ရန်ကုန်မြို့ရှိ အရောင်းဆိုင်များ မ၀ယ်ခင်နှင့် ၀ယ်ယူပြီး တစ်မျိုးပြောင်းလဲ ဆက်ဆံ
         အောက်တိုဘာလ ၂၅ရက်၊ ညနေ ၃နာရီ အချိန်ခန့်တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း အောက်လမ်းရှိ Eastern Computer ဆိုင်တွင် service managerမှ customer တစ်ဦးအား မချေမငံ ပြောဆိုခဲ့ကြောင်း သိရသည်။
         Computer window တင်ရန်အတွက် service center သို့ လာရောက်သော customerကို service manager ဖြစ်သူက ဘာကိစ္စနဲ့ window တင်မှာလဲ၊ ဘာဖြစ်လို့ ပြန်တင်ချင်ရတာလဲ၊ စက်က ဘာမှမှမဖြစ်တာ ဟု ကုလားထိုင်တွင် ထိုင်ပြီး customerကို မတ်တပ်ရပ်စေကာ ရိုင်းပြစွာ ဆက်ဆံခဲ့ကြောင်း ယင်းcustomerက ပြောပြသည်။
         “ကျွန်တော်ပြောတာက မလုပ်ပေးနိုင်ရင် ပြတ်ပြတ်သားသား ကောင်းကောင်းမွန်မွန်ပြော၊ အခုဟာက သူက သူဌေးကျနေတာပဲ ထိုင်ရဲ့သား မိုက်ကပ်ကပ်နဲ့ ဘာဖြစ်တာလဲ၊ ညာလေးနဲ့ မလုပ်ပေးချင်တဲ့ ပုံစံနဲ့ ပြောတာ၊ ဖုန်းဆက်တုန်းက လာခဲ့လို့ ဆိုင်က ၀န်ထမ်းအမျိုးသမီးတစ်ဦးက ပြောလို့လာခဲ့တာပဲလေ၊ စက်က ရုပ်သံတည်းဖြတ်တဲ့ ဆော့ဖ်ဝဲတစ်ခု မှားဖြုတ်မိပြီး ပြန်သွင်းလို့ မရတော့လို့ window ပြန်တင်ချင်တယ်ပြောလဲ ဘာမှမဖြစ်ဘူးပဲ သူက ဇွတ်ပြောနေတာ သူတို့က ၀န်ဆောင်မှုပေးမှာလား တရားခံလိုစစ်မှာလား၊ မ၀ယ်ခင်ကတော့ ၀န်ဆောင်မှုပေးတာကောင်းနေပြီး ၀ယ်ပြီးတော့ အချိုးက တစ်မျိုးဖြစ်သွားတယ်”ဟု မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူ customer တစ်ဦးက ၄င်းကြုံတွေ့ခဲ့ပုံကို ပြန်ပြောပြသည်။
          ရန်ကုန်မြို့ရှိ အရောင်းဆိုင်တော်တော်များများဟာ ၀န်ဆောင်မှုအပိုင်းတွင် ညံ့ဖျင်းလာပြီး မ၀ယ်ခင်တွင်သာ ၀န်ဆောင်မှု ကောင်းကောင်းပေးကြပြီး ၀ယ်ယူပြီးချိန်တွင် တစ်မျိုးပြောင်းလဲ ဆက်ဆံလေ့ရှိကြောင်း ဈေးဝယ်သူအများစုက ဝေဖန်ပြောဆိုကြသည်။
         ယင်းမီဒီယာလုပ်ကိုင်သူ၏ အဆိုအရ ဆိုင်ကို customer complain တက်သော်လည်း အစတွင် ၀န်ထမ်းများက မန်နေဂျာနှင့် အတင်းတွေ့ခွင့်မပေးဘဲ တောင်းပန်မှုသာပြုလုပ်ခဲ့သည်။ service center မှ ၀န်ထမ်းတစ်ဦးက တောင်းပန်ခဲ့သော်လည်း ကျူးလွန်သူ ကာယကံရှင် မန်နေဂျာမှာမူ ဆင်းတွေ့ခြင်းမရှိခဲ့ကြောင်း နောက်ဆုံးတွင်မူ မန်နေဂျာဆိုသူ ၀န်ထမ်းအမျိုးသမီးတစ်ဦးက ကျေနပ်လောက်အောင် တောင်းပန်ခဲ့တယ်လို့ သိရှိရပါတယ်။
ကေ
0 မှတ်ချက်များ: