တတိယ မြောက် နေ့  မှာ တော့ မိတ္ထီလာ မြို့  မငြိမ်သက် မှု ဟာ တာဝန် ကျ ရဲတပ်ဖွဲ့  ၀င် တွေ နဲ့  ထိမ်းလို့  မရတော့ ဘဲ အခြေ အနေ ပိုဆိုးလာ တယ် လို့  မိတ္ထီလာ မြို့  ခံတစ်ဦး က ပြောပါတယ်။ ဘယ်က မှန်း မသိ တဲ့ ဘုန်းကြီး တွေ က လူ အုပ် စု တစ်စုနဲ့  အတူ ဓါးတွေ တ၀င့် ၀င့် နဲ့  မို့  နာမည် နဲ့  အလုပ် အကိုင် ကို မပြော ရဲ ပါ ကြောင်းရန်ကုန် က လာတဲ့ သတင်း ထောက် အုပ်စု ကို လည်း ဖမ်းထား ပါ ကြောင်း သူ ကဆက် ပြောပါတယ်။
နန်းတော် ရာ ရပ် ကွက် မှာ လည်း မီးတွေ လောင်နေတယ် ၊ ချမ်းအေး ဘက်မှာလည်း မီးတွေ လောင် နေတယ်။ ရဲက ပိတ်မိနေတဲ့ မွတ် ဆလင် တွေ ကို တောင်မကယ် နိုင်သေး ဘူး၊ လမ်းတွေ မှာ မီး ကျွမ်းနေတဲ့ အလောင်း တွေ တော့ တွေ့ တယ်။ ဘယ်လောက် သေပြီ လဲ မပြောတတ် သေး ဘူး ၊ ဒီနေ့  တင် တွေ့ ရတဲ့ အလောင်း က ရှစ်လောင်း လောက် ရှိတယ် လို့  သူ က တယ်လီ ဖုန်း နဲ့  FNG ကို ပြောပါတယ်။
အခြား မိတ္ထီ လာ မြို့ ခံ တစ်ဦး ကတော့ အဲဒီ ဘုန်းကြီး အဖွဲ့  က ဗလီ တွေ ကို မဖျက်ပေး ရင် ရပ် ကွက် ကို မီး နဲ့  ရှို့  မယ် ဆို လို့  ဖျက် ပေး နေရတယ် ဗျ လို့  FNG ကိုပြောပါတယ်။
မတ်လ ၂၀ ရက်နေ့  က စတဲ့ ဘာသာရေး ၊ လူ မျိုး ရေး ဆန် တဲ့ ပဋိပက္ခကြောင့် အဆောက် အဦ ၁၀၀ ထက် မနည်း မီး ရှို့ ဖျက်ဆီးခံ ခဲ့ ရပါတယ်။
မိတ္ထီလာ ဘောလုံး ကွင်းထဲ မှာ ခိုလှုံ နေတဲ့ မွတ် ဆလင် တွေ ကို ဒေသခံ ကူညီကယ်ဆယ် ရေး အဖွဲ့  တွေ ၊ အစိုးရ တာဝန် ရှိ သူ တွေ နဲ့  နယ်ဝေး က လာကြတဲ့ကူညီရေး အဖွဲ့  တွေ က စောင့်ရှောက်ထားကြပါတယ်။
freedomnewsgroup
Photo : AP, AFP, Reuters, ခွန်ဒီးယမ်

0 မှတ်ချက်များ:
မှတ်ချက်ပြုရန်