ဇန်န၀ါရီလ ၄ရက်နေ့ က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နယ်၊ ပရဟိတကျောင်းတွင် ၀ံလက် ဖောင်ဒေးရှင်းမှ ဦးဆောင်ပြုလုပ်နေသော အရပ်ဘက်ဆိုင်ရာ လူ့ အဖွဲ့ အစည်း အရည်အသွေးမြှင့်တင်ရေး ဆွေးနွေးပွဲကို သက်ဆိုင်ရာမှ တားဖြစ်လိုက်ကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သတ်၍ ဆွေးနွေးပွဲဖြစ်မြောက်ရေးတွင် ပါဝင်သူ Kyauk Phyu Social Network Groupမှ Coordinator ကိုထွန်းလွင်က "ကျွန်တော်က ဆွေးနွေးပွဲမှာ ပါဝင်နေတဲ့အတွက် ကျွန်တော့်ကို မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နုကတစ်ဆင့် စာပေးပြီး တားမြစ်တာဖြစ်ပါတယ်။ စာထဲမှာပါတာကတော့ ၀ံလက်ဖောင်ဒေးရှင်းက ပို့ ချနေတဲ့ လူထုအထောက်အကူပြု သင်တန်းနဲ့ ပတ်သတ်ပြီး မြို့ နယ် အထွေထွေအုပ်ချုပ်ရေးရုံးကို ဒီနေ့  ၁၀နာရီအရောက် လာရန် အသိပေးရမယ်ဆိုပြီး ပါရှိပါတယ်"ဟု ပြောသည်။
အဆိုပါ ဆွေးနွေးပွဲကို ဇန်န၀ါရီလ ၃ရက်နေ့ မှ စတင်ပြုလုပ်ခဲ့ပြီး ဒုတိယမြောက်နေ့ ၊ နံနက်ပိုင်းတွင် ကိုထွန်းလွင်ကို မြို့ နယ်အုပ်ချုပ်ရေးမှူးမှ ခေါ်ယူပြီး သင်တန်းပိတ်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုသို့  တားမြစ်ထားသော်လည်း ဆွေးနွေးပွဲမှာ လူငယ်စွမ်းအား မြင့်မားရေးအတွက် ပြုလုပ်ရခြင်းသာ ဖြစ်သဖြင့် ဆက်လုပ်သွားမည်ဖြစ်ကြောင်း သင်တန်းတွင် ဦးဆောင်ဆွေးနွေးသူ ခိုင်ကောင်းစံ၏ အဆိုအရ သိရသည်။
"ကျွန်တော်တို့  ၀ံလက်ဖောင်ဒေးရှင်းက ဦးစီးပြီး လူထုအခြေပြု ဆွေးနွေးပွဲက ၅ရက်သတ်မှတ်ထားတာ၊ ၃ရက်နေ့ ကစတာပါ၊ ဒီနေ့ ၎ရက်မှာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လင်းအောင်အမိန့် နဲ့  မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နုက စာပေးပြီး တာမြစ်လာပါတယ်။ ခရိုင်ဥက္ကဌက တားမြစ်တဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ က ဆက်ပြီး ဆွေးနွေးပွဲ လုပ်သွားမှာပါ။"ဟု ခိုင်ကောင်းစံက ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲကို ကျောက်ဖြူ ကျေးလက်ဒေသနှင့် မြို့ ပေါ်မှ လူငယ်များ စုစုပေါင်း ၃၆ဦး တက်ရောက်နေကြောင်း သိရသည်။
ကေ
ကျောက်ဖြူက ဆွးနွေးပွဲကို သက်ဆိုင်ရာမှ တားမြစ်
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်