မြန်မာပြည်သား တိုင်းပြည်သံယံဇာတများ . . . . ဆုံရှုံးမှု ကြီးနေပြီလား ? ?

ရက်ပိုင်းလေးပဲ ရှိသေးတယ် စင်ကာပူမှာ မြန်မာအမျိုးသမီးငယ်တစ်ဦး တိုက်ပေါ်ကခုန်ချပြီး သတ်သေခဲ့တယ် . . . .

သေဆုံးခဲ့တဲ့ အမျိုးသမီးငယ်လေးအသက်က ၂၀ ဝန်းကျင် . . . . လူငယ်တစ်ဦး :(

ထိုင်းမှာ တို့တွေရဲ့ မြန်မာနိုင်ငံသား ညီကိုနှစ်ယောက် မတရားဖမ်းဆီးခံရပြီး သေဒဏ်ချခံထားရတယ် . . .  . လူငယ်နှစ်ဦး

ယူအေအီး . . ကာတာ . . စင်ကာပူ . . ထိုင်း . . မလေး နဲ့ အခြားသော နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ မြန်မာ လူငယ်ပေါင်းများစွာ . . . .

လူငယ်များသည် တိုင်းပြည်တစ်ခုရဲ့  ပစ္စည်းသံယံဇာတများထက် အဖိုးမဖြတ်နိုင်သော လူ့စွမ်းအားအရင်းအမြစ် သံယံဇာတများပင် မဟုတ်လား ? ?

ထိုသို့သော တိုင်းပြည်တစ်ခုရဲ့  အဖိုးမဖြတ်နိုင်သော လူ့စွမ်းအင် သံယံဇာတများ ပြည်ပ အခြားတိုင်းပြည်တွေ ရောက်ရှိနေခြင်းက တိုင်းပြည်ရဲ့ အဖိုမဖြတ်နိုင်လှသော သံယံဇာတ အမြောက်အမြား ဆုံးရှုံနေခြင်းလား ? ? ? ?

တိုင်းပြည်တစ်ခုရဲ့ အဖိုးမဖြတ်နိုင်တဲ့ လူ့စွမ်းအား သံယံဇာတတွေ ဘာကြောင့် ဆုံးရှုံရသလဲ ? ?

သံယံဇာတတွေအပေါ် ထိုက်သင့်တဲ့ တန်ဘိုးတစ်ခု မထားပေးနိုင်သရွေ့  တိုင်းပြည်မှာ သံယံဇာတများ မြောက်မြားစွာဆုံးရှုံးရပါဦးမည်မဟုတ်လား ? ?

စင်ကာပူက အမျိုးသမီးငယ်လေး ကိုယ့်ကိုယ်ကို သေကြောင်းကြံ သတ်သေခြင်းကဲ့သို့ မြန်မာလူမျိုးပေါင်း လူငယ်ပေါင်း ဘယ်နှစ်ယောက်များ ဆုံးရှုံးခဲ့ရပြီးပြီလဲ ? ?

သေဆုံးခြင်းသည် ဝမ်းနည်းဖွယ် ကောင်းပါတယ်. . မြန်မာလူငယ်များ သေဆုံးခြင်းသည် ဝမ်းနည်းဖွယ်ရာ အလွန်ကောင်းသလို တိုင်းပြည်ရဲ့ အနာဂါတ် လူငယ်စွမ်းအင် သံယံဇာတများ ဆုံးရှုံးနေခြင်းဖြစ်တာမို့ ပို၍ ပို၍ ဝမ်းနည်းဖွယ်ကောင်းလှပါတယ် . .

မြန်မာနိုင်ငံထဲမှာ လူငယ်တစ်ဦးအလုပ်လုပ်တော့မယ်ဆို ပညာအရည်အချင်း နှင့် အခြားသော သတ်မှတ်ချက်များစွာ ပြည့်မီသည့်တိုင် ရရှိသော တန်ဘိုးအခကြေးမှာ တစ်သိန်းမှ တစ်သိန်းခွဲ ဝန်းကျင်သာရှိပါတယ်။ မန်နေဂျာတစ်ဦးတောင် ၅သိန်းဝန်းကျင်သာသာပါ . .

မြန်မာနိုင်ငံမှာ အတွေ့ကြုံများစွား စုဆောင်းရရှိထားတဲ့ မန်နေဂျာတစ်ဦးရဲ့ ငါးသိန်းဝန်းကျင်သော လစာသည် ပြည်ပနိုင်ငံရပ်ခြားမှာ Dangerous အန္တရယ်များတဲ့အလုပ် Difficult ခက်ခဲပင်ပန်းတဲ့အလုပ်နှင့် Dirty ညစ်ပတ်တာတွေ လုပ်ကိုင်ရတဲ့ အလုပ်တွေ ဖြစ်တဲ့ 3D လို့ခေါ်တဲ့ အောက်ခြေ အမျိုးစား အလုပ်သမားကို သူတို့နိုင်ငံသား မထားသလို ခေါ်ခန့်ထားတဲ့ နိုင်ငံခြားသားအလုပ်သမား တစ်ဦး နေစားအပြီး အသားတင်ရရှိတဲ့ လစာနဲ့ တူညီနေတော့ မြန်မာနိုင်ငံမှာ 3D အမျိုးအစားလုပ်ငန်းတွေ ဘယ်သူတွေလုပ်ကိုင်နေသလဲ ? ? သူတို့တွေကော ဘယ်လောက်တွေ ရကြသလဲ ? ? မန်နေဂျာအဆင့် မဟုတ်တဲ့ ဘွဲ့ရပညာတတ် လူငယ်လေးတွေကကော ဘာတွေ လုပ်ကြရပြီး ဘယ်လောက်တွေရကြလဲ ? ?

နိုင်ငံရပ်ခြားထွက် အလုပ်လုပ်ကြတဲ့ မြန်မာလူငယ်တစ်ဦး အခြေခံ အလုပ်ကို ထွက်လုပ်ဦး နေစားငြိမ်း ၅သိန်းဝန်းကျင်ရရှိသည်။ မြန်မာပြည်မှာ သူဌေးသုံးလို သုံးဦးမလား ၃သိန်းတော့ အိမ်ပို့နိုင်ဦးမည် . .

မြန်မာပြည်မှာသာ ထိုကဲ့သို့ သုံးပြီး လုပ်ကိုင်စားသောက်လျှင် ဘာကျန်မလဲ ? ?

စဉ်းစားစရာပါ . . .

အလုပ်ရှင်တွေက ဝန်ထမ်းအလုပ်သမားခေါ်ကြတယ် . . ပညာအရည်အချင်းဘယ်လောက်ရှိရမယ်တို့ လုပ်သက်ဘယ်လောက်ရှိရမယ်တို့ အသက်ဘယ်လောက်တွင်း ဖြစ်ကမယ်တို့ အမိန့်နာခံတတ်ကမယ်ဆိုက ပါသေး . .

အမိန့်နာခံတတ်ကမယ်ဆိုတဲ့ စကားရပ်က လုပ်ငန်းခွင် ဝင်တာလား စစ်ထဲဝင်တာလား ကိုယ့်ဟာနဲ့ကိုယ်တောင် ကြောင်တောင်တောင် ဖြစ်မိသွားသေးတယ် . .

အာ့တွေအားလုံးပြည့်စုပါပြီတဲ့ လစာကကော . . . . .
ခံစားခွင့်တွေကကော . . . . .

ဒါတွေက အစိုးရတွေ အပြစ်တင်နေရုံနဲ့ ပြီးမယ့်ဟာတွေ မဟုတ်ပါဘူး အစိုးရတွေဘက်ကပဲ ပြောင်းလဲပေးနေလို့မရဘူး . .

အစိုးရရော လုပ်ငန်းရှင်တွေ စီးပွားရေးပညာရှင်တွေနဲ့ သက်ဆိုင်ရာနယ်ပယ် ပညာရှင်တွေ ပူးပေါင်းအဖြေရှာပြီး ပြောင်းလဲရတော့မယ့် တကယ့်ပြောင်းလဲရမယ့် အရာတစ်ခု ဖြစ်နေပါပြီလို့ ရှုမြင်မိပါတယ် . .

ဒါတွေမပြင်နိင်သေးသရွေ့ တိုင်းပြည်ရဲ့ လူငယ်သံယံဇာတတွေ ဆက်လက်ဆုံးရှုံးနေရဦးမှာဖြစ်ပြီး တိုင်းပြည် အဖိုးတန် လူ့စွမ်းအားအရင်းအမြစ် သံယံဇာတများ မည်မျှ ဆက်၍ ဆုံးရှုနေရဦးမလဲ ? ? ?

သတင်းထောက်ကေ (ကမ္ဘာ့ရွာကလေး)



0 မှတ်ချက်များ: