လက်ပံတောင်းတောင်အရေးနှင့် အချုပ်ကျနေသူများအတွက် နိုဝင်ဘာ ၂၈ရက်တွင် ထပ်မံဆန္ဒပြဦးမည်။

 လက်ပံတောင်းတောင်အရေးနှင့် ဖမ်းဆီးအကျဉ်းသားလွှတ်ပေးရေးအတွက် နိုဝင်ဘာ ၂ဂရက်နေ့ တွင် ပိုစတာများဖြင့် ထပ်မံဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့် ရေးနှင့် ဆန္ဒပြခေါင်းဆောင်းများကို ဖမ်းဆီးအချုပ်ချထားခြင်းမှ ပြန်လွှတ်ပေးရန်အတွက် ထပ်မံဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း ဗဟိုကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရသိရသည်။

ဗဟို ကျောင်းသား သမဂ္ဂ ဗဟိုအလုပ် အမှုဆောင် တွဲဘက် အတွင်းရေး ကိုမင်းသွေးသစ်က  “ကျနော်တို့ ဒီနေ့လုပ်ဖြစ်တဲ့ အကြောင်းက ၂ ချက်ရှိတယ်ဗျ၊ ပထမအချက်က လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ဖို့ရယ်၊ဒုတိယ အချက်က မနေ့က ဆန္ဒပြတဲ့အခါ ခေါင်းဆောင်တွေကို ဖမ်းဆီးအချုပ် ချထားတာကိုပြန်လွှတ်ပေးဖို့လုပ်ဖြစ်တာပါ”ဟု ဆန္ဒပြရခြင်းရည်ရွယ်ချက်ကို ပြောပြခဲ့သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့် ရေးနှင့် ဆန္ဒပြရာတွင် ဦးဆောင်သူများ ဖမ်းဆီး ထိန်းသိမ်း ခံထားရခြင်းနှင့် ပက်သက်၍ နိုဝင်ဘာလ ၂၇ရက်နေ့  ညနေ ၅ နာရီ ၃၀မိနစ် ၀န်းကျင်ခန့်  ရန်ကုန်မြို့၊ ပန်းဆိုးတမ်း လမ်းမကြီး တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆန္ဒထုတ်ဖော်ရာတွင် “လက်ပံတောင်းတောင် စီမံကိန်း ရပ်တန့်ရေး” “ဒို့အရေး”၊ “ဖမ်းဆီးအကျဉ်းသား လွှတ်ပေးရေး” “ဒို့အရေး” ဟုကြွေးကြော် ဆန္ဒပြခဲ့ကြောင်းနှင့် ၅ နာရီ ၄၅ မိနစ်ခန့်တွင် လူစုခွဲ၍ ပြန်လည်ထွက်ခွါသွားကြောင်း သိရသည်။  

သတင်းထောက်ကေ

0 မှတ်ချက်များ: