မြန်မာ့ပထမဆုံးမှော်ကျောင်းတော်မှ တည်ထောင်သူဆရာကမော်ဏနှင့်အင်တာဗျူး

                Kamawna Academy of Magicks (KAM) လို့အမည်ပေးထားတဲ့ မှော်ပညာကျောင်းတော်တစ်ခုကို မကြာမီမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး လက်ရှိအချိန်တွင် အွန်လိုင်းသင်ကြားမှုစနစ်ဖြင့် သင်ခန်းစာများပို့ချပေးလျက်ရှိကြောင်း သိရှိရသဖြင့် ကမ္ဘာ့ရွာကလေး မှ Kamawna Academy of Magicks (KAM) ၏ Headmaster တစ်ဦးဖြစ်သူ Master Kamawna နှင့်ယခုလိုအင်တာဗျူးဖြစ်ခဲ့ပါသည်။




မေး - မင်္ဂလာပါအစ်ကိုရေ . .။
ဖြေ - ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ . . .။


မေး - ပထမဦးဆုံးအနေနဲ့ KAM ဆိုတဲ့မှော်ကျောင်းတော်အစီအစဉ်ကို လုပ်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်လေးကို ပြောပြပေးပါခင်ဗျ။
ဖြေ - ရည်ရွယ်ချက်တွေကအများကြီးရှိပါတယ်။ အဲ့ဒါတွေကတော့ -
၁။ မှော်ပညာကိုလူတိုင်းသင်ယူခွင့်ရရှိစေရန်
၂။ မှော်ပညာကိုလူတိုင်းနားလည်တတ်စေရန်နှင့် မှော်ပညာအကြောင်း စုံစုံလင်လင်သိရှိစေရန်။
၃။ လူတိုင်းအတွက် အရေးကိစ္စများအတွက် မှော်ပညာ(ဝါ)သက်ဆိုင်ရာပညာရပ်ကိုအသုံးပြုပြီး အခက်အခဲများကိုဖြေရှင်းနိုင်စေရန်။
၎။ မှော်ပညာနှင့်စိတ်ပညာဆက်နွယ်မှုနှစ်ခုကို လူတိုင်းသိရှိသွားစေရန်။
၅။ မှော်ပညာဟူသည်မှာ စိတ်တည်းဟူသော သမုဒ္ဒရာကြီး၏အနက်ရှိုင်းဆုံးထဲက အမှောင်ထုထဲသို့ဆင်းသက်ခြင်းဆိုတာ လူတိုင်းသိရှိရန်။
၆။ ကောင်းမွန်သောအဖြူရောင်မှော်ပညာရှင်များပေါ်ပေါက်လာစေရန် နှင့်
၇။ မကောင်းမှုဆိုးများပြုလုပ်တတ်သော မှော်ပညာရှင်ဆိုးများကို တိုက်ခိုက်နှိမ်နင်းတတ်ရန်။
တို့ပဲဖြစ်ပါတယ်။

မေး- KAMရဲ့အနာဂတ်အတွက် ဘယ်လောက်အထိများ မျှော်မှန်းထားပါသလဲနဲ့
မှော်ကျောင်းတော်ကို ပြင်ပမှာဖွင်ဖို့နဲ့တရားဝင်စီစဉ်ဖို့ အစီအစဉ်ရှိမရှိသိချင်ပါတယ်။
ဖြေ - KAM ရဲ့ အနာဂတ်ကို သေသေချာချာ အဆောက်အဦးဖြင့် မှော်ပညာတက္ကသိုလ်အဆင့်ထိ မျှော်မှန်းထားပါတယ်

ပြင်ပမှာ ဖွင့်လှစ်ဖို့အတွက် အစီအစဉ်အများကြီးရှိပါတယ်

မေး- ဟုတ်ကဲ့ အဲ့လိုဖွင့်ဖြစ်မယ်ဆိုရင် ဘယ်မြို့တွေမှာများ အရင်ဖွင့်ဖြစ်မလဲပေါ့
ဖြေ- လက်ရှိ ရန်ကုန်မြို့ကိုပဲ အရင်မျှော်မှန်းထားပါတယ်။ ရန်ကုန်မဖြစ်ဘူးဆိုရင် ပုသိမ်မြို့မှာပဲ ဖွင့်ဖြစ်မှာပါ။

မေး-  တက္ကသိုလ်တွေဆိုရင်ပေါ့နော် များသောအားဖြင့် Major ခွဲထားတာရှိတယ် . . . KAM ကိုကော Major ဘယ်နှမျိုးလောက်ခွဲပြီး သင်ကြားပေးဖြစ်မယ်ထင်လဲဗျ

နောက်ပြီးတော့
တက္ကသိုလ်တွေလိုမျိုးပဲ သင်တန်းကာလပြီးဆုံးသွားတဲ့အခါ သင်တန်းဆင်းလက်မှတ်လိုပဲ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးဖို့ အစီအစဉ်ရှိလားပေါ့ . . .
ဖြေ- အဓိက မေဂျာဘာသာရပ်ကတော့ သုံးခုခွဲထားပါတယ်။

