ဒေါ်အောင်ဆန်းစုကြည် နဲ့  ကာကွယ်ရေး ဦးစီးချုပ် တွေ့ ဆုံရန် မလို ဟု ဦးရဲထွဋ် ပြော

၂၀၀၈ ခုနှစ် ဖွဲ့  စည်း ပုံ အခြေခံ ဥပဒေ ပြင်ဆင် ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ်
က နေ ကာကွယ်ရေး ဦးစီးချုပ် ၊ သမ္မတတို့  နဲ့  တွေ့ ဆုံ ဖို့  အတွက် ဗဟို အလုပ်မှုဆောင် အဖွဲ့ 
က ထုတ် တဲ့ စာ ကို သမ္မတ ရဲ့  ပြော ရေး ဆိုခွင့် နဲ့  ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး
ဖြစ်သူ ဦးရဲထွဋ် က ပယ် ချ လိုက်တယ် လို့  ဒီနေ့  ထုတ် ဝေ တဲ့ Voice သတင်းစာ မှာ
ဖော် ပြထား ပါတယ်။

ဦးရဲထွဋ် က လွှတ်တော်ထဲ မှာ တပ်မတော် သား တွေ ရှိ ပြီး သား မို့  ကာကွယ်ရေး ဦးစီးချုပ် နဲ့ 
ဒေါ်အောင်ဆန်းစုကြည် တွေ့ စရာ မလို ဘူး ဆို ပြီး ပယ်ချ လိုက်တာ ဖြစ် ပါတယ်။

မနေ့ က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့  တိုင်းရင်း သား လူမျိုးများ
ဖက်ဒရယ် ကောင်စီ (UNFC) တို့  တွေ့ ဆုံ စဉ် မှာ
ဖွဲ့  စည်း ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့  အသစ် ရေး ဆွဲ ရေး တွေ ကို သဘော တူ ခဲ့ ကြ ပါတယ်။

တကယ်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့  ကာကွယ်ရေး ဦးစီးချုပ်
တွေ့ ဆုံ မှု မှာ ဦးရဲထွဋ် အနေ နဲ့  က တားဆီး နိုင်ခွင့် ၊ ခွင့် ပြု နိုင် ခွင့် စတဲ့ ဘာ အခွင့် အာဏာ မှ
မရှိ ဘူး လို့  ရန်ကုန် မြို့  က နိုင်ငံ ရေး အကျဉ်းသား ဟောင်း တစ်ဦး က FNG ကို ပြော ပါတယ်။

ဗီအိုအေ မြန်မာ ပိုင်း အစီအစဉ် ကို ပြောကြား ရာ မှာ တော့ ဦးရဲထွဋ် က
၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်းပဲ
လွှတ်တော် ကနေ အစပြုရမှာပေါ့နော်။ လွှတ်တော်က ပြင်လို့ရတဲ့အပိုင်းဆို လွှတ်တော်ကပြင်၊
ပြည်သူက ဆုံးဖြတ်တဲ့အပိုင်းဆို ပြည်သူကပြင်။ ပြည်သူကဆုံးဖြတ်တဲ့အတိုင်းပဲ ကျနော်တို့က
လက်ခံဖို့အသင့်ရှိပါတယ် ” လို့  ပြောကြား ခဲ့ ပါတယ်။

UNFC ခေါင်းဆောင် တွေ ကိုယ်တိုင် က ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ တွေ မှာ ကာကွယ် ရေး ဦးစီး
ချုပ် ကိုယ် တိုင် ပါဝင် ဖို့  တိုက် တွန်းထား ပါတယ်။

ဖွဲ့  စည်း ပုံ အခြေခံ ဥပဒေ ပြင် ဆင် ရေး အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် က လူထု
စည်းဝေး ပွဲ တွေ ပြု လုပ် ရာ မှာ ပြည်သူအများစု က စိတ် အား တက် ကြွ မှု ရှိ တဲ့ အတွက် အစိုး
ရ က ဒါကို ကာဆီး နေ မယ် ဆို ရင် လူထု အုံကြွမှု လို မျိုး ၊ မတည်ငြိမ် မှု တွေ ဖြစ် လာ နိုင် ပါတယ်။

http://freedomnewsgroup.com/2013/11/26/constitution/

0 မှတ်ချက်များ: