“မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့် စပ်လျဉ်းသည့်မေးခွန်း” အား
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း မှ ဖြေကြားရာတွင်-
မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျက် ရှိသဖြင့် ရှေးပဝေသဏီ ကာလမှပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးသွာလာဆက်ဆံမှုများရှိခဲ့ရာ အိန္ဒိယနိုင်ငံဘက်မှ ကူးလာသူများကို ကုလားလူမျိုးဟူ၍ လည်းကောင်း၊ ဥရောပတိုက်မှ ပြောင်းရွှေ့ လာကြသည့် အင်္ဂလိပ်လူမျိုးများအား ကုလားဖြူ ဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ကြကြောင်း သိရပါတယ်။
ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမအကြိမ် စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်မြန်မာနိုင်ငံ၏ ပိုင်နက်ဖြစ်သော ရခိုင်ပြည်နယ်နှင့် တနင်္သာရီဒေသတို့အား အင်္ဂလိပ်ကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့စဉ် ရခိုင်နှင့်တနင်္သာရီဒေသများကို အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ခြင်းခံခဲ့ရပြီး ဆက်လက်၍ ရခိုင်ဒေသအား အနောက် ဘင်္ဂလားသို့ သွတ်သွင်းခဲ့ကာ ရခိုင်ပြည်နယ်ထဲသို့ ဘင်္ဂလားနယ်မှ မူဆလင် အများအပြား ဝင်ရောက် အခြေချလာခဲ့ကြကြောင်းနှင့် ဘင်္ဂလားနယ် မှ လာကြသူများဖြစ်၍ ၎င်းတို့အား ဘင်္ဂလီဟု ခေါ်ဆိုခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေ၍ ရာသီအလိုက် လယ်ယာလုပ်သားများ ဝင်ရောက် လာကြပြီး နောက်ပိုင်းကာလများတွင် ၎င်းတို့သည် ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်လာခဲ့ကြသည်များလည်း ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြောင်းရွှေ့ရောက်ရှိနေထိုင်လာကြသူများအား ၎င်းတို့၏ မိဘဘိုးဘွားအစဉ်အဆက် နေထိုင်လာခဲ့သည့် မူရင်းနိုင်ငံအပေါ် အခြေခံလျက်ခေါ်ဆို ခဲ့ကြရာ အင်္ဂလိပ်စစ်တပ်တွင် အမှုထမ်းကာ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြသည့် နီပေါနိုင်ငံမှ လူမျိုးများအား နီပေါလ်ခေါ် ဂေါ်ရခါးဟု ခေါ်ဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံတွင် ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းမှတ်တမ်းများအရ တိုင်းရင်းသားမဟုတ်သည့် နိုင်ငံခြားသားလူမျိုးအမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလ်လူမျိုးများဖြင့် မှတ်တမ်းတင်ထားခဲ့ပါသည်။
ထို့အပြင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းများတွင်လည်း တိုင်းရင်းသား မဟုတ်သည့် နိုင်ငံခြားလူမျိုး အမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလ် လူမျိုးများဟူ၍ တရားဝင်မှတ်တမ်း ထားရှိခဲ့ပါတယ်။
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် အမျိုးသားမှတ်ပုံတင် သက်သေခံ ကတ်ပြား ထုတ်ပေးရေးဆောင်ရွက်ရာတွင် ရုံးလက်ခံ ပုံစံ(၁)မှတ်တမ်းများတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ ခေတ်အ ဆက် ဆက် ရောက်ရှိနေထိုင်ခဲ့ကြသူများအား မူဆလင်လူမျိုးများ ဟု ရေးသွင်းခဲ့ပြီး ၁၉၇၃ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူပြီးနောက်ပိုင်း တွင် မူဆလင်သည် ဘာသာ ဖြစ်၍ ပုံစံ(၁)များတွင် ဘင်္ဂလီလူမျိုးများဖြင့်သာ မှတ်တမ်းတင်ခဲ့ကြောင်း တွေ့ရပါတယ်။
သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့်အတိုင်း မိမိဌာနအနေဖြင့် ဘင်္ဂလီလူမျိုး များဖြင့်သာ မှတ်တမ်းတင် ထားရှိကြောင်း ဖြေကြားအပ်ပါတယ်။
ယနေ့အချိန်အထိ စာရင်းဇယား ကောက်ယူခြင်း၊ စိစစ်ခြင်းများဆောင်ရွက် ရာတွင်လည်း နောက်ကြောင်းမရှိ တီထွင်ပြောဆိုနေသော လူမျိုးအမည်သစ် စာရင်းများကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ရှေးနှစ်ပေါင်းများစွာကတည်း ကပင် အတည်ပြုထားသော အမည်နာမအခေါ်အဝေါ်အတိုင်းပင် အသိအမှတ်ပြုခေါ်ဝေါ် အသုံးပြုဆဲ ဖြစ်ပါကြောင်း ဖြေကြားအပ်ပါ တယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ရသေတောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ ၏ “မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးရှိပါသလားနှင့်စပ်လျဉ်းသည့်မေးခွန်း” အား

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံနှင့်နယ်မြေဆက်စပ်လျက် ရှိသောကြောင့် ပဝေသဏီကာလမှပင် တစ်နိုင်ငံနှင့်တစ်နိုင်ငံကူးလူး သွားလာဆက်ဆံမှုများ ရှိခဲ့ကြပါတယ်။
သမိုင်း ကြောင်းကို ပြန်ပြောင်းလေ့လာကြည့်မယ်ဆိုလျှင် ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံ၏ ပိုင်နက်ဖြစ်သော ရခိုင်ပြည်နယ်နှင့် တနင်္သာရီဒေသတို့ အား အင်္ဂလိပ်ကိုလိုနီ လက်အောက်ကျရောက်ခဲ့စဉ်က ရခိုင်နှင့် တနင်္သာရီဒေသများကို အင်္ဂလိပ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ခြင်း ခံခဲ့ရပြီး
ဆက်လက်၍ ရခိုင်ဒေ သ အား အနောက်ဘင်္ဂ လားသို့ သွတ်သွင်းခဲ့သဖြင့် ရခိုင်ပြည်နယ်သို့ ဘင်္ဂလားနယ်မှ မူစလင်များ အများအပြားဝင်ရောက် အခြေချလာခဲ့ကြခြင်း ဖြစ်ပါတယ်။
ခရစ်သက္ကရာဇ် ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံတစ်ခုလုံးကို ဗြိတိသျှ လက်အောက် ကျရောက်ခဲ့ ပြီးနောက် မြန်မာနိုင်ငံတွင် လယ်ယာစိုက် ပျိုးရေးလုပ်ငန်းတိုးချဲ့ဆောင်ရွက်ခြင်း၊ မီးရထားလမ်း၊ မော်တော်ကား လမ်းများ ဖောက်လုပ်ခြင်း၊ သင်္ဘောဆိပ်များတွင် ကုန်တင်ကုန် ချလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အင်္ဂလိပ်စစ်တပ်နှင့် အစိုးရဌာနများတွင် ဝန်ထမ်းများလိုအပ်ခြင်း၊ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့် အကြောင်းများကြောင့် အိန္ဒိယမှ အိန္ဒိယနွယ်ဖွားများ အလုံးအရင်း ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် လာခဲ့ကြပါတယ်။
၎င်းအပြင် ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး ဘင်္ဂလားဒေ့ရှ်မှ ရာသီအလိုက် လယ်ယာလုပ်သားများ ဝင်ရောက် လာပြီး နောက်ပိုင်းကာလများတွင် ၎င်းတို့သည် ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်လာခဲ့ကြပါတယ်။
ရိုဟင်ဂျာလူမျိုးဟူ၍ ရခိုင်ပြည်နယ်တွင် မည်သည့်အခါမှမရှိခဲ့ပါ။ ရိုဟင်ဂျာဟူသော လူမျိုးဖြင့် နယ်ချဲ့ဗြိတိသျှကိုလိုနီခေတ် မြန်မာနိုင်ငံ တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းများ၊ မှတ်တမ်းများ၊ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းများအရ လူမျိုး ဖော်ပြရာတွင်လည်း ပါဝင်ခဲ့ခြင်းမရှိသည့်အပြင် ဗြိတိသျှခေတ် Result များ၌လည်း ပါဝင်ခဲ့ခြင်းမရှိ၍ ရုံးလက်ခံ အိမ်ထောင်စု လူဦးရေစာရင်းများ တွင်လည်း ရေးသွင်းထားခြင်းမရှိခဲ့ပါ။
၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းများနှင့် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းများအရ တိုင်းရင်းသားမဟုတ်သည့် နိုင်ငံခြားလူမျိုးအမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလူမျိုးများသာ ဖြစ်ပါ တယ်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားမျိုးနွယ် တစ်ရာကျော်တွင်လည်း ရိုဟင်ဂျာလူမျိုးဟူ၍ မပါရှိခဲ့ပါ။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက် အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား ထုတ်ပေးရေး ဆောင်ရွက်ရာတွင် ရုံးလက်ခံပုံစံ(၁) မှတ်တမ်းများ၌ ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ ခေတ်အဆက်ဆက်ကရောက် ရှိနေထိုင်လာခဲ့သူများမှာ မူစလင်လူမျိုးဟု ရေးသွင်း ခဲ့ပြီး ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းကောက် ယူပြီးနောက် ပုံစံ(၁)များတွင် ဘင်္ဂါလီလူမျိုးအဖြစ်သာ မှတ်တမ်းတင် ခဲ့ပါ ကြောင်း ရိုဟင်ဂျာ သို့မဟုတ် ရိုအင်ဂျာလူမျိုးဟူ၍ မှတ်တမ်း တင်ထားရှိခြင်း မရှိကြောင်း ပြန်လည် ဖြေကြားအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
“မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးရှိပါသလားနှင့်စပ်လျဉ်းသည့်မေးခွန်း” အားရသေတောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ မေးမြန်းရာတွင်-
ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနောက်ဘက်ဒေသဖြစ်တဲ့ ရခိုင်ပြည်နယ်ဟာ နှစ်ပေါင်းရှည်ကြာ ဖြတ်သန်းခဲ့ရသော သမိုင်းဆိုင်ရာ ရှေးဟောင်းစေတီ ပုထိုးလက်ရာများဖြင့် ယနေ့ထက်တိုင် ပြည့်စုံကြွယ်ဝတဲ့ ဒေသ တစ်ခု ဖြစ်ပါတယ်။
ရခိုင်ဒေသဟာ ၁၈၂၄ ခုနှစ် ရခိုင်ပိုင် ရှင်မဖြူမကျွန်းကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့များက လက်နက်အားကိုးဖြင့် အဓမ္မလုယူခြင်းမှ စပြီးတော့ အင်္ဂလိပ်-မြန်မာစစ်ပွဲဖြစ်ပေါ်ကာ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ပြီး အိန္ဒိယ၊ ဘင်္ဂလား၊ စစ်တကောင်းအနေနဲ့ တစ်ဆက် တစ်စပ်တည်းလည်း ဖြစ်ခဲ့ပါတယ်။
ဒီလိုကိုလိုနီစနစ်လက်အောက်မှ ကျရောက်ရခြင်းဆိုးမွေအဖြစ် လည်းကောင်း၊ လွတ်လပ်ရေးရပြီးစ နိုင်ငံ မတည်ငြိမ်တဲ့ အခြေအနေများကြောင့် လည်းကောင်း၊ ယခင်ခေတ်အဆက်ဆက် က နိုင်ငံရေးပါတီများ၏ တာဝန်မဲ့လုပ်ရပ်များကြောင့် လည်းကောင်း၊ ဒေသဝန် ထမ်းတချို့၏ နိုင်ငံရေး၊ အမျိုးသားရေး ခံယူချက်အားနည်းမှုကြောင့်လည်းကောင်း ရခိုင်ပြည်နယ်အတွင်းသို့ နိုင်ငံခြားတိုင်းတစ်ပါးသားများ တရားမဝင် လာရောက်မှု စဉ်ဆက်မပြတ် ရှိနေခဲ့ပါတယ်ရှင့်။
တိုင်းရင်းသား မဟုတ်တဲ့ တိုင်းတစ်ပါးသားတို့ရဲ့ လူဦးရေ ပျံ့ပွားမှု များ၊ တရားမဝင် ဝင်ရောက်လာသူများ တိုးပွားများပြားလာတဲ့အတွက်ကြောင့် ရခိုင်ပြည်နယ်မှာ မလိုလားအပ်တဲ့ တည်ငြိမ်အေးချမ်းမှုကင်းမဲ့တဲ့ ပဋိပက္ခများကို ပြင်းထန်စွာရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်ရှင့်။
၁၉၈၂ ခုနှစ် ပြည်သူ့ လွှတ်တော်ဥပဒေအမှတ် (၄) အဖြစ် ပြဋ္ဌာန်းတဲ့ မြန်မာနိုင်ငံသားဥပဒေ အခန်း(၂) ပုဒ်မ ၃ တွင် နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတစ်ခုခု၌ ၁၈၂၃ ခုနှစ်မတိုင်မီကစ၍ ပင်းရင်းနိုင်ငံအဖြစ် မှီတင်းနေထိုင်ခဲ့တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသားများနဲ့ မျိုးနွယ်စုများဟာ မြန်မာနိုင်ငံ သားများဖြစ်တယ်လို့ တိကျစွာပြဋ္ဌာန်းထားတာကိုလည်း တွေ့ရှိရပါတယ်ရှင်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပြဿနာအပေါ်မူတည်ပြီး တော့ ရိုဟင်ဂျာဆိုတဲ့နာမည်ကို ပြောဆိုသုံးနှုန်းခြင်း၊ သူတို့က ဘင်္ဂါလီဆိုတဲ့အသုံးနှုန်းကို သုံးနှုန်းပြောဆိုကြခြင်း များ ပြုနေကြကြောင်းကိုလည်း တွေ့မြင်သိရှိနေရပါတယ်ရှင်။
အဲ့ဒီအခေါ်အဝေါ်ပေါ် မူတည်ပြီးတော့ မလိုလားအပ်တဲ့ ပြဿနာ များနှင့်ပဋိပက္ခများ ဖြစ်ပေါ်လျက် ရှိနေတာကိုလည်း သိနေရပါတယ်ရှင်။
အဲ့ဒီအတွက်ကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်သောဝန်ကြီးဌာနကို အောက်ပါမေးခွန်းများကို မေးမြန်းလိုပါတယ်ရှင်။
(က) မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဆိုသော လူမျိုးရှိပါသလားရှင်။
(ခ) ရှိသည်ဆိုပါက မည်သူများဖြစ်ကြပါသလဲ။ (ဂ) မရှိဘူးဆိုပါက အထောက်အထားနဲ့ ညွှန်းဆိုပြောပြနိုင်ပါသလားရှင်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
ပြည်သူ့လွှတ်တော်
thit htoo lwin blog facebook

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်