၁၆-၁-၂၀၁၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လောင်းကစား သတင်းအရ လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ““ကောင်းကောင်းလေး””လ္ဘက်ရည်ဆိုင်သို့
သက်သေများ နှင့်အတူ ၀င်ရောက်ရှာဖွေခဲ့ရာ လှိုင်သာယာမြို့နယ်၊ (၁၂)ရပ်ကွက်နေ
ရဲထွန်း(၂၄)နှစ်နှင့် လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်နေ တင်ဝင်း(၄၇)နှစ်တို့ ၂
ဦးအား နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဂဏန်းပေါင်းစက်၊ လက်ကိုင်ဖုန်း၊ လောင်းကြေးငွေကျပ်(၃၀၂၉၀၀ိ/-)တို့နှင့်အတူ ဖမ်းဆီးရမိသဖြင့် လှိုင်ရဲစခန်း(ပ)၁၇/၂၀၁၃၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။
ထို့အတူ ၁၆-၁-၂၀၁၃ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်၊
တေးဥယျာဉ်(၂) လမ်းနေ ဦးမျိုးထွန်း၏နေအိမ်သို့ သက်သေများနှင့်အတူ
ဝင်ရောက်ရှာဖွေခဲ့ရာ နှစ်လုံးထီ လောင်းကစား ရာတွင် အသုံးပြုသည့်စာရွက်စာတမ်းများ၊ နှစ်လုံးဂဏန်းနှင့် ငွေတန်ဘိုးများ ရေးသားထားသည့်
ဘောက်ချာစာရွက်များ၊ ဂဏန်းပေါင်းစက်၊ ချိုင်းစာရွက်၊
လောင်းကြေးငွေကျပ်(၁၁၉၃၀၀ိ/-)တို့အား
သိမ်းဆည်းရမိပြီး ဦးမျိုးထွန်းမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့်
လှိုင်သာယာရဲစခန်း(ပ)၆၇/၂၀၁၃၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/၁၆(က)ဖြင့်
အမှုဖွင့်အရေးယူထားသည်။
ရဲသူရကျော်
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်