အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကျင်းပမည့် ရန်ကုန်ရှိ နေရာငါးခုတွင် အခမဲ့အင်တာနက် အသုံးပြုနိုင်မည့် wifi စနစ် အသုံးပြုနိုင်ပြီဖြစ်သည်ဟု အဆိုပါဝန်ဆောင်မှုကို ဆောင်ရွက်ပေးသည့် red Link ကုမ္ပဏီမှ ဈေးကွက် မန်နေဂျာ ဦးမျိုးမြင့်ညွန့်က နိုဝင်ဘာ ၂၇ ရက်တွင် မဇ္ဈိမကို ပြောသည်။
အခမဲ့အင်တာနက်အသုံးပြုနိုင်သည့် နေရာများမှာ ရန်ကုန်သုဝဏ္ဏအား
ကစားကွင်း၊ အားကစားရုံ၊ သိမ်ဖြူကွင်း၊ မြောက်ဒဂုံသေနတ်ပစ်ကွင်းနှင့် MCC ခန်းမတို့ ဖြစ်ပြီး ယင်းနေရာများတွင် အားကစား ပြိုင်ပွဲကျင်းပပါက လာရောက်ကြည့်ရှုမည့်ပရိသတ်များပါ အခမဲ့အသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါနေရာများတွင် အင်တာနက်အသုံးပြုပါက လူတစ်ဦးလျှင် အနည်းဆုံး အမြန်နှုန်း 512 G အသုံး ပြုနိုင်မည်ဖြစ်သည်ဟုလည်း ဦးမျိုးမြင့်ညွန့်ကဆိုပြီး စုစုပေါင်းပေးထားသည့်ပမာဏကိုမူ ပြောကြားခြင်း မရှိပေ။
၎င်းက “အဲဒီနေရာတွေမှာ Wireless device တစ်ခုခုပါမယ်ဆိုရင် အင်တာနက်သုံးလို့ရပါတယ်။ အခုက တည်းက ကျွန်တော်တို့လွှင့်
ထားပေးပါတယ်။ အမြန်နှုန်းက အနည်းဆုံးတော့ 512 G သုံးလို့ရပါ တယ်”ဟု ဆိုသည်။
ယင်းသို့အခမဲ့အင်တာနက်အသုံးပြုနိုင်သည့်နေရာများမှာ ရန်ကုန်တွင် အထက်ဖော်ပြပါနေရာ ငါးနေ ရာနှင့် ငွေဆောင်တွင် တစ်နေရာ စုစုပေါင်း ခြောက်နေရာတွင် Red Link မှ ၀န်ဆောင်မှုပေး မည်ဖြစ်ပြီး ဆီးဂိမ်းအားကစားပွဲကျင်းပမည့် အခြားနေရာများဖြစ်သည့် နေပြည်တော်နှင့် မန္တလေးတို့တွင် Global Telephone (Sky net) က ၀န်ဆောင်မှုပေးမည်ဖြစ်သည်။
ယင်းအပြင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း ဆောင်ရွက်ပေးထားသည့်ဝန်ဆောင်မှုများရှိပြီး အရေးကြီးပုဂ်္ဂိုလ်များနှင့် သတင်းမီဒီယာများ အသုံးပြုနိုင် ရန်အတွက် Long Term Evolution(LTE) စနစ်သုံး ၀ိုင်ဖိုင်ဝန်ဆောင်မှုကို စီစဉ်ထားမည်ဖြစ်သည်ဟု လည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်န်ကြားရေးမှူး ဦးအောင်မော်က နိုဝင်ဘာ ၂၇ ရက် ထုတ် နိုင်ငံပိုင်သတင်းစာ များတွင် ပြောကြားထားသည်။
အဆိုပါစနစ်အသုံးပြုနိုင်ရန်အတွက် စက်စခန်းများကို နေပြည်တော်တွင် ၂၈ စခန်း၊ ရန်ကုန်တွင် ၁၇ စခန်း၊ မန္တလေးတွင် စခန်းလေးခုနှင့် ငွေဆောင်တွင် စခန်းတစ်ခုကို ဂျပန်နိုင်ငံ JICA အဖွဲ့အစည်း၏ အကူအညီဖြင့် တပ်ဆင်သွားမည်ဖြစ်သည်။
ယင်းအပြင် နေပြည်တော်တွင် Information Center ဖြစ်သည့် Call Cente ကို ဖွင့်လှစ်ရန် စမ်းသပ် နေပြီး အဆိုပါ Call Center တွင် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဖြေဆိုပေးနိုင် မည်ဖြစ်ကာ ကျန်းမာရေး နှင့်ပတ်သက်သော ဆေးရုံ၊ ဆေးခန်းများ၏ လိပ်စာများကို ဖော်ပြပေးမည်ဖြစ် သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးသိန်းဟုတ်ကလည်း နိုဝင်ဘာ ၂၇ ရက် ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ယင်းစင်တာတွင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဖြေဆိုပေးမည်ဖြစ်ပြီး ထိုင်း၊ မလေး၊ တရုတ်နှင့် ဂျပန်ဘာသာ စကားများအတွက် ရန်ကုန်ရှိCall Center နှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်သည်။
ဆီးဂိမ်းအားကစားပြိုင်ပွဲကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့်
ငွေဆောင်တို့တွင် ကျင်းပသွားမည်ဖြစ် ပြီး ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ ကျင်းပမည် ဖြစ်သည်။
Mizzima - News in Burmese
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်