ဆေးဝါးအသုံးပြုပညာရပ်
မန္တန်ရွတ်ဆိုတတ်ခြင်းပညာရပ်
အဆောင်ရေးဖွဲ့တတ်ခြင်း ပညာရပ်
တို့ပဲ ဖြစ်ပါတယ်။
ဒီမေဂျာသုံးခုအောက်မှာ အပိုင်းလေးတွေလည်း ပါဝငိမှာပါ
မေဂျာအပြင်မိုင်နာဘာသာရပ်များကို ၁၁မျိုးခွဲခြားထားပါသေးတယ်။
သင်တန်းလက်မှတ်များကို ပေးအပ်ဖို့ ရှိပါတယ်။ ဒုတိယစာသင်နှစ်မှပဲ စပြီးလုပ်ဖြစ်မယ်ထင်ပါတယ်။
တကယ်ကို ကျွမ်းကျင်သူများကိုပဲ ပေးအပ်မှာပါ။

မေး - ဟုတ်ကဲ့ပါ . . . သင်တန်းကာလက ဘယ်လောက်ကြာဖြစ်မှာပါလဲ

နောက်ပြီး စာမေးပွဲလို အရည်အချင်းစစ်ဆေးမှုမျိုးတွေကော ရှိဦးမလားပေါ့
ဖြေ- ပထမတစ်နှစ် ၈ လနဲ့၇ နှစ်ဖြစ်မှာပါ အရည်အချင်းစစ်ဆေးမှုတွေကတော့ ပြုလုပ်ရမှာပါ။

အဲဒါမှ သက်ဆိုင်ရာဘာသာရပ်ပေါ် စိတ်ဝင်စားမှု ရှိလာမှာပါ။
အရည်အချင်းမှာ စာတွေ့ရော လက်တွေ့ရောပါဝင်မှာပါ။

မေး- ဟုတ် နောက်တစ်ခုကတော့ မှော်ပညာကို ဘယ်အရွယ်လောက်ကစ စိတ်ဝင်စားပြီးလေ့လာဖြစ်သလဲပေါ့
ဖြေ-ကျွန်တော်က မှော်ပညာကို သုံးတန်းနှစ်ကတည်းက စလေ့လာခဲ့တာ အခုထိဆိုရင် ၁၁နှစ် ရှိပါပြီ။

လေ့လာခဲ့သမျှထဲမှာ တားရော့မှော်ပညာ။ မြန်မာအင်းနှင့်ဂါထာများ စမများ ပထမံရုပ်အင်းများ ဝိဇ္ဇာဓရဆေးကုထုံးများ ဂမုန်းပင်များအကြောင်း သုတေသနများ နှင့် အနောက်တိုင်း ကာဗလာနှင်ပတ်သက်သော ပညာရပ်များ ပါဝင်ပါတယ်
အဓိက ပထမဆုံးစိတ်ဝင်စားခဲ့တာကတော့ တားရော့ကဒ်များပင် ဖြစ်ပါတယ်။

မေး-ဟုတ်ကဲ့ပါ . . . . နောက်ပြီးတော့ပေါ့ KAM မှာလာတက်မယ့် သင်တန်းသားတွေအနေနဲ့ သင်တန်းပြီးဆုံးသွားရင် သူတို့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရသွားနိုင်မယ်ထင်သလဲဗျ
ဖြေ- အကျိုးကျေးဇူးတွေ အများကြီးရမှာပါ။ အဓိကအားဖြင့် မိမိတို့ပတ်ဝန်းကျင်တွင်ရှိသော မိတ်ဆွေများအတွက် လုံလောက်သော လုံခြုံမှုတွေ ပေးနိုင်ပါမယ်။

အခက်အခဲ အဝဝများကို ကူညီနိုင်သော စွမ်းအင်တွေ ရရှိပါလိမ့်မယ်။
ကြိုတင်သိမြင်ဆိုင်ရာ တတိယမျက်လုံးများရရှိခြင်းကြောင့် အရာအားလုံး ကွက်ကွက်ကွင်းကွင်း နားလည်လာပါလိမ့်မယ်။
မိမိတို့သစ္စာပေါ်မူတည်ပြီး မိမိတို့စိတ်မှ ထပ်မံသင်ပေးသော ပညာရပ်များကိုလည်း ရရှိပါလိမ့်မည်။

မေး- နောက်တစ်ချက်က လက်ရှိမြန်မာနိုင်ငံရဲ့ မှော်ပညာရှင်လောကနဲ့ပတ်သတ်ပြီး ဘယ်လိုမြင်ပါသလဲ . . ၊ နောက်ပြီး ဘယ်လိုဖြစ်စေချင်ပါသလဲ
ဖြေ-မှော်ပညာရှင်များကတော့ တတ်ကျွမ်းသော မှော်ပညာရှင်များ နည်းသေးကြောင်း သိသာပါတယ်။

မှော်ပညာရှင်များ နည်းခြင်းသည်လည်း အမှန်တကယ် မတတ်ကျွမ်းသော တတ်ရောင်ကားများကြောင့် မှော်ပညာကို ပြုစားခြင်း ဟူ၍လူအများ ထင်မြင်လာပါတယ်
ဒါကြောက့်မို့ယုံကြည်မှုကင်းမဲ့လာသူများလာပါက မှော်ပညာလောကသည် ပျောက်ကွယ်သွားလိမ့်မည်   ဖြစ်ပေသည်။လက်ရှိမှော်ပညာလေ့လာချင်သူများ ပေါများလာတာတွေ့လို့ ဝမ်းသာလှပါတယ်
သို့ပေမယ့် မှော်ပညာသည် အခုသင် အခုတတ်ပညာမဟုတ်ခြင်းကြောင့် ဇွဲကြီးဖို့ လိုအပ်ပါတယ်။
ဒါကြောက်မို့ မှော်ပညာလေ့လာချင်သုတိုင်း ဇွဲကြီးဖို့ လိုအပ်ပါတယ်။ နောက်တစ်ခုက မှော်ပညာနှင့် လူသားများအကျိုးကို စောင့်ရွက်ပေးသူများလာပါက ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း စစ်မှန်သော မှော်ပညာခေတ်တစ်ခေတ် ဖြစ်ထွန်းလာလ်မ့်မှာပါ။

မေး- နောက်ပြီးတော့ပေါ့ မှော်ပညာမှာဆိုရင် အောက်လမ်းကောအထက်လမ်းကောရှိတယ်ပေါ့နော်
 မှော်ပညာကိုဆက်လက်ထိန်းသိမ်းရာမှာ အောက်လမ်းမှော်အတတ်တွေကိုကော ဆက်လက်ထိန်းသိမ်းသင့်တယ်လို့ထင်ပါသလားဗျ
ဖြေ- မှော်ပညာထဲမှာ အထက်လမ်းရော အောက်လမ်းပါ ပါဝင်ပါတယ်။

အထက်လမ်းကို သစ်ပင်တစ်ပင်ရဲ့ အကိုင်းအခက်များလို့ တင်စားလိုက်ပါမယ်။
ထို့အတူ အောက်လမ်းကိုလည်း အပင်တစ်ပင်ရဲ့ အမြစ်မွှားလေးများဖြင့် တင်စားလိုက်ါပါတယ်။
အထက်ကိုင်းကြီးလာလေလေ အောက်အမြစ်များလည်း ထပ်တူကျယ်ပြန့်လှာရပါတယ်
ဒါကြောင့်မို့မည်သို့ပင်အထက်လမ်းက ကောင်းသည်ဆိုပေမယ့် အောက်လမ်းသည်လည်း မှော်ပညာရှင်တိုင်း သိသင့်သော့ အဖြူအမည်း မျဉ်းကျားသာဖြစ်ပါတယ်
မျဉ်းကြားဟူသည် အဖြူ အမည်း အစိတ် အကျဲ နှစ်ခုပေါင်းမှ တစ်ခုထွက်လာသလို
အထက်လမ်းနှင့်အောက်လမ်းသည်လည်း မှော်ပညာသစ်ပင်ကြီး ဖွံ့ဖြိုးဖို့အတွက် အထောက်အကူ ဖြစ်တာကြောင့်လည်း ဆက်လက်ထိန်းသိမ်းသင့်ပါတယ်။
 မေး - ဟုတ်ကဲ့ပါဗျ . . . . . .
နောက်ပြီးတော့ လက်ရှိမှော်ပညာဝါသနာရှင်အသစ်လေးတွေကို ပြောချင်တဲ့စကားနဲ့ KAM အတွက်ဖိတ်ကြားမှုလေးပြုလုပ်ပေးပါဦး။
ဖြေ- မှော်ပညာဝါသနာရှင်များကို ပြောချင်တာ "ဇွဲနှင့်အချိန်သည် မှော်ပညာတိုးပွားဖို့အတွက် အကြီးမားဆုံးသင်ကြားမှုတစ်ခုပင် ဖြစ်ပါသည်" ဆိုတဲ့ စကားပါပဲ။

 မေး-
ဟုတ်ကဲ့ပါ နောက်ဆုံးအနေနဲ့ ကမ္ဘာ့ရွာကလေး ကိုပြောချင်တဲ့စကားလေး . . .
ဖြေ- ကမ္ဘာ့ရွာကလေးကို ပြောချင်တာတွေကတော့ မြန်မာနိုင်ငံမှာ ပထမဆုံး မှော်ကျောင်းတော်ကြီးကို လာရောက်အခုလို မေးမြန်းတဲ့အတွက် အရမ်းဝမ်းသာလှပါတယ်။
 မေး- ဟုတ်ကဲ့ပါ . . .ခုလိုအင်တာဗျူးခွင့်ရပေးတဲ့အတွက် Master Kamawna ကို အထူးပဲကျေးဇူးတင်ပါတယ်။ မှော်ကျောင်းတော်ဖွင့်မယ့်ကိစ္စလည် အောင်မြင်နိုင်ပါစေလို့ ကမ္ဘာ့ရွာကလေးကနေ ပြန်လည်ဆုတောင်းပေးလိုက်ရပါတယ်။

ကမ္ဘာ့ရွာကလေး

0 မှတ်ချက်များ: