ဦးပိုင်(၂၄)နှင့်ဦးပိုင်(၂၆/၂)မှားယွင်းကာ မသက်ဆိုင်သူများသို့ အဓမ္မတိုးဝှေ့ဝင်ရောက်ခဲ့ခြင်း


ဘိလစ်အရာရှိပုံ

            မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ဘိလစ်အရာရှိက ဦးပိုင်(၂၄)နှင့် (၂၆/၂) ကိုမှားယွင်း၍ ဝရမ်းနှင့်မသက်ဆိုင်သော ကျောင်းဆရာမတစ်ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ညီအစ်မသုံးယောက်ကို အတင်းတိုးဝှေ့ဝင်ရောက်ရန်ကြိုးစားခဲ့ကြကြောင်းသိရှိရပါသည်။
             နှမချင်းမစာနာဘဲ မြေဖျက်သိမ်းလိုသော ဆန္နဖြင့် တားဆီးထားသော ကိုယ်ဝန်အရင့်အမာနှင့် မိန်းမတစ်ယောက်ကိုပင် မရှောင်နိုင်ဘဲ ဘိလစ်အရာရှိမှ မှားယွင်းနေသောဝရမ်းကိုအကြောင်းပြု၍ အတင်းအဓမ္မဝင်ရောက်ရန် ကြိုးပမ်းခဲ့ပါသည်။ (ပုံ -၁)
            မတရားသောနည်းဖြင့် အကျင့်ပျက်ခြစားသော မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ဘိလစ်တစ်ဦး၏ ပုံဖြစ်ပါသည်။ (ပုံ -၂) (မှတ်ချက် - လွယ်အိတ်လွယ်ကာ စာရွက်စာတမ်းများကိုင်ထားသူ)
             ဒီမိုကရေစီရလာပြီဖြစ်သောကြောင့် မတရားမှုကို လက်မခံနိုင်သော ပြည်သူများမှ စိတ်ဝင်တရားကြည့်ရှုနေကြပြီး မီဒီယာများမှလာရောက်မေးမြန်းကြပုံဖြစ်ပါသည်။ (ပုံ - ၃)

              ထို့နောက် ဘိလစ်စာရေးနှင့်အပေါင်းအပါများမှာ မတတ်သာ၍ ပြန်သွားကြရပြီး ယခုလည်း မှားယွင်းနေသော ဝရမ်းစာဖြင့် ဖေဖော်ဝါရီလ(၂၈)ရက်နေ့အမီ ပိုနေသောအပိုင်းများကိုဖယ်ရှားပေးရမည်ဟု လာရောက်ပြောကြားသွားခဲ့ကြောင်းကိုလည်း သိရှိရပါသည်။
             

0 မှတ်ချက်များ: