ပဲခူးတိုင်း ဖြူး မြို့  နယ် တွင်း ရှိ သပြေ လှ ချောင်း ထဲ တွင် တွေ့ ရှိရသည့် အပိုင်းပိုင်းပြတ်နေသော အမျိုး သမီး အလောင်း တစ်ခု အား ဖေဖော်ဝါရီလ ၁၄ ရက်နေ့  မနက်တွင် ပီနံ အိတ် တစ်ခု ထဲ တွင် ထည့် သွင်း ထား ပြီး တွေ့  ရှိရသည် ဟု ဖြူး မြို့ နယ် ရဲတပ် ဖွဲ့  မှုး ရုံး မှ ရဲ ၀န်ထမ်း တစ်ဦး က FNG ကို ပြောသည်။
စတင် တွေ့  ရှိ ချိန် က ဦးခေါင်းမ ပါ လာ သော် လည်း ထို့  နေ့ ညနေ တွင် ခန္တာ ပိုင်းကို တွေ့  ရှိ ရာ နှင့် မိုင် အနည်း ငယ် အကွာ တွင် ဦးခေါင်း ကို တွေ့  ထပ်မံ တွေ့  ရှိရသည်။
ဖြူး မြို့  နယ် ပြည်သူ့  ဆေး ရုံ ကြီး မှာ သေမှု သေခင်း ဆိုင်ရာ စစ်ဆေး ချက် များ ကိုမကြာခင် ထုတ် ပြန် ပေး မည် ဟု ပြောကြားခဲ့ ပြီး ဦးခေါင်း နှင့် ခန္တာ ကိုယ် မှာ တစ်ဆက် စပ် တည်း ဖြစ်သည် ဟု သတင်း ထုတ် ပြန်သည်။

ရွာသား တစ်ဦး ၏ အသိပေး ချက် အရ တွေ့ ရှိသော အမျိုး သမီး အလောင်းသည် ဖြူး မြို့  တစ် မြို့ လုံး သဲ ထိတ် ရင် ဖို ဖွယ် ပင် ဖြစ်နေသည် ဟု သိရသည်။
ဖြူး မြို့  မှ ပညာရေး ၀န်ထမ်း တစ်ဦး က ကလေး တွေ ကို မျက်စေ့ အောက်က အပျောက်မခံ တော့ ဘူး ၊ ညနေ ဆို အပြင် ကို မလွှတ်တော့ ဘူး ၊ သတင်း က တစ်မြို့  လုံး အုတ်အော် သောင်းနင်း ပဲ ဟု FNG ကို ပြောသည်။
ဖြူး မြို့ နယ် ရဲ စခန်း က ပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်ထား ပြီး တရားခံ ကို ဖမ်းမိရေး အတွက်အပူ တပြင်း ကြိုး ပမ်း လျှက် ရှိသည်။
သေဆုံးသူ မှာ ဖြူး မြို့  မှ မဟုတ် ဟု သိရသည်။
ပုံ တွင် တွေ့  ရသည် မှာ ဖြူး မြို့  ၏ အထင် ကရ အမျိုးသား ကျောင်း ဖြစ်သည်။
freedomnewsgroup

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်