ပေါ်တွင် ပါရှိခဲ့သည့် အရာရှိနှစ်ဦးနှင့် တပ်ကြပ်တစ်ဦးတို့
သေဆုံးခဲ့ကြောင်း ဇန်န၀ါရီလ ၁၂ ရက်နေ့ ညဦးပိုင်းက မြ၀တီသတင်းဌာန၏ facebook တွင်
ဖော်ပြထားသည်။
မြစ်ကြီးနားမြို့  တောင်ဘက် မိုင်၂၀ခန့်အကွာ တာလောကြီးကျေးရွာအနီးတွင်
ဇန်န၀ါရီ ၁၁ ရက် ညနေပိုင်းက အုပ်ချုပ်ရေးကိစ္စ ဆောင်ရွက်နေသော
တပ်မတော်ရဟတ်ယာဉ်တစ်စီး စက်ချို့ယွင်းသဖြင့် အရေးပေါ်ဆင်း သက်ခဲ့ရပြီး
ရဟတ်ယာဉ် ဆင်းသက်ရာနေရာသို့ အခြားရဟတ်ယာဉ်များနှင့် တပ်မတော်တပ်ဖွဲ့များ
သွားရောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းနိုင်ငံပိုင် သတင်းမီဒီယာတွင် ဖော်ပြခဲ့သည်။
ကေ
တပ်မတော်ရဟတ်ယာဉ် စက်ချို့ ယွင်း အရာရှိနှစ်ဦးနှင့် တပ်ကြပ်တစ်ဦး သေဆုံး
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်