Google ဒိုမိန်းအသစ်မြန်မာအချက်အလက်အဓိက ရှာဖွေရန်ရည်ရွယ်

မြန်မာနိုင်ငံသို့ ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်Mr. Eric Schmidt မကြာမီ တစ်ရက်အလို မှစတင် အသုံးပြုခွင့် ရခဲ့သည့် Google.com.mm ဒိုမိန်းမှာ မြန်မာနှင့် သက်ဆိုင်သည့် အချက်အလက်များအား အဓိကထား ရှာဖွေပေးနိုင်မည်ဟု ဂူးဂဲလ် ကုမ္ပဏီပြန်ကြားေ ရးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနမှMs. Ammy ကပြောသည်။

မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ ဦးဇော်ထွဋ်က ''အရင်က ရိုးရိုး .com သုံးပြီး ဂူးဂဲလ်မှာ တစ်ခုခုရှာမယ်ဆိုရင် ကိုယ် ရှာချင်တဲ့ ပြည်တွင်းက အရာက မရင်မတက်ဘူး။.mm နဲ့ ရှာမယ်ဆိုရင် မြန်မာပြည်တွင်း အချက်အလက်ကို သူက ဦးစားပေးပြမယ်'' ဟု အသုံးပြုနိုင်ပုံနှင့် စပ်လျဉ်း၍ ပြောသည်။

ထို့ပြင် ဂူးဂဲလ်မှ အန်းဒရွိုက်စနစ်သုံး ဂူးဂဲလ်အယ်ပလီကေးရှင်း စတိုးအား အွန်လိုင်း၌ တရားဝင် ဖွင့်လှစ်ပေးနိုင်ချေရှိပြီး ပြည်တွင်းမှ မိုဘိုင်း အယ် ပလီကေးရှင်းရေးဆွဲသူ များအတွက် အလားအလာကောင်းများ ရှိလာနိုင်ကြောင်း နည်းပညာ ကျွမ်းကျင်လူငယ်များက ဆိုသည်။

ဂူးဂဲလ် အနေဖြင့် မြန်မာနိုင်ငံ၏ အိုင်တီနည်းပညာ ကဏ္ဍ၌သာမက ပညာရေး ကဏ္ဍပိုင်း၌ပါ ကူညီပေးလိုပြီး မြန်မာနိုင်ငံအစိုးရနှင့် တွေ့ဆုံ ဆွေးနွေး မှုများပြုလုပ်ရာ၌လည်း ပုဂ္ဂလိကအနေဖြင့် လုပ်ကိုင်နိုင်မည့် ကဏ္ဍအပိုင်းများ ပိုမိုဖြစ်ထွန်း လာစေရေးကို
ဦးစားပေး ပြောကြားသွားမည် ဖြစ်ကြောင်း ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်Mr. Eric Schmidt ကဆိုသည်။

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်အနေဖြင့် ဂူးဂဲလ် အမှုဆောင်အရာရှိချုပ်နှ င့် ဆွေးနွေးပြောဆိုမှုများ မပြုလုပ်ရသေးကြောင်း၊ ယင်းအတွက် အသင်းချုပ်နှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်သွားမည်ကိုမူ ပြောကြားနိုင်သေးမည် မဟုတ်ကြောင်း အသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။

Google အမှုဆောင် အရာရှိချုပ်Mr. Eric Schmidt မှာ မြန်မာနိုင်ငံသို့ မတ်လ ၂၂ ရက်နေ့တွင် လာရောက်ခဲ့ပြီး MICT Park အစည်းအဝေး ခန်းမ၌ မြန်မာ့အနာဂတ် လူငယ်ခေါင်းဆောင်များ၊ နည်းပညာ စိတ်ဝင်စားသူလူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် စကားဝိုင်းပုံစံ ဆွေးနွေးပွဲ တစ်ခုအား ၂ နာရီနီးပါးခန့် ပြုလုပ်ခဲ့သည်။

သုတလင်း — Popular Myanmar News Journal

0 မှတ်ချက်များ: