၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်နေ့ ၁၀၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ
တပ်ဖွဲ့ဝင် များသည် သတင်းအရ သက်သေများနှင့်အတူ လှိုင်သာယာမြို့နယ်၊
(၁၀)ရပ်ကွက်၊ နတ်မောက်လမ်းရှိ အိမ်အမှတ် ၄၉၉(ခ)နေအိမ်အား ၀င်ရောက်ရှာဖွေရာ
နေအိမ်အပေါ်ထပ် နောက်ဖေးခန်းတွင် သက်နောင်(၃၂)နှစ်နှင့်
မခိုင်ခင်မိုး(၂၆)နှစ်တို့ ၂ ဦးအား တစ်ကြိမ်လျှင်(၁၀)ခွေကူးနိုင်သည့်
အခွေကူးစက်ဖြင့် တရားမ၀င်ကူးယူနေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
၎င်းင်းအပြင်
တရားမ၀င်ညစ်ညမ်းဒီဗီဒီခွေ (၅၅)ခွေ၊ ဆင်ဆာမဲ့
မြန်မာသီချင်းမျိုးစုံ(၁၅၅၀)ခွေ၊ ဆင်ဆာမဲ့ နိုင်ငံခြားဇာတ်လမ်းမျိုးစုံ(၅၈၀)ခွေ၊
ဗွီစီဒီကူးစက်များ၊ ခွေအလွတ်များနှင့် ငွေကျပ်(၁၁၇၃၀၀ိ/-)တို့အား
သိမ်းဆည်းရမိခဲ့သဖြင့် တရားမ၀င် ဆင်ဆာမဲ့ မြန်မာနှင့်နိုင်ငံခြားခွေများ
ကူးယူရောင်းချသူ သက်နောင်နှင့် မခိုင်ခင်မိုးတို့အား လှိုင်သာယာ မြို့နယ်၊
သောင်ကြီးရဲစခန်း(ပ)၃၁/၂၀၁၃၊ ရုပ်မြင်သံကြားနှင့် ဗွီဒီယိုအက်ဥပဒေပုဒ်မ
၃၂(က)(ခ) ဖြင့်လည်းကောင်း၊ (ပ)၃၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၉၂ ဖြင့်လည်းကောင်း
အသီးသီး အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ကျော်ဝင်းသူ
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်