တရားမဝင်ခွင့်ပြုချက်မဲ့ ဆောက်လုပ်မှုများကို ငွေဒဏ်တိုး မြှင့်အရေးယူမှုအပြင် ထောင်ဒဏ်တစ်နှစ်ပါ ထည့်သွင်းအရေးယူ မည်ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ အင်ဂျင်နီ ယာဌာန (အဆောက်အအုံ)မှ ဌာနမှူးဦးသန်းဌေးကပြောသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ဆောက် လုပ်ခွင့်နှင့် ကန်ထရိုက် လိုင်စင် များလွယ်ကူစွာစိစစ်ထုတ်ပေးနေ သော်လည်း ခွင့်ပြုချက်မတင်ဘဲ ကန်ထရိုက် ဆောက်လုပ်နေသူ များ ယခင်ကထက် ပိုမိုများပြား လာသဖြင့် ပြစ်ဒဏ်တိုးမြှင့်သတ် မှတ်ရခြင်းဖြစ်သည်ဟုဆိုသည်။
ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်ခြင်းကို စစ်ဆေးတွေ့ရှိပါက လုပ်ငန်းရပ်ဆိုင်းထားကာ ခွင့်ပြုချက်လျှောက်ထားရန်ကျူးလွန်သူကို အသိပေး အကြောင်းကြားမည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၈ ဖြင့် စည်ပင်သာယာကတရားလိုပြုတိုင်ကြားသွားမည်ဖြစ်သည်။
ပုဒ်မ ၆၈ အရထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ အနည်းဆုံး ငွေဒဏ်ကျပ်တစ်သောင်းမှ အများဆုံး ငွေဒဏ်ကျပ်ငါးသိန်း အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ် ချမှတ်မည်ဖြစ်သည်။ တရားရုံးက ပုဒ်မ ၆၈ အရ ကျူးလွန်သူကို အပြစ်ပေးပြီးဖြစ်သော် လည်း ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ ဆက်လက်ဆောက်လုပ်ပါက ပုဒ်မ ၆၉ ဖြင့် ဆက်လက် တရားစွဲဆိုမည်ဖြစ်ကြောင်းသိရ သည်။
ပုဒ်မ ၆၉ အရ ဆက်လက် ဖောက်ဖျက်ကျူးလွန်သည့်နေ့ အသီးသီးအတွက် တစ်နေ့လျှင် အနည်းဆုံးငွေဒဏ်ကျပ်တစ်သောင်းမှ အများဆုံး ငွေဒဏ်ကျပ်ငါးသောင်းအထိဖြစ်စေ၊ ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။
‘‘အရင်ကလည်း ငွေဒဏ် အရေးယူတာရှိပါတယ်။ ဒါပေမဲ့ ပမာဏတော့နည်းတယ်။ အခု သတ်မှတ်လိုက်တဲ့ဥပဒေက ယာ အုံတစ်ခုတည်းအတွက်မဟုတ်ဘူး။ ဌာနအားလုံးအတွက် သတ်မှတ်လိုက်တာ။ စည်ပင်သာယာ ကို ဥပဒေဖောက်ဖျက် ရင် ဒီဥပဒေ အတိုင်းအရေးယူလို့ရတယ်’’ ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီအင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ဌာနမှူးဦး သန်းဌေးကပြောသည်။
ထို့အပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပုဒ်မ ၄၈ တွင် ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်မှုများ အတွက် ကော်မတီက ဖြိုဖျက်သည်အထိ အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေပြဋ္ဌာန်းထားပြီးဖြစ်၍ နည်းဥပဒေ ထုတ်ပြန်ပြီးပါက ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လုပ်မှုများကို ဝင်ရောက်ဖျက်သိမ်းသည်အထိ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ သတင်းရရှိသည်။
၂၀၁၃ တွင် လှိုင်၊မရမ်းကုန်း၊ တောင်ဥက္ကလာ၊ သင်္ဃန်း ကျွန်းမြို့နယ်များ၌ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ တည်ဆောက်ခဲ့သည့်ကန်ထရိုက်တိုက်အလုံးရေ တစ်ထောင် ကျော်တရားစွဲဆိုပြီးဖြစ်သည်။
http://www.7daydaily.com/story/15260#.U7udG4NuvJs
ခွင့်ပြုချက်မဲ့ အဆောက်အအုံဆောက်လျှင် ငွေဒဏ်နှင့် ထောင်ဒဏ်တစ်နှစ် အရေးယူမည်
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်