မိုးကုတ်မြိုမှာ ဒီနေ့ ဇန်န၀ါရီ ၂၁ ရက်နေ.လည်ပိုင်းက အောင်ချမ်းသာဈေးမှာရှိတဲ့ နဂါးနဲ့ မီလျှံရွှေဆိုင်ကို အင်အား၆ယောက်သေနတ် ၂လက်ပါတဲ့ လက်နက်ကိုင်တစုက ၀င်ရောက် ဓါးမြတိုက်ခဲ့လို့ ရွှေ ၄ပိဿာလောက် ပါသွားခဲ့ပါတယ်။
အားလုံးငြိမ်ငြိမ်နေလို့ ဓါးမြတွေကအမိန့်ပေးထားချိန်မှာ မျက်စောင်းထိုးမှန်ဆိုင်က အသက် ၅၃ နှစ်အရွယ် ဂေါ်ရခါး အမျိုးသားတဦးက ထကြည့်တဲ့အတွက် သေနတ်နဲ့ပစ်လိုက်တာကြောင့် အဆိုပါ အမျိုးသားမှာ ဘယ်ဘက်ရင်အုံထိမှန်ပြီး ဆေးရုံအရောက်မှာ
သေဆုံးသွားတယ်လို့ မိုးကုတ်ရဲစခန်းက အတည်ပြု ပြောကြားပါတယ်။
ဓါးပြအဖွဲ့ကို လက်ရမဖမ်းဆီးနိုင်သေးပေမယ့် ပတ်ဝန်းကျင် မျက်မြင်တွေအပြောအရ ဓါးမြအချင်းချင်းသုံးနုန်းတဲ့ ဘာသာစကားဟာ လီရှောတိုင်းရင်းသား ဘာသာစကားဖြစ်တယ်လို့
သိရတဲ့အတွက် ရဲစခန်းက ဆက်လက်စုံစမ်းဖေါ်ထုတ်နေ
တယ်လို့ ပြောပါတယ်။
BBC Burmese
Photo From Shout Shout
Popular Myanmar News Journal
မိုးကုတ်မြို့ ရွှေဆိုင်နှစ်ဆိုင် သေနပ်ပစ် အနုကြမ်းစီးခံရ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
မန္တလေး၊ ဇန်န၀ါရီ ၂၁
ယနေ့ နေ့လယ် ၂နာရီခန့်တွင် မိုးကုတ်မြို့ အောင်ချမ်းသာရပ်၊ ပတ္တမြားဈေးအတွင်းရှိ ရွှေဆိုင်နှစ်ဆိုင်
သေနပ်ပစ်ခက် အနုကြမ်း စီးခံ ရပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရှိခဲ့ကြောင်း မိုးကုတ်မြို့မရဲစခန်းမှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ လူခြောက်ဦးခန့်မှ ဆိုင်ကယ်သုံးစီးဖြင်လာရောက်ခဲ့ပြီး ဆိုင်ကယ်အား ဈေးအပြင်တစ်နေ ရာတွင် ထားကာ
ဈေးအတွင်းရှိ နဂါးရွှေဆိုင်သို့ သေနက်ဖြင့် ပစ်ခက်ခြိမ်းခြောက်ကာ အသင့်ပါလာသော တူ ဖြင့် ရွှေထည့်ထားသော
မှန်ကောင်တာများအား ရိုက်ခွဲကြောင်း
အသင့်ပါလာသော အိတ်ထဲသို့ ထဲ့ခဲ့ပြီး မျက်နှာချင်း ဆိုင် ဖြစ်သည့် မီလျှံ ရွှေဆိုင်မှာ မှန်ကောင်းတာများအား
အလားတူရိုက်ခွဲကာ အိတ်ထဲသို့ ထည့်ခဲ့ကြောင်း ထို့ နောက် ပြန်အထွက်တွင်
သေနပ်ဖြင့် ရမ်းသမ်းပစ်ခက်သောကြောင့်
ဝန်ထမ်း အသက်လေးဆယ် ခန့် အမျိုးသားတစ်ဦး၏
ရင်အုံသို့ ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း
မီလျှံရွှေဆိုင်ပိုင်ရှင်၏ သမက်မှာ ပေါင်ခြံသို့ ထိမှန်၍ မိုးကုတ်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း
မိုးကုတ်မြို့မ ရဲစခန်းမှ ဒုရဲအုပ် နိုင်ဝင်းက ပြောသည်။
ဖိုးလပြည့်
Popular Myanmar News Journal
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်