ဇန်န၀ါရီလ ၅ရက်နေ့  နံနက်၎နာရီအချိန်ခန့် က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့ နယ်၊ ကျောက်မြောင်းရှိ မလွှကုန်းလမ်း၊ အမှတ်၈၄၊ ပထမထပ်တွင် လူတစ်ဦးက ၄င်းနေအိမ်ကို မီးရှို့ မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။
ဖြစ်စဉ်နှင့် ပတ်သတ်၍ အချင်းဖြစ်နေရာအနီးတွင် နေထိုင်သူတစ်ဦးက "အဲ့ဒီလူက ဆေးကြောင်ပြီး သူ့ အမေအိပ်တဲ့ အိပ်ယာကို မီးနဲ့  ရှို့ တယ်လို့  ကြားတယ်၊ တော်သေးတာက အိပ်ယာနဲ့  ခေါင်းအုံးတွေပဲ မီးလောင်သွားပြီး သူ့ အမေလည်း ဘာမှမဖြစ်ဘူး၊ ဆုံးရှုံးမှုတန်ဖိုးကလည်း ငါးထောင်လောက်ပဲရှိတယ် ကြားတယ်။"ဟု ဆိုသည်။
တာမွေမြို့ နယ် မီးသတ်တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရှို့ မီးဟုတ်ကြောင်း၊ မီးသတ်မှ ရောက်ရှိချိန်တွင် ခေါင်းအုံးကို မီးရှို့ တာတွေ့ ပြီး၊ ၄င်းကိုယ်တိုင်လဲ မီးရှို့ သည်ဟု ၀န်ခံကြောင်း ပြောပြသည်။
မီးလောင်ရာသို့  တာမွေမြို့ နယ် မီးသတ်တပ်ဖွဲ့ မှ မီးသတ်ယဉ် ၂စီး လာရောက်ငြိမ်းသတ်ခဲ့ပြီး မီးရှို့ သူအား သက်ဆိုင်ရာမှ ထိန်းသိမ်းခေါ်ဆောင်သွားကြောင်း သိရသည်။
ကေ
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်