ဇန်န၀ါရီလ ၃ရက်နေ့ ၊ မွန်းလဲ ၁၂နာရီကျော်ခန့် က ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့ နယ်အတွင်းရှိ ပညာဒါနကျောင်းတစ်ခုတွင် ကျောင်းတာဝန်ခံက ကျောင်းသူလေးတစ်ဦးအား အဓမ္မပြုကျင့်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ပန်းဘဲတန်းမြို့ နယ် ရဲတပ်ဖွဲ့ မှ သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ပန်းဘဲတန်းမြို့ နယ် အနော်ရထာလမ်းပေါ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)၏ ပညာဒါနကျောင်းတွင် ကျပန်းစကားပြောပြိုင်ပွဲကျင်းပပြီးချိန်တွင် အဆိုပါ ပညာဒါနကျောင်းမှ ကျောင်းတာဝန်ခံ ခင်မောင်ထူး(ခ)သားကြီးက ကိုကာကိုလာအချိုရည် သံဗူးထဲတွင် မူးမေ့တတ်စေသော ဆေးထည့်တိုက်၍ မူးမေ့နေစဉ် အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
ယင်းအမှုနဲ့  ပတ်သတ်၍ ကာယကံရှင်က မကျေနပ်သဖြင့် ပန်းဘဲတန်းမြို့ နယ် ရဲတပ်ဖွဲ့ စခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
ကေ
NLD ပညာဒါနကျောင်း တာဝန်ခံက ကျောင်းသူကို အဓမ္မပြုကျင့်
Subscribe to:
Post Comments (Atom)
0 မှတ်ချက်များ:
မှတ်ချက်ပြုရန်