ပန်းဘဲတန်း ဒီချုပ်ရုံးခန်းတွင် အိပ်ဆေးခတ် အဓမ္မပြုကျင့်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးခန်းတွင် ဇန်န၀ါရီလ ၃ရက်နေ့ က အသက်၂၅နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအား အိပ်ဆေးခတ်၍ သားမယားပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ပန်းဘဲတန်းမြို့ နယ်၊ ဒီမိုကရေစီအဖွဲ့ ချုပ်ရုံးခန်းတွင် ပညာဒါနကျူရှင် လွတ်လပ်ရေးနေ့ အကြို စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲ အပြီးတွင် ယင်းပါတီအဖွဲ့ ဝင် ဥပဒေနောက်ဆုံနှစ် ဖြေဆိုထားသူ ကိုခင်မောင်ထူး (ခ) ကိုသားကြီး (ခ) ဆိုဖီရင်း (အသက် ၂၂နှစ်)က အဆိုပါ ပညာဒါနကျောင်းတွင် တက်ရောက်သင်ကြားနေသူ အသက်၁၅နှစ်အရွယ် ၁၀တန်းကျောင်းသူတစ်ဦးကို ကိုကာကိုလာ အချိုရည်ဗူးထဲတွင် အိပ်ဆေးခတ်ကာ အလိုအတူ သားမယားပြုကျင့်ခဲ့ကြောင်း သိရသည်။

"အဖွဲ့ အစည်းတစ်ခုလုံးကို မဆိုလိုချင်ပါဘူး၊ ကလေးက စာမေးပွဲဖြေတော့မှာ၊ အဲဒီပန်းဘဲတန်းပါတီက တာဝန်ရှိသူတွေ လစ်ဟင်းလို့  ဒီလိုကိစ္စတွေဖြစ်ရတာ၊ ဒါကို မကျေနပ်ဘူး"ဟု မိန်းကလေး၏ ဦးလေးဖြစ်သူက ဆိုသည်။


ပန်းဘဲတန်းမြို့ နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ တာဝန်ရှိသူများသည် သုံးရက်ကြာသည်အထိ လာရောက် တွေ့ ဆုံညှိနှိုင်းခြင်း မရှိသေးကြောင်း၊ ထို့ အပြင် စွပ်စွဲခံရသူ ကိုခင်မောင်ထူး (ခ) ကိုသားကြီး မိသားနှင့်လည်း တွေ့ ဆုံ ညှိနှိုင်းခြင်း မရှိကြောင်း မိန်းကလေး၏ မိသားစုဘက်မှ ပြောသည်။

ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသူ ကိုခင်မောင်ထူး၏ မိသားစုဝင်တစ်ဦးက "ရည်းစားဖြစ်တယ်ဆိုတာ ကျွန်တော်တို့ လည်း မသိပါဘူး၊ အခုထိ သူနဲ့  မတွေ့ ရသေးတဲ့အတွက် ကျွန်တော်တို့ ဘက်က ဘာမှမပြောနိုင်ဘူး"ဟု ပြောကြားခဲ့သည်။

အဆိုပါ ကိစ္စရပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ Imageကို ထိခိုက်စေနိုင်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဌလည်းဖြစ်၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်းဖြစ်၊ လူထုခေါင်းဆောင်တစ်ဦး၏ မြို့ လယ်ခေါင် ပါတီရုံးခန်းတွင် ဖြစ်ပွားခြင်းမှာ တရားဥပဒေမဲ့ လုပ်ရပ်တစ်ခုအဖြစ်သာဖြစ်ကြောင်း၊ ယခုချိန်ထိ မတရားခံရသူ မိသားစုနှင့် တွေ့ ဆုံ ညှိနှိုင်းမှု မရှိသေးခြင်းတို့ မှာ တာဝန်ခံမှု ကင်းမဲ့ခြင်းတို့ သာ ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူတစ်ဦးက သုံးသပ် ပြောဆိုခဲ့သည်။

ယင်းကိစ္စရပ်နှင့် ပတ်သတ်၍ အမျိုးသားဒီမိုကရေစီ ရုံးချုပ်မှ ယနေ့  ရှင်းလင်းပြောဆိုချက်ကို Popular News ဂျာနယ်၏ Facebook စာမျက်နှာတွင် ရန်ကုန်တိုင်း ဒီချုပ်အဖွဲ့ မှ ဦးလှသိန်းက ၄င်းတို့ အနေဖြင့် စစ်ဆေးနေကြောင်း ကောင်လေးနှင့် ကောင်မလေးတို့ မှာ ရည်ငံနေသည်ဟု သိရကြောင်း အမှုဖွင့်ထားသည့် ကိစ္စအသေးစိတ်ကို ထပ်မံစုံစမ်းဆဲဖြစ်သည်ဟု ဖော်ပြထားသည်။

အမှုနှင့် ပတ်သတ်၍ ပန်းဘဲတန်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်းမှ ကိုခင်မောင်ထူး (ခ) ကိုသားကြီး (ခ) ဆိုဖီရင်းအား (ပ) ၈/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးမှ သိရသည်။

ကေ

0 မှတ်ချက်များ: