အင်ဒိုငါးဖမ်းစက်လှေပေါ်သို့ ရောင်းစားခံရဆဲမြန်မာအလုပ်သမားများ လွတ်မြောက်

ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးေ ထာက်လှမ်းရေးတပ်ဖွဲ့ DSI, မြန်မာသံရုံး အလုပ် သမားကူညီစောင့်ရှောက်ရေးအသင်း, ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့်ဘန်ကောက်မြို့အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင် ငံသားများအဖွဲ့ MAT တို့ ၂၀၁၃ ခုနှစ်အတွက်ပထမဦးဆုံးပူးပေါင်း ဆောင်ရွက်ခဲ့သည့်အောင်မြင်မှုဖြစ်သည်။

အလုပ်သမားများနှင့်အတူ အသက် ၅၁ နှစ်အရွယ် ဂိုဏ်းခေါင်းဆောင်မြန်မာအမျိုးသမီးတစ်ဦး နှင့်အတူ သူမထံသို့ လူလာပို့သည့် ပဲခူးမြို့နယ် ကျွဲခြင်းရွာ မှ အသက်၂၆အရွယ် ပွဲစား ကိုလင်းလင်း တို့ကိုပါ ဖမ်းဆီးနိုင် ခဲ့သည်။ ပြန်လည်လွတ်မြောက်လာသည့် ပဲခူးတိုင်း ဖြူးက ကိုမျိုးနိုင်ဦး က

“ ကျနော်တို့ ကိုအလုပ်ကောင်းေ ကာင်း ရမယ်ဆိုပြီး ပွဲစား ကိုလင်းလင်းက လိမ်ခေါ်လာတယ်။ သူက ကျနော်တို့ကို တစ်ယောက် ဘတ် ၈၅၀၀ နဲ့ ပွဲစားမကြီး ဒေါ်နီစိုး ကိုရောင်းတယ်။ ဒေါ်နီစိုး က အင်ဒိုနီးရှားလှေကို တစ်ယောက်ကို ဘတ်ငွေ ၂၇၀၀၀ စီနဲ့ ရောင်းမယ်ပြင်ထားတယ်။ နောက် နာရီဝက်လောက် နောက်ကျရင် ကျနော်တို့ အင်ဒိုလှေ ကိုရောက်သွားမယ်။ ကျနော်တို့ ဦးကျော်သောင်းကို အဆက်အသွယ်ရခဲ့တယ်။ သူညွှန်ကြားတဲ့ အတိုင်း ကျနော် လုပ်ဆောင်ခဲ့တယ်။ ကူညီကြသူတွေကို အလွန် ကျေးဇူးတင်ပါတယ်ဗျာ” ဟုပြောသည်။

ကူညီရေး ဆရာတော် ဦးဇောတိ က ထံသို့ မခင်ဦးဆွေက ဦးစွာ အဆက်အသွယ်ရရှိခဲ့ပြီး မှ MAT အဖွဲ့ သို့ ဆက်သွယ်အကူညီတောင်းခံခဲ့ကြောင်း လွတ်မြောက်လာသူများက ပြောသည်။
ပြန်လမ်းအထူးနည်းပါးပြီး ကာလကြာမြင့်စွာ အလုပ်လုပ်ရသည့် အင်ဒိုနီးရှားငါးဖမ်းစက်လှေ ပေါ် သို့ ရောင်းစားခံရဆဲအလုပ်သမား ၇ဦးတို့ အား လူကုန်ကူးမှုပူးတိုက်ဖျက်ရေးပူးပေါင်းအဖွဲ့တို့က လက်မတင် အချိန်တွင်း ကယ်တင်နိုင်လိုက်ကြောင်း သိရှိရသည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက

“ ၂၀၁၃ နှစ်ဆန်း ၁ရက်နေ့ဖြစ်နေတယ်။ ထိုင်းအစိုးရ ရုံးတွေအလုပ်မလုပ်သေးတဲ့နေ့ဖြစ်နေတယ်။ အလုပ် သမားတွေကလည်းအလွန်စိုးရိမ်စရာဖြစ်နေတယ်။ ယောက်ျားလေးတွေကအင်ဒိုလှေကိုရောက်ဖို့ ကိန်းသေနေပြီ၊မိန်းကလေး၂ ယောက်ဘယ်ရောက် မယ်ဆိုတာမရေရာ ဖြစ်နေတယ်။ ကျနော် သူတို့ အတွက် အတော်စိတ်ပူနေမိတယ်။ ပွဲစားတွေဆိုတာက အုပ်စုလိုက်လုပ်ကြတာ။ တစ်ညလုံး ကျနော် အလုပ် သမားတွေနဲ့ စကားပြောလို့ရသလောက်ပြောနေတယ်။ မနက်မိုးလင်းတော့DSIနဲ့ အဆက်အသွယ်လုပ်ပြီးအားချင်းစီစဉ်နိုင်ကြတယ်။အလုပ်သမားတွေကကိုယ် ရောက်နေတဲ့ နေရာကို အသေ အချာ မပြောနိုင်တာကြောင့် ကျနော်တို့ အချိန်အတော်ကြာသွားခဲ့တယ်” ဟုပြောသည်။

ယခု ကယ်တင်လာခဲ့သူများမှာ (၁) မျိုးနိုင်ဦး အသက် ၃၃ နှစ် ဖြူး(ပဲခူးတိုင်း) ပတ်စပို့ အမှတ် TAO-37119 (၂) ဝေယံ အသက် ၂၄ နှစ် နေပြည်တော် ပတ်စပို့ အမှတ် TAO - 49458 (၃) မြင့်ဇေါ် အသက် ၂၃ နှစ် နေပြည်တော် ပတ်စပို့ အမှတ် TAO-37187 (၄) ဇေါ်မင်းထက် အသက် ၁၉ နှစ် ပဲနွယ်ကုန်(ပဲခူးတိုင်း) ပတ်စပို့ မမှတ်မိ (၅) မသီတာစိုး အသက် ၃၅ နှစ် ကြို့ပင်ကောက်(ပဲခူးတိုင်း) ပတ်စပို့ အမှတ် TAO- 64996 (၆) မခင်ဦးဆွေ အသက် ၂၃ နှစ် တောင်ငူ( ပဲခူးတိုင်း) ပတ်စပို့ အမှတ် TAO - 48781 (၇) ညှန်း အသက် ၂၃ နှစ် ကမ္ဘောဒီယားနိုင်ငံသား အမျိုးသား တစ်ဦး တို့ ဖြစ်ကြကြောင်း သိရှိရသည်။

လွတ်မြောက်လာကြသူများသည် ၂၀၁၂ ခုနှစ် ဇွန်လ၉ ရက်နေ့က Human Resource International Co,Ltd (HRI)ကုမ္ပဏီဖြင့် ထိုင်းနိုင်ငံအတွင်းသို့ဝင်ရောက်လာခဲ့ကြသည့် အလုပ်သမား၃၇၃ ယောက်အထဲမှ ဖြစ်ကြောင်း အလုပ်သမားများကပြောသည်။ အလုပ်ပင်ပန်းပြီးလုပ်အားခနည်းပါးသဖြင့်အလုပ်သစ်ရှာကြရာ မှ ယခုကဲ့သို့ ရောင်းစားခံခဲ့ရခြင်းဖြစ်ကြောင်း မခင်ဦးဆွေ ကပြောသည်။ အလုပ်သမားများ တရားဝင် ဆက်လက်အလုပ် လုပ်ကိုင်ခွင့်ရရှိရေးအတွက် မြန်မာသံရုံး အလုပ်သမား သံ အရာရှိထံသို့ အကူညီတောင်းခံထားကြောင်း ဦးကျော်သောင်းကပြောသည်။ပွဲစား၂ဦးကိုထိထိရောက် ရောက် အရေးယူနိုင်ရန်အတွက် မြန်မာပြည်သို့ ပို့ဆောင်နိုင်အောင် စီစဉ်မည်ဖြစ်ကြောင်း ဦးကျော်ကျော် လွင် ကပြောသည်။

http://socialactionforwomen.blogspot.com/2013/01/blog-post_2238.html

0 မှတ်ချက်များ: