ကမ္ဘာ့ ဘဏ် နဲ့  အာရှ ဖွံ့ ဖြိုး မှု ဘဏ်က က မြန်မာ နိုင်ငံ မှာ တင်ရှိ နေတဲ့ အကြွေး တွေကိုလျှော် ပစ် ဖို့  ကို မြန်မာ အစိုးရ နဲ့  သဘောတူ နားလည် မှု စာချုပ် ချုပ် ဆို နိုင်ခဲ့ ပြီ လို့  သတင်းထုတ် ပြန်ပါတယ်။
အသွင် ကူးပြောင်းခါစ မြန်မာ နိုင်ငံ မှာ နိုင်ငံ ရဲ့  အရေးကြီး တဲ့ အစိတ် အပိုင်း နေရာ တွေ မှာ ဖွံ့ ဖြိုး တိုးတက် မှု တွေ ပြု လုပ် နိုင် အောင် ဆို တဲ့ ရည် ရွယ် ချက် နဲ့  မြီရှင် ဘဏ် တွေ က လျှော်
ပစ်တာ ဖြစ်ပါတယ်။
မြန်မာ နိုင်ငံ ဟာ ကမ္ဘာ့ ဘဏ် နဲ့  အာရှ ဖွံ့ ဖြိုး တိုးတက် ရေး ဘဏ် တွေ ကို ပေး ရမယ့် ချေး ငွေတွေ ကို ၁၉၈၇ ခုနှစ် ကတည်း က တင်ရှိ နေတာ ဖြစ်ပါတယ်။

ကြွေးမြီတွေ လျှော် ပစ်တာနဲ့  တစ်ပြိုင်နက် တည်း မှာ ပဲ အာရှ ဖွံ့ ဖြိုး မှု ဘဏ် ဒေါ်လာ ၅၁၂ သန်းထပ် ချေးမယ် လို့  ကတိ ပြုခဲ့ ပြီး ကမ္ဘာ့  ဘဏ် က တော့ ဒေါ်လာ သန်း ၄၄၀ ကို မြန်မာ နိုင်ငံ ဖွံ့ ဖြိုး
တိုးတက် ရေး လုပ်ငန်း တွေ မှာ ထပ် ချေး ဖို့  သဘောတူ ခဲ့ ပါတယ်။
မြန်မာ ရဲ့  ကြွေးမြီ ဟောင်း ကို လျှော် ပြစ် ပြီး နောက် ကြွေးသစ် ဒေါ်လာ သန်း ၉၀၀ ကျော် ထပ်မံချေးမှာဖြစ်ပါတယ်။
ကမ္ဘာ့ ဘဏ် က မြန်မာ နိုင်ငံ မှာ ၂၀၁၂ ခုနှစ် အတွင်း ရုံး ခွဲ တစ်ခု လာရောက် ဖွင့်လှစ်ပြီးနောက် နိုင်ဝင်ဘာ လ ထဲ မှာ ၂၅ နှစ် အတွင်း ပထမ ဦးဆုံး အကြိမ် အဖြစ် ကမ္ဘာ့ ဘဏ်က
မြန်မာ နိုင်ငံ ကို ချေး ငွေ ဒေါ်လာ၂၄၅ သန်း ကို ထောက်ပံ့ ပေး ဖို့  ကတိ ပြု လိုက် ပြီး မြို့  ၁၅ မြို့  က ကျေးရွာ တွေ မှာ စာသင်ကျောင်း တွေ ၊ တံတား တွေ ၊ လမ်း တွေ တည်ဆောက် ပြု ပြင်
ဖို့  အတွက် ကျေးရွာ တစ်ခုခြင်း စီ ကို ဒေါ်လာ ၂၅၀၀၀ စီ အသုံး ပြု သွား မယ် လို့  ကမ္ဘာ့  ဘဏ်က ကြေငြာ ခဲ့ ပါတယ်။
ဂျပန် ၊ နော်ဝေ စတဲ့ မြန်မာ နိုင်ငံ ကြွေးရှိ နေတဲ့ န်ုင်ငံ တွေ က လည်း ဒီနေ့  ပါရီ ကလပ် လို့ ခေါ် တဲ့ မြီရှင် ကလပ် မှာ ကြွေး မြီ တွေ ရဲ့  ထက်ဝက် ခန့် ကို လျှော် ပေး ဖို့  အတည် ပြု ခဲ့
ပါတယ်။
မြန်မာ နိုင်ငံ ဟာ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အတွင်း ပြည်ပ ကနေ ဒေါ်လ ၈ ဘီလျံကျော်ချေးယူခဲ့ ပြီး စစ်အစိုးရ လက်ထက် မှာ တရုတ် နိုင်ငံ နဲ့  အခြား နိုင်ငံ က က ချေးတာ မပါဝင်သေးဘဲ
ဒေါ်လာ ၃ ဘီလျံနီးပါး ကို ချေး ယူခဲ့ တာ ကြောင့် ဒေါ်လာ ၁၁ ဘီလျှံ အကြွေး တင် ရှိ ပါတယ်။
မြန်မာ နိုင်ငံ ဟာ ကမ္ဘာ့  ဘဏ် က ပြုစု ထား တဲ့ အဆင်း ရဲ နိုင်ငံ တွေ စာရင်း ထဲ မှာ ပါဝင် ပြီး နိုင်ငံ ပေါင်း ၁၈၂ နိုင်ငံ မှာ အောက်ခြေ ကနေ ရေတွက် မယ် ဆိုရင် တတိယ မြောက် ပွင့်လင်း
မြင်သာမှု မရှိဆုံး နိုင်ငံ များ စာရင်းမှ ပါဝင်နေဆဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ နီးပါးလောက် စစ် တပ် အုပ် ချုပ်မှု က ချန်ထား ခဲ့ တာက တော့ မြန်မာ နိုင်ငံ ဟာ အာရှ မှ အဆင်း ရဲ ဆုံး
နိုင်ငံ ဖြစ်သွား တာ ပါပဲ လို့  ကမ္ဘာ့ ဘဏ် ရဲ့  အင်တာနက် စာမျက် နှာ မှာ ဖော်ပြထား ပါတယ်။
http://freedomnewsgroup.com/2013/01/28/myanmar-loan-off/

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်