နောက်ဆုံး ကျင်းပခဲ့သည့် ၂၀၀၉ လာအို ဆီးဂိမ်းနှင့် ၂၀၁၁ အင်ဒိုဆီးဂိမ်းများတွင် ချန်ပီယံ ဖြစ်ခဲ့သည့် မလေးရှား အမျိုးသား ယူ-၂၃ အသင်းသည် ယမန်နေ့ညက နေပြည်တော် လေဆိပ်သို့ဆိုက်ရောက်လာ ခဲ့ပြီးနောက် ယနေ့ (နိုဝင်ဘာ ၂၉) နံနက်ပိုင်းတွင် နေပြည်တော်
ဇေယျာသီရိကွင်း၌ လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်သည်။
နှစ်နှစ်ဆက် ချန်ပီယံ မလေးရှား အသင်းအနေဖြင့် ယင်းတို့၏ ချန်ပီယံသရဖူကို ကာကွယ်ကာ(၃)နှစ် ဆက် ချန်ပီယံအဖြစ် သမိုင်းမှတ်တမ်း ရေးထိုးနိုင်ရန် ရည်ရွယ်ကာ ယခုကဲ့သို့ စောစီးစွာ လာရောက် လေ့ကျင့်ခြင်း ဖြစ်ဖွယ်ရှိပြီး ဒီဇင်ဘာ (၇)ရက်တွင်မှ စတင်မည့် ဘောလုံးပြိုင်ပွဲ အတွက် (၈)ရက် ကြို တင်ကာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မလေးရှား အသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ခြေစမ်းပွဲများစွာ ကစားထားသည့် အပြင်မာဒေး ကား ဖလားပွဲကိုလည်း ဖိတ်ခေါ်ကျင်းပခဲ့ပြီးချန်ပီယံအဖြစ် ဗိုလ်စွဲထားသည်။ ထိုအပြင် ဆီးဂိမ်း လက် ရှိချန်ပီယံ အသင်းသည် ယင်းတို့၏ သရဖူ ကာကွယ်ရေးအတွက် ဥရောပနိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဆလိုဗက်ကီးယား နိုင်ငံသို့လည်း
သွားရောက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။အသင်း၏ ပြင်ဆင်မှု များနှင့် ပတ်သက်၍ မလေးရှား ယူ-၂၃အသင်း နည်းပြချုပ် အွန်ကင်ဆွီးက အုပ်စုအဆင့်ကို အလွယ် တကူ ကျော်ဖြတ်နိုင်မည်ဖြစ်ပြီး ကစားသမား ခြောက်ဦး အပြောင်းအလဲ လုပ်လာသည်ဟု ပြောသည်။
“ကျွန်တော့အသင်းအနေနဲ့ ဒီပြိုင်ပွဲမှာ အခြေအနေကောင်းဖို့ ကျွန်တော်မျှော်လင့်ထားပါတယ်။ကျွန် တော့်အသင်းမှာဝါရင့်တွေ ပါနေသလို လူငယ်ပါရမီရှင်တွေလည်း ပါလာပါတယ်။ ကျွန်တော်ကတော့ လူငယ်တွေကို နေရာပေးမှာပါ။ ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။
အင်ဒို ဆီးဂိမ်းတုန်းကလိုပဲ ရွှေတံ ဆိပ်ကို ပြန်လည်ရယူဖို့ပါ။ ကစားသမား ခြောက်ဦးလောက်တော့အပြောင်းအလဲ လုပ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။
မလေးရှားယူ-၂၃အသင်းသည် ဆီးဂိမ်းပြိုင်ပွဲတလျှောက်ရွှေ
တံဆိပ်ခြောက်ကြိမ်ရရှိထားပြီး ရွှေတံဆိပ် ၁၁ ကြိမ်ရထားသောထိုင်း
အသင်းစံချိန်ကိုအမီလိုက်ရန်ရည်ရွယ်ထားသည်။မလေးရှားယူ-၂၃ အသင်း မန်နေဂျာအက်ဖန်ဒီကလာမည့် ဆီးဂိမ်းတွင်ရွှေတံဆိပ်အလွယ်တကူရရန် မရနိုင်ကြောင်းနှင့် အသင်း ခြောက်သင်းခန့်အပြိုင်ကစားရမည်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။“
“ဟိုအရင်နှစ်တွေတုန်းကဆို ဆီးဂိမ်းပြိုင်ပွဲမှာ အသင်းသုံးသင်းလောက်ပဲဆီးမီးဖိုင်နယ်တက်မှာ ကျိန်းသေနေပြီးပြိုင်ဆိုင်မှုတွေကသိပ်ပြီးမပြင်းထန်ခဲ့ဘူးအခုချိန်မှာ
ကအရင်လိုမဟုတ်တော့ဘူး
ချန်ပီယံဆု အတွက်အပြိုင်အဆိုင်ဖြစ်မယ့်အ
သင်းတွေက ခြောက်သင်းလောက်ရှိပြီး ချန်ပီယံဆု အတွက်ပြိုင်ဆိုင် မှုကအရင်နှစ်တွေထက် ပိုပြီးခက်ခဲလာမှာပါ” ဟု ၎င်းကဆိုသည်။
မလေးရှားအသင်းသည် ဆီးဂိမ်းအုပ်စု(က)တွင်ဗီယက်နမ်၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။
Mizzima - News in Burmese
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်