ကိုရီးယားလုပ်ငန်းရှင်ကို အရေးယူရန် လုပ်သားရှစ်ရာကျော် ကိုရီးယားသံရုံးရှေ့ ယနေ့ဆန္ဒပြတောင်းဆိုမည်


ကိုရီးယားအလုပ်ရှင်က လျော်ကြေးမပေးဘဲ စက်ရုံပိတ် သိမ်းထွက်ပြေးခဲ့၍ လုပ်သားရှစ် ရာကျော်က ကိုရီးယားသံရုံးရှေ့သို့ ယနေ့ လမ်းလျှောက်ချီတက်ဆန္ဒ ပြတောင်းဆိုမည်ဟု မာစတာ စပေါ့ဖိနပ်စက်ရုံမှ အလုပ်သမား ခေါင်းဆောင်ဦးထွန်းနိုင်ကပြော သည်။

လှိုင်သာယာမြို့နယ် စက်မှု ဇုန်-၃အတွင်းရှိ မာစတာစပေါ့ဖိ နပ်စက်ရုံမှ လုပ်သားရှစ်ရာကျော်အား အလုပ်ရှင်ကိုရီးယားလူမျိုး က ဇွန်လအတွက် လစာနှင့်စက်ရုံပိတ်သိမ်းခဲ့သည့်နစ်နာကြေးတို့ကိုမပေးဘဲ    ကိုရီးယားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ထို့ကြောင့် အလုပ်သမားဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက   ကိုရီးယားသံအမတ်နှင့် ဇူလိုင် ၁၀ ရက်ကတွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဇူလိုင် ၁၅ ရက် နောက်ဆုံးထား၍ ဖြေရှင်းဆောင်ရွက်ခိုင်းထားကြောင်း သိရသည်။ ဇူလိုင် ၁၅ ရက်တွင် အလုပ် ရှင်ဘက်က ဇွန်လအတွက်လစာ တစ်ခုသာပေးပြီး နောက်နောင် တောင်းဆိုမှုထပ်မံမလုပ်ဆောင် တော့ကြောင်း ခံဝန်လက်မှတ်ထိုး ခိုင်းခဲ့ရာ     အလုပ်သမားရှစ်ရာ ကျော်အနက် ၅၀ ကျော်သာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ကျန်အလုပ်သမားများမှာ မကျေနပ်၍ ဥပဒေချိုးဖောက်သော အလုပ်ရှင်ကိုရီးယားလူမျိုးကို ကို ရီးယားသံရုံးမှ အရေးယူဆောင်ရွက်ပေးရန် ဇူလိုင် ၁၇ ရက်တွင်ဆန္ဒပြတောင်းဆိုမည်ဖြစ်သည်။

‘‘အဓိကကတော့ ဝန်ကြီး ဌာနမဟုတ်ဘဲ သံရုံးရှေ့ဘာလို့ ဆန္ဒပြတာလဲဆိုတော့ အလုပ်ရှင် ကိုရီးယားက မြန်မာနိုင်ငံလာပြီး မြန်မာလုပ်သားတွေကို လစာ မပေး၊ အလုပ်ထုတ်၊ နစ်နာကြေး မပေးဘဲ ဥပဒေချိုးဖောက်တာကို သူ့နိုင်ငံသံရုံးကတစ်ဆင့် ကိုယ့် နိုင်ငံသားကိုအရေးယူဖို့တောင်း ဆိုတာ’’ဟု အလုပ်သမားခေါင်း ဆောင်ဦးထွန်းနိုင်ကပြောသည်။

လှိုင်သာယာမြို့နယ်မှ လမ်း လျှောက်ချီတက်ဆန္ဒပြတောင်း ဆိုရန်ဖြတ်သန်းသွားမည့် သက် ဆိုင်ရာမြို့နယ်ငါးခုထံ ခွင့်ပြုမိန့် ကို ဇူလိုင် ၁၁ ရက်ကတောင်းခံခဲ့ ပြီး ဇူလိုင် ၁၇ ရက်တွင်ခွင့်ပြုချက် ရ၍ လှိုင်သာယာ၊ ကမာရွတ်၊ မရမ်းကုန်း၊ လှိုင်နှင့် ကိုရီးယား သံရုံးရှိ ဗဟန်းမြို့နယ်တို့ကိုဖြတ် သန်းကြမည်ဖြစ်သည်။

အဆိုပါတောင်းဆိုဆန္ဒပြရာ တွင် ကိုရီးယားသံရုံးရှေ့၌ တောင်းဆိုချက်ရှစ်ချက်ဖြင့် တစ် နာရီခွဲကြာမိန့်ခွန်းပြောကြားသွား မည်ဖြစ်ပြီး ယင်းတောင်းဆိုချက် များမှာ ဇွန်လပိုင်းလစာ၊ အလုပ် ထုတ်နစ်နာကြေး၊ မာစတာစပေါ့ ဖိနပ်စက်ရုံကိုအမည်ပျက်စာရင်း သွင်းပေးရေး၊ အလုပ်ရှင်ကိုရီး ယားလူမျိုးမစ္စတာဘန်အင်ဟိုးကို တရားစွဲဆိုရန်၊ အဂတိလိုက်စား သောအစိုးရဝန်ထမ်းများကို အရေးယူပေးရန်၊ အစိုးရကလုပ် သားအခွင့်အရေးများကာကွယ် စောင့်ရှောက်ပေးရန်နှင့် မာစတာ စပေါ့ဖိနပ်တံဆိပ်ကို သပိတ် မှောက်ရန်တို့ပါဝင်သည်။

http://www.7daydaily.com/story/16054

0 မှတ်ချက်များ: