ကချင်ပြည်နယ်အတွင်း အစိုးရတပ်ဘက်မှ ဓာတုလက်နက်များ သုံးစွဲခဲ့သည်ဟု ကချင်လွတ်မြောက်ရေးတပ်မှ အခိုင်အမာ စွပ်စွဲ ပြောဆိုခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း ပြည်တွင်းစစ်တွင်းတွင် အစိုးရတပ်မှ လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများနှင့် ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်မှူးကြီး ဂျိမ်းလွမ်ဒေါင်းက မီဒီယာများမှတစ်ဆင့် စွပ်စွဲ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယင်းစွပ်စွဲချက်နှင့် ပတ်သတ်၍ အစိုးရဘက်မှ ငြင်းဆိုထားသည်။
"ကျွန်တော်လည်း တပ်ထဲမှာ နှစ်၂၀ကျော်ကြာ အမှုထမ်းခဲ့တယ်၊ တပ်မှာ သင်တန်းတွေ တက်ခဲ့ဖူးတယ်၊ စစ်လက်နက်တွေအကြောင်းလဲ သင်ခဲ့ဖူးတယ်၊ ဒါပေမယ့် ဘယ်တုန်းကမှ ဓာတုလက်နက်တွေ ရှိတယ်လို့  မကြားခဲ့ဖူးသလို တွေ့ လည်းမတွေ့ ဖူးဘူး၊ ကေအိုင်အိုဘက်ကသာ စခန်းတွေ ဆုံးရှုံးခဲ့ရပြီးနောက်မှာ အခုလို စွပ်စွဲချက်တွေကို လုပ်လာတာပါဟု" ပြန်ကြားရေး ဒုတိယ၀န်ကြီးက ကေအိုင်အို၏ စွပ်စွဲချက်အပေါ် ချေပပြောဆိုခဲ့သည်။
ကေအိုင်အိုမှ ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်ဒေါင်းကတော့ လက်ရှိမှာ နှစ်ဘက်တိုက်နေကြပေမယ့် လက်ရှိအစိုးရဟာ သူတို့ ရဲ့  အစိုးရပဲဖြစ်ကြောင်း၊ ကချင်ပြည်နယ်ဟာလည်း မြန်မာနိုင်ငံထဲမှာသာ ရှိကြောင်း၊ ကိုယ်လုပ်သည့် ကိစ္စကို မလုပ်ဘူးဟု မျက်စိမှိတ် ပြောဆိုနေခြင်းအပေါ် စိတ်မကောင်းကြောင်း ပြောခဲ့သည်။
အစိုးရတပ်ဘက်တွင် ဓာတုလက်နက်များ သုံးခဲ့သည်မှာ မှန်ကန်ပါက နိုင်ငံတကာက ချက်ခြင်းသိနိုင်ပါတယ်ဟု ဒုဝန်ကြီးက ပြောကြားခဲ့သည်။
မိုးစက်
ကချင်ပြည်နယ်အတွင်း အစိုးရတပ်မှ ဓာတုလက်နက်သုံးခဲသည်ဟု ကေအိုင်အိုမှ စွပ်စွဲ
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်