ကွာလာလမ်ပူတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုကျ မြန်မာသုံးဦးသေ တစ်ဦးဒဏ်ရာရ

ကွာလာလမ်ပူ - ဇူလိုင်-၄ ။ ။ ဇူလိုင် ၃ ရက်က တာမန်ဆီရာအူကေး ပါဒါနာ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုတွင် မြေပြိုမှုဖြစ်ပွား ရာ မြန်မာဆောက်လုပ်ရေးလုပ် သားများ သေဆုံးခဲ့ပြီး တစ်ဦးမှာ ခြေထောက်ကျိုးသွားခဲ့ကြောင်း သိရ သည်။

သေဆုံးသူ သုံးဦးမှာ မို ဟက်အလန်၊ ကိုရင်နှင့် ရိုဆိုအ လီတို့ဖြစ်ပြီး ယင်းတို့မှာ အသက် ၂၉ နှစ်နှင့် ၃၄ နှစ်အကြားဖြစ် ပြီး မြေပြိုကျမှုကြောင့် ပိပြီး သေ ဆုံးခဲ့ခြင်းဖြစ်သည်။

ဆီလန်ဂေါမီးသတ်နှင့် ကယ်ဆယ်ရေးဌာန ဒါရိုက်တာ မိုယက်ဆန်နီဟာရူးက ပြောကြား ရာတွင် ''မြေပြိုမှုဟာ ဇူလိုင် ၃ ရက် ၁၁ နာရီခွဲခန့် ဖြစ်ပွားခဲ့တာ ပါ။

ဒီလုပ်ငန်းခွင်မှာ အလုပ်သမား ရှစ်ဦးဟာ ရေမြောင်းတူးဖော်တဲ့ အလုပ် ကို လုပ်နေခဲ့ကြတယ်''ဟု ပြောသည်။ ပြိုကျသော မြေနေရာမှာ သုံးမီတာမြင့်သည်။ ဖြစ်စဉ်မှာ အလုပ်သမား လေးယောက်အပေါ်သို့ မြေပြို ကျခဲ့ခြင်းဖြစ်ပြီး တစ်ဦးမှာ ခြေ ထောက်ကျိုးသွားခဲ့သည်။

ယင်း တစ်ဦးကို ကျန်အလုပ် သမား များ က ကယ်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ ''ကျွန်တော်တို့က သေဆုံး သွားခဲ့တဲ့သူ သုံးဦးကို တစ်နာရီ ခွဲလောက် မြေအောက်က ဖော် ထုတ်ခဲ့ရတယ်။

ဒဏ်ရာရရှိသွား တဲ့ အလုပ်သမားကို အမ်ပန်းဆေး ရုံကို တင်ပို့ခဲ့တယ်''ဟု မီးသတ် နှင့် ကယ်ဆယ်ရေးဌာန ဒါရိုက် တာက သတင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားခဲ့သူ သုံးဦး၏ အလောင်းကို ခွဲစိတ်မှုများပြုလုပ် ရန် ကွာလာလမ်ပူဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ် နှင့် ပတ်သက် ၍ မီးသတ်နှင့် ကယ်ဆယ် ရေးဌာ နသို့ ၁၁ နာရီခွဲတွင် အကြောင်း ကြားလာခဲ့ရာ မီးသတ်သမားရှစ် ဦးက ၁၁ နာရီ မိနစ် ၅၀ တွင် ယင်းနေရာသို့ ရောက်ရှိသွားခဲ့ ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင် ပေးခဲ့ ကြောင်း သိရ သည်။

ယင်းနှင့် ပတ်သက် ၍ ပါလီ မန်အမတ် အက်ဇ်မင်းအလီ က ပြောကြားရာ တွင် ယင်းမြေပြိုကျ မှုမှာ သဘာဝဘေးအန္တရာယ် ကြောင့် မဟုတ်ကြောင်း အလုပ် ခွင်၌ မတော်တဆ ဖြစ်ပွားမှု သာ ဖြစ်ကြောင်း ပြောကြား ခဲ့ သည်။

အမ်ပန် ဂျာယာ မြူနီစပယ် ကောင်စီက ဆောက်လုပ်ရေးလုပ် ငန်းခွင်အား စုံစမ်းစစ်ဆေးမှုပြီး စီးသည်အထိ ရပ်ဆိုင်းထားရန် အမိန့်ထုတ်ပြန် ထားကြောင်း သိ ရသည်။

Yangon Media

0 မှတ်ချက်များ: