ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ကြောင့်
ဖမ်းဆီးထားသော သံသ ယရှိသူသုံးဦးအနက် တစ်ဦးမှာ ၎င်းပါဝင်ခဲ့ခြင်းမရှိသဖြင့်
စွဲချက် တင်ပုဒ်မကို ပယ်ဖျက်ရန် ဇူလိုင် ၂၄ ရက်တွင် တရားလွှတ်တော်
ချုပ်ရုံးသို့ တင်ပို့မည်ဟု စောနေ တိုး၏ ယာဉ်မောင်းဇော်လတ် မောင်ကပြောသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အ တွင်းက ကုန်သည်ကြီးများဟို တယ်(ယခုဆူးလေရှန်ဂရီလာ) နှင့် အလုံမြို့နယ်ရှိ Western Park Ruby စားသောက်ဆိုင်တို့ တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နောက် သံသယရှိသူအမျိုးသား သုံးဦးကို ဖမ်းဆီးခဲ့ပြီး ပေါက်ကွဲ စေတတ်သော ၀တ္ထုပစ္စည်းများ ဥပဒေပုဒ်မ(၃) ဖြင့် ဇူလိုင် ၂ ရက် က အနောက်ပိုင်းခရိုင်တရားရုံးမှ ဒုတရားသူကြီးက စွဲချက်တင်ခဲ့ သည်။
အဆိုပါစွဲချက်သည် ပြစ်မှု ထင်ရှားပါက ထောင် ၁၀ နှစ် အ ပြင်တစ်သက်တစ်ကျွန်းထိ ချမှတ်ပြီး ငွေဒဏ်လည်း ချမှတ်နိုင် သည်။ ထို့ကြောင့် ဇူလိုင် ၁၄ ရက် က တရားလိုဘက်မှ ပြန်ခေါ်သက် သေ နှစ်ဦးကို စစ်ဆေးရန် ရုံးချိန် တွင် စွပ်စွဲခံထားရသူ သုံးဦးအ နက် တစ်ဦးဖြစ်သူ ဇော်လတ်မောင်မှာ မီဒီယာများနှင့် တွေ့ဆုံခဲ့စဉ် ၎င်းမှာ ယင်းအမှုတွင် ပတ်သက်ခဲ့ ခြင်းမရှိဘဲ ၎င်း၏အလုပ်ရှင်သူ ဌေးစေခိုင်းမှုကြောင့်ပေါက်ကွဲမှု တွင် အဓိကပါဝင်ခဲ့သော စောနေ တိုး သွားရောက်ခဲ့သည့်ခရီးကို သာ မောင်းနှင်ပေးခဲ့ခြင်းဖြစ်ပြီး ဖောက်ခွဲရန် အကြံအစည် လုံးဝ မရှိခဲ့ဟု ဖြေကြားခဲ့သည်။
‘‘ဗုံးပေါက်ကွဲတဲ့ဖြစ်စဉ်မှာ အစ်ကိုလိုက်ပို့ပေးခဲ့တာ တစ်ခုမှ မရှိဘူး။ ရွှေဖူးကုမ္ပဏီသူဌေးက လိုက်ပို့ခိုင်းလို့ စောနေတိုးကို ဘီးလင်းလိုက်ပို့ခဲ့တာ။ သူဌေးက အဆင်ပြေသလို လိုက်ပို့ပေးလိုက်ပါဆိုလို့ ပို့ပေးခဲ့တာပဲရှိတာ။ ရန်ကုန်မှာ ဗုံးပေါက်တယ်ဆိုတာလည်း မသိခဲ့ဘူး။ တကယ်ဖြစ်စဉ်မှာ လိုက်ပို့ခဲ့တဲ့သူက မင်းဦးပါ။ သူကတောင် တရားရုံးမှာ တရားလိုပြသက်သေအနေနဲ့ လာ ပြီး ထွက်ဆိုသွားသေးတယ်။ ဒါ ပေမဲ့ ဒီအမှုမှာ သူမပါဘဲ ကျွန် တော်က စွဲချက်တင်ခံခဲ့ရတာပါ’’ ဟု ယာဉ်မောင်းဇော်လတ်မောင် ကပြောသည်။
‘‘စောနေတိုးကို ဘီးလင်းကို ပို့ပေးခဲ့ပြီးတော့ နောက်ရက်မှာ သူ့သူဌေးက သူ့ဆီလာပြီး ဒီလိုပဲ စစ်ဆေးဖို့တွေရှိတယ်၊ ရှောင်နေ ခိုင်းတာ သူကမရှောင်ဘဲ ဘီးလင်းက ဘုန်းကြီးကျောင်းတစ်ခုမှာ တည်းတယ်။ နောက်ဒီအကြောင်း ကို သူသိသွားတော့ ဘီးလင်းစခန်း မှူးကိုပြောတယ်။ သူကိုယ်တိုင်ပဲ စခန်းကို အကြောင်းကြားခဲ့တာ’’ ဟု ဇော်လတ်မောင်၏အစ်ကို ဦးမင်းဝေအောင်ကပြောသည်။
ထို့အပြင် ဇူလိုင် ၁၄ ရက်က ပြန်ခေါ်သက်သေများဖြစ်သည့် ဒုရဲမှူး ၀င်းနိုင်၊ ရဲအုပ်အောင် ကိုကိုနှင့် ယင်းစားသောက်ဆိုင်မှ ၀န်ထမ်းအမျိုးသမီးတစ်ဦးတို့ကို စစ်ဆေးမည်ဖြစ်သော်လည်း ၎င်း တို့မရောက်ခဲ့၍ ဇူလိုင် ၂၄ ရက် တွင် ထပ်မံချိန်းဆိုခဲ့သည်။ ယင်း အမှုဖြစ်စဉ်တွင် ဇော်လတ်မောင် မှာ ပါဝင်ပတ်သတ်ခဲ့ခြင်းမရှိ၍ ၎င်းအားစွဲချက်တင်ထားသော ပုဒ်မကို ပယ်ဖျက်ပေးရန် ၎င်း၏ရှေ့နေက ဇူလိုင် ၂၄ ရက်တွင် တရားလွှတ်တော်ရုံးသို့ တင်သွင်းသွားမည်ဖြစ်သည်။
http://www.7daydaily.com/story/15898
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်