သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆုချီးမြှင့်မည့် ဆုံးဖြတ်ချက် ပြန် လည်သုံးသပ်ရန် ကချင် NGO များ ICG သို့ စာပို့တောင်းဆို

အပြည်ပြည်ဆိုင်ရာအကျပ်အတည်း စောင့်ကြည့်ရေးအဖွဲ့(ICG)က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ငြိမ်းချမ်းရေးဆု ချီးမြှင့်မည့် ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးရန် ကချင်NGO ၁၆ ခုက စာရေးသားပေးပို့ တောင်းဆိုထားကြောင်း သိရသည်။

ကချင်NGO ၁၆ ခုက ဇန် နဝါရီ ၄ ရက်နေ့ ရက်စွဲဖြင့်ICG ဥက္ကဋ္ဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူ လူးဝစ်အာ ဘားထံသို့ ပေးပို့သည့် စာတွင် ''မြန်မာနိုင်ငံမြောက်ပိုင်း ကချင် ဒေသမှာ အခြေအနေတွေ ပိုမို ဆိုးရွားလာတာ၊ မကြာသေးခင် က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပဋိပက္ခနှင့် လက်ပံတောင်းတောင်အရေးမှာ အင်အားသုံးအကြမ်းဖက် ဖြိုခွင်း ခဲ့တဲ့ဖြစ်ရပ်တွေမှာ သမ္မတက တိုက်ရိုက်တာဝန်ရှိသူပါ။ ဒီလို အခြေအနေမျိုးမှာ သူ့ကို ဂုဏ် သိက္ခာကြီးမားတဲ့ ငြိမ်းချမ်းရေး ဆုချီးမြှင့်ဖို့ဆိုတာ ဘယ်လိုမှ မသင့် တော်ဘူးလို့ ကျွန်တော်တို့ ခိုင်ခိုင် မာမာခံစားမိတယ်''ဟု ဖော်ပြပါရှိပြီး ၂ဝ၁၃ ခုနှစ် ဧပြီလ၌ သမ္မတဦးသိန်း စိန်အား ငြိမ်းချမ်းရေး မြတ်နိုးသူဆု (In Pursuit of Peace)ဆုချီးမြှင့် မည့်ဆုံးဖြတ်ချက်အား ပြန်လည်သုံး သပ်ရန် တိုက်တွန်းထားသည်။

ထိုစာတွင် လက်မှတ်ရေးထိုး တောင်းဆိုကြသောNGO ၁၆ ခု အနက် ၁၂ ခုမှာ ကချင်အမျိုးသား အဖွဲ့အစည်း (KNO) ကဲ့သို့သော ကချင်အသိုင်းအဝိုင်းနှင့် ကချင်လူ မျိုးများ၏အခွင့်အရေးကို ကိုယ်စား ပြုသော ပြည်တွင်း၊ ပြည်ပအဖွဲ့အ စည်းများဖြစ်ပြီး
ယင်းစာ၏ အဆုံး သတ်တွင် ''လူမဆန်တဲ့ ကောက် ကျစ်စဉ်းလဲတဲ့ အရင်စစ်အစိုးရနဲ့ မတူဘူးလို့ သက်သေပြနေရဆဲ သမ္မတတစ်ဦးကို ဆုချီးမြှင့်မိလို့ICG ရဲ့ ဂုဏ်သတင်း ထိခိုက်မယ့် အရေးကိုရှောင်လွှဲနိုင်ဖို့အတွက် ဆု ချီးမြှင့်မယ့် ဆုံးဖြတ်ချက်ကို ပြန် လည်သုံးသပ်ဖို့ တိုက်တွန်းပါတယ်''ဟု ပါရှိသည်။

ICG သည် ၂ဝ၁၃ ခုနှစ် ဧပြီ လ ၂၂ ရက်နေ့တွင် နယူးယောက် မြို့၌ှုည In Pursuit of Peace ဆု ချီးမြှင့်ပွဲနှင့် ညစာစားပွဲ ပြုလုပ် မည် ဖြစ်ရာ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီးသမ္မတဟောင်း လူလာဒါ ဆေးလ်ဗားတို့အား ဂုဏ်ပြုမည်ဟု ၂ဝ၁၂ ခုနှစ်
နိုဝင်ဘာ ၃ဝ ရက်နေ့ က ထုတ်ပြန်ကြေညာထားသည်။

''သမ္မတ ဦးသိန်းစိန်ရော၊ သမ္မတဟောင်း လူလာဒါဆေးလ်ဗား ရော ဒီဆုနဲ့ ထိုက်တန်ပါတယ်။ ဒီလိုဂုဏ်ပြုရတဲ့အတွက် မြန်မာနဲ့ ဘရာဇီးတို့အတွက် ရှေ့ဆက်မယ့် အရေးကြီးတဲ့ ခြေလှမ်းတွေမှာ အ ထောက်အကူ ဖြစ်စေပါလိမ့်မယ်''ဟု ICG နာယက
Thomas R. Pickering က ပြောသည်။

သို့သော် မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပဋိပက္ခကို ကိုင်တွယ်ဖြေ ရှင်း နိုင်မည့်နည်းလမ်းများ ချက်ချင်း ရှာရန်လိုအပ်ပြီး နှစ်ပေါင်း ၅ဝ အ တွင်းပထမဆုံးအကြိမ်အဖြစ် တိုင်း ရင်းသားလက်နက်ကိုင်အုပ်စု အ များစုနှင့် ပဏာမ အပစ်အခတ်ရပ်စဲ ရေးသဘောတူညီမှု ရရှိခဲ့ပြီး ကချင် လွတ်မြောက်ရေးအဖွဲ့KIO နှင့် လည်း မကြာမီ သဘောတူညီမှုရရှိ လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ICG ဥက္ကဋ္ဌ လူးဝစ်အာဘားကပြော သည်။ ယခုအခါ ၈ နှစ်တိုင်လာခဲ့ပြီ ဖြစ်သောICG၏ In Pursuit of Peace ဆုချီးမြှင့်ပွဲနှင့်ညစာစား ပွဲသည် ကမ္ဘာတစ်လွှား ဆိုးရွား သောပဋိပက္ခများကို ကာကွယ် ခြင်းနှင့် ဖြေရှင်းခြင်းများတွင် တစ်ဦးချင်း ထူးချွန်အောင်မြင်စွာ လုပ်ကိုင်နိုင်မှုအား အသိအမှတ် ပြုသော အခမ်းအနားဖြစ်သည်။ ယခင်က ဤဆုချီးမြှင့်ခံရသူများ တွင် အမေရိကန်သမ္မတများဖြစ် ကြသောWilliam Jefferson, Clinton နှင့် George H.W .Bush၊ နိုဘယ်ငြိမ်းချမ်းရေးဆု ရှင်Martti Ahtisaari နှင့် Ellen Johnson Sirleaf နှင့် သူဋ္ဌေးကြီး George Sorosတို့ ပါဝင်ပါ သည်။

PN-055
Ref: bnionline.net
MIZZIMA NEWS

0 မှတ်ချက်များ: