မြန်ပေးဖြင့် အွန်လိုင်းမှ ငွေပေးချေ၍ ဂိမ်းများကို
ဈေးနှုန်းသက်သာစွာ ၀ယ်ယူနိုင်ရန် KOALA Multimediaမှ ရိုးရှင်း လွယ်ကူစွာ Blog
Page ဖြင့် အွန်လိုင်းဂိမ်းစတိုးတစ်ခု koalamultimedia.co.nrကို ယခုလ ၁၂ရက်နေ့တွင်
စတင်ခဲ့ကြောင်း သတင်းရရှိသည်။
“ကျွန်တော်တို့က လူငယ်တွေအနေနဲ့ ဝေးဝေးလံလံ
သွားလာစရာမလိုဘဲ အိမ်မှာနေပြီး အင်တာနက်ကနေတစ်ဆင့် ဘဏ်အကောင့်ရှိရုံနဲ့ မြန်ပေးနဲ့
ငွေပေးချေနိုင်ပြီး ပြင်ပထက်လည်း ဈေးနှုန်း ထက်ဝက် သက်သက်သာသာနဲ့ ၀ယ်ယူနိုင်အောင်ရယ်၊
ရိုးရှင်း လွယ်ကူအောင်လို့ ဘလော့ပေ့ခ်ျနဲ့ အွန်လိုင်းဂိမ်းစတိုးလေးတစ်ခုလုပ်လိုက်တာပါ။”ဟု
KOALA Multimediaမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဆက်လက်၍ ပစ္စည်းလက်ခံရယူမှုအပိုင်းနှင့်ပတ်သတ်၍ “၀ယ်ယူလိုသူတွေအနေနဲ့
မြန်ပေးကနေ ငွေပေးချေပြီး အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တို့နဲ့အတူ
ဘယ်စနစ်နဲ့လက်ခံမယ်ဆိုတာ ရွေးချယ်ပေးပြီး koalamultimedia@gmail.comကို မေးလ်ပို့ပေးရပါမယ်။
လောလောဆယ်တော့ စနစ်ကို ၂မျိုးသတ်မှတ်ထားပါတယ်။ အွန်လိုင်းကနေ ယူမယ်ဆိုရင် အီးမေးလ်ထဲကို
Downloadလုပ်ရမယ့် Linkနဲ့ Passwordကို ပေးပို့ပေးပါမယ်။ ဒေါင်းပြီးသွားရင် မေးလ်ပို့
အကြောင်းကြားပေးရပါမယ်။ အကြောင်းမကြားလာရင် ၃ရက်နေတာနဲ့ အဲ့ဒီLinkကို ဖြုတ်လိုက်မှာပါ။
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြန်လိုချင်တယ်ဆိုရင် ၁လအတွင်း ၃ကြိမ် ပြန်ယူနိုင်မှာဖြစ်ပြီး
တစ်ကြိမ်ကို အလားတူပဲ ၃ရက်ပေးထားမှာပါ။ ၁လပြီးသွားရင် ဒါမှမဟုတ် ၃ကြိမ်ပြည့်သွားရင်တော့
ပြန်လိုချင်ရင် အသစ်ပြန်ဝယ်ပြီး ငွေပေးချေရမှာပါ။ စာတိုက်ကပို့စေချင်တယ်ဆိုရင် ပေးပို့လာတဲ့
အမည်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တို့အတိုင်း ပို့ပေးမှာပါ။ ပြည်တွင်းပဲ
ပို့ပေးမှာပါ။ ရန်ကုန်တွင်းဆိုရင် အဆင်ပြေရင် လူကိုယ်တိုင် ပို့ပေးဖို့ ရှိပါတယ်။ အသေးစိတ်ကို
ဆိုက်ဒ်မှာလည်း ဖော်ပြပေးထားပါတယ်။”ဟု ဆက်လက်ပြောပြသည်။
ပြင်ပမှ
ဆိုင်များတွင် DVDတစ်ချပ်လျှင် ၁၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး အဆိုပါ အွန်လိုင်းဂိမ်းစတိုးတွင်
၁၀၀၀တန် ဂိမ်းမှာ ၅၀၀ဖြင့် ၀ယ်ယူရရှိနိုင်ပြီး ဈေးနှုန်း ထက်ဝက်သက်သာမှုရှိကြောင်း သိရသည်။
သို့သော် စာတိုက်မှ လက်ခံ ရယူသူများအနေဖြင့် ဂိမ်းခွေများကို ပြင်ပဆိုင်မှ ၀ယ်ယူသကဲ့သို့
မူရင်းအခွေနှင့် မဟုတ်ဘဲ ကော်ပီအခွေချပ်ဖြင့်သာ ပေးပို့ပေးမည်ဖြစ်ကြောင်းသိရသည်။
ယင်းအွန်လိုင်း
ဂိမ်းစတိုးတွင် ဂိမ်းများ၏ System Requirementsများအပြင် 1mobile Marketကဲ့သို့ ဂိမ်းအတွင်း
မြင်ကွင်း ၂ပုံခန့်ကိုပါ ဖော်ပြပြီးဖြစ်သဖြင့် ၀ယ်ယူပြီးသော ဂိမ်းများကို ပြန်လည် လဲယူခြင်းနှင့်
ငွေပြန်လည် အမ်းပေးမည်မဟုတ်ကြောင်း၊ မြန်ပေးအကောင့်မရှိသူများလည်း မြန်ပေးအကောင့် အခမဲ့
ဖွင့်လှစ်နိုင်ဖို့ Linkကို ဆိုက်ဒ်မှာ တင်ပေးထားပြီး မြန်ပေးအကောင့် အခမဲ့ဖွင့်လှစ်ပြီး
မြန်ပေးအကောင့်ထဲသို့ ငွေထည့်ပြီး ၀ယ်ယူနိုင်ကြောင်း၊ မြန်ပေးအကောင့်ဖွင့်ရာတွင်လည်း
အချက်အလက်အမှန်ကို ဖြည့်သွင်းရန်လိုအပ်ပြီး တစ်ယောက်လျှင် အကောင့်တစ်ခုသာဖွင့်လှစ်နိုင်ကြောင်းနှင့်
ဆိုက်ဒ်၏လိပ်စာမှာ koalamultimedia.co.nr ဖြစ်ကြောင်း သိရသည်။
မိုးစက်
Myanmar Kyat Converter
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